Tuesday, July 6, 2021

🐞 မင်းမဲ့ဝါဒ Anarchism 🐞


မင်းမဲ့ စရိုက်လက္ခဏာကို
စကိဝိုင်းထဲမှာ A လက္ခဏာထဲ့ပြီး
အနီရောင်နဲ့ ပြလေ့ရှိတယ်၊
A = Anarchism
အနီရောင်ကတော့ ရဲရဲတောက်တာရယ်
( ကွန်မြူနစ် ) အတွေးအခေါ်ကို ကိုယ်းစားပြုတယ်၊
နာဇီတွေက စင်္ကြာပုံကိုသုံးသလိုမျိုး၊

....................

😎   á€™á€„á€şá€¸á€™á€˛á€ˇá€á€Ťá€’ ဖြစ်နေ
         Existence of Anarchism  

သာမာန်ဆန္ဒပြတာမျိုးမဟုတ်တော့ဘူး
ဖျက်ဆီးတာ၊ လက်နက်သုံးစွဲတာ၊ မီးရှို့တာ
လူသတ်တာတွေဟာ မင်းမဲ့ဝါဒီ လက္ခဏာတွေပါ
မြင်ရတဲ့ အခြေအနေကို သုံးသပ်ရရင်
မင်းမဲ့စရိုက်ဟာ Full scale ဆိုတဲ့ အမြင့်ဆုံး
ရွက်ကုန်ဖွင့် အဆင့်လို့တောင် ပြောလို့ရတယ်၊

ဒိထက်ပြင်းလာပြီး အင်အားမတိမ်းမယိမ်း
ဆိုရင်တော့ ပြည်တွင်းစစ် ဖြစ်ဖို့ပဲ ကျန်တော့တယ်၊
May, June (၂) လဟာ ဒီဂရီအမြင့်ဆုံးလို့ မှန်းပါတယ်
June လစတုတ္ထပါတ်အတွင်း ခပ်ကြမ်းကြမ်း
က်ုင်တွယ်လိုက်တဲ့ နောက်ပိုင်း အရှိန်ကျသွားတာ
သတိထားမိတယ်၊

မီးညွန့်ကျိုးတယ်လို့ပဲ ပြောလို့ရလိမ့်မယ်
ဖမ်းမိနေတဲ့ လက်နက်တွေအရ... အခြေအနေပေးရင်
" ဝုန်းကနဲ " တချက်ထတောက်မဲ့ မီးလို့မြင်တယ်၊
စိုးရိမ်မိတာက.....
သာမန်တတောင့်ချင်းပစ် သေနတ်တွေမဟုတ်ပဲ
ခေတ်မီမောင်းပြန်တွေကို အမြောက်အများ
ကြိုတင် စုဆောင်းထားနိုင်တာပါ၊ 
လက်လုပ်မိုင်း မဟုတ်တော့ပဲ လောင်ချာအဆင့်
တရုတ်လုပ် လက်ပစ်ဗုံး... စတဲ့ အလတ်စားအဆင့်တွေ
အသုံးပြုလာနှိုင်တာဟာ... သမိုင်းမှာ
ပထမဦးဆုံးလို့ ပြောရလိမ့်မယ်၊

သတိထားပါ
မီးညွန် ယာရီကျိုးတာပါ
လေအပင့်မှာ ဝုန်းကနဲ ထတောက်ပါလိမ့်မယ်၊
( နက္ခတ်အရလဲ ရှုံးကြက်ဖြစ်ပေမဲ့ တချက်ထပ်အခွတ်က
   á€Ąá€á€ąá€Źá€şá€•ဟင်းထန်ပဟဎး ဒါဏ်ရာရစေလိမ့်မယ်လို့
   á€Ąá€Ÿá€ąá€Źá€‘ွက်ထဏးတဏ ရှိနေတယ် )

...................

😎   á€á€›á€Źá€¸á€á€śá€˜á€šá€şá€žá€°á€œá€˛ ?
         Who is responsible ?

ဖြစ်ရပ် အားလုံးရဲ့ ရေသောက်မြစ်က
"၂၀၂၀" မဲမသမာမှုပါ၊ ဒိထက်ပိုပြောရရင်
တပ်မတော်က ညှိနှိုင်းတာကို လက်မခံ ငြင်းပယ်သူက
အားလုံးရဲ့ ပင်ရင်းပါပဲ၊

တော်ရုံတိုက်ဆိုင်မှု နှစ်ခု၊ သုံးခုလောက်ဆိုရင်လဲ
ကြိုးစားပြီးဖြည့်တွေးပေးလို့ရပါသေးတယ်၊
(၁၉၈၈) နောက်ပိုင်း အစိုးရကိုပဲ ဆန့်ကျင်တာကို
အပြစ်လို့ မမြင်ပါ၊ နိုင်ငံနိမ့်ကျအောင် Sanction 
လုပ်ခိုင်းတာမျိုးမှာ သဘောမကျတော့ဘူး၊
နောက်တခါ... ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်ဆိုရင်လဲ
မပြောချင်သေးပြန်ဘူး၊ မက်ဒရင်း အောဘရိုက်
ခိုင်းတာကို လုပ်နေတာကြတော့ မဟုတ်တော့ဘူး၊

အခြားနိုင်ငံတခုရဲ့ န်ုင်ငံခြားရေးဝန်ကြီး
ခိုင်းတာဟာ ဘယ်သူ့အတွက်ဖြစ်ပါမလဲ ?
ဘွဲ့ကြီးကြီး ရစရာမလိုပါ၊ အရွယ်တခုရလာရင်
Logical thinking ဆိုတာ အလိုအလျောက် တတ်လာရတဲ့
အတတ်ပညာဖြစ်ပါတယ်၊

ဆန့်ကျင်တယ်
ကောင်းပြီ... ဘယ်သူ့အတွက်ဆန့်ကျင်တာလဲ ?
ရှေ့မှာ ကက်စထရို၊ ချေဂွေဗားရား၊ မင်ဒဲလားတို့
ရှိထားပါတယ်၊ သူတို့ဘယ်လိုလုပ်သွားကြသလဲ ?
နှုတ်က ဘယ်လိုပြောပြော
လုပ်ရပ်ကပဲ စကားပြောပါတယ်
လုပ်ရပ်ကို အဓိပ္ပါယ်ဖေါ်ထုတ်လို့ရတယ်၊

၁၉၈၈ အစပိုင်း နိုင်ငံကိုနစ်နာစေခဲ့တာကစလို့
အစိုးရဖြစ်တဲ့ ငါးနှစ်တာ အလယ်မှာ ဘာတွေလုပ်ခဲ့သလဲ
အစိုးရအဖြစ်က ဖယ်ရှားခံရတဲ့ နိဂုံးပိုင်းအထိ
ဘာတွေစီမံခဲ့ပါသလဲ ?
Logically ရော၊ အထောက်အထားတွေရော
အများင်္ကြးပါပဲ၊

..................

😎   á€€á€źá€­á€Żá€á€„်မစဎစဉ်ပဲနဲအ ဖြစ်မလာဘူး
         Not taken place without plan.

CDM network မှာ ကျန်းမာရေး၊ အနုပညာရှင်၊ ပညာရေး
ဘဏ် စတာတွေမှာ ကွန်ယက်နဲ့ ချက်ခြင်း တုန့်ပြန်နှိုင်ခဲ့တယ်၊
တနိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်နိုင်ခဲ့တယ်
လက်နက်တွေ ဘယ်ကရလဲ ?
ငွေ ဘယ်ကရလဲ
အဆက်အသွယ်ကရော ?
ဒါတွေဟာ အစိုးရဖြစ်စဉ်၊ အာဏာရှိစဉ်မှာမှ
လုပ်လို့ရတဲ့ အလုပ်မျိုးပါ၊

ဒါဆိုရင်
ကြိုတင်မျှော်တွေးပြီး လုပ်ခဲ့တဲ့ ပြည်ဖျက်စီမံကိန်းဆိုတာ
ငြင်းလို့ရမယ်မဟုတ်တော့ပါဘူး၊

တိုင်းရင်းသားနဲ့မပေါင်းရင်
အစိုးရဖွဲ့လိုမရဘူး၊ တိုင်းရင်းသားကိုလဲ အာဏာ
ခွဲမပေးချင်တော့... မဲမသမာမှုကိုလုပ်တာတခုပဲ
ရှိတော့တယ်၊ လောင်းကြေးကြီးခဲ့တာများ၊
ဒါတောင် ကံတရားကရှိနေလိုက်သေးတယ်
တပ်က ညှိသေးတယ်၊ လောဘကြီး၊ အတွက်မှားလွန်းလို့
ဖြစ်ခဲ့ရတာ၊ မိုက်လုံး ကြီးလွန်းလို့ ဖြစ်ရတာ၊
နည်းနည်းလေးလောက်သာ လိမ္မာလိုက်ရင်
တ်ုင်းပြည် တကယ်ပျက်ပြီ၊

................

😎  အဆိုးထဲက အကောင်း
       Good from the bad.

လောလောဆယ်
မင်းမဲ့စရိုက် မပြီးသေးဘူး
Covid ကလဲ အားကောင်းလာတယ်
(၅) နှစ်ဖျက်ခဲ့သမျှ ကမ္ဘာ့ နိုင်ငံ (၂၀၀) အနက်
အားလုံးက + Gdp ဖြစ်ကြပေမဲ့
- GDP (၂) နိုင်ငဲမှာ မြန်မာပါသွားတယ်၊

( နောက်မှ ဦးသန်းရွှေ၊ ဦးသိန်းစိန် အစိုးရ​ကြောင့်
   á€†á€„á€şá€¸á€›á€˛á€›á€á€Źá€•á€Ťá€œá€­á€Żá€ˇ မပြောနဲ့ )

CDM ကြောင့် ကျန်းမာရေး ဝန်ထမ်းတွေ အများကြီး
ထွက်သွားတယ်၊ အခု ကိုဗစ်က ပိုပြီး ကူးစက်
မြန်တာကြောင့် .... Medical shutdown ဖြစ်မှာ
စိုးရိမ်ရတယ်၊ အဲ့လိုဖြစ်လာရင် ပိုဆိုးတဲ့ အခြေအနေကို
ရင်ဆိုင်ရမှာ ဖြစ်ပြီး လူမှုစီးပွားပြသနာက
အစိုးရကိုအထိ ခြိမ်း​ခြောက်မှု ဖြစ်လာနှိုင်တာကိုလဲ
သတိထားရလိမ့်မယ်၊

မြန်မာ့စီးပွားရေးကတော့
​မြောင်းထဲရောက်သွားပြီ၊ 2020 gdp လဲ minus ပဲ
ရှိနေလိမ့်ဦးမယ်၊

ပြည်သူ၊ အစိုးရ၊ လုပ်ငန်းရှင်တွေအားလုံး
အကြပ်အတည်းကြားက ဝိုင်းရုန်းကြတာပေါ့လေ၊
အဆိုးထဲက အကောင်းတခုကတော့
တန်ဘိုးမဖြတ်န်ုင်ပါဘူး၊
စေတန်နိဂုံးချုပ်သွားတာနဲ့ တိုင်းပြည်
တစချင်းဖြစ်မသွားတာက အဆိုးထဲက
အကောင်း ဖြစ်ပါတယ်၊

အနာဂါတ်နိုင်ငဲ
ဒါမျိုးထပ်မဖြစ်အောင်
သမိုင်းအမှန်ကို စာမျက်နှာတော့တင်စေချင်ပါတယ်။

#နေဇင်လတ်  (  6.7.21 ) 🐬

Related Posts: