Tuesday, July 6, 2021

ဒီစာဟာ သွားလေသူ ကျွန်မအဖေ့ရဲ့နောက်ဆုံးကျန်ခဲ့တဲ့ ဂုဏ်သိက္ခာအတွက် ရေးရခြင်းဖြစ်ပါတယ်...


ကျွန်မအဖေဟာ ၄.၇.၂၀၂၁ခုနှစ်မှာ အမည်မသိလူနှစ်ဦးရဲ့ အနီးကပ်သတ်ဖြတ်ခြင်းကြောင့် ဆုံးပါးခဲ့ရပါတယ်။ သူတို့သတ်လိုက်တာက အဖေတင်မဟုတ်ပဲ ကျန်ရစ်သူမိသားစုရဲ့ ဘဝပါ ရှင်လျက်နဲ့ သေသွားတာပါ။

သမီးကြီးတစ်ယောက်အနေနဲ့ ကိုယ့်အဖေအတွက် အမှန်တရားကို ပြောရဲရမယ်လို့ ယူဆလို့ ယုံကြည်လို့ (ကျွန်မလို အနေအထားနဲ့ မီဒီယာကြီးတွေ အဖွဲ့စည်းကြီးတွေကို အားချင်းမယှဉ်နိုင်ပေမယ့်) ပြန်ရှင်းပြပေးမှာပါ။

သူတို့ဟာ ကျွန်အဖေကို စစ်တပ်သတင်းပေးလို့ ယိုးစွပ်ပြီး သတ်ပစ်ခဲ့တာပါ။ ဒီနေရာမှာ သူတို့ရေးသားထားတဲ့တစ်ချက်ချင်း မှန်ခြင်းမှားခြင်း တစ်ခုခြင်းစီ ပြန်ပြောပါ့မယ်။

၁။ တပ်ထွက်စစ်မှုထမ်းဟောင်း
မှန်ပါတယ်။ အဖေက ၁၉၇၃မှ ၂၀၀၆ခုနှစ်ထိ စစ်တပ်မှာ တာဝန်ထမ်းခဲ့တာပါ။

၂။ အုပ်ချုပ်ရေးမှူးဟောင်း
ဒါလည်း မှန်ပါတယ်။ အဖေက ၂၀၀၇ကနေ ၂၀၁၈ထိ ရှင်စောပုရပ်ကွက်မှာအုပ်ချုပ်ရေးမှူးလုပ်တာပါ။ ၂၀၁၈နောက်ပိုင်း ရိုးရိုးcompanyဝန်ထမ်းပါ။ 

၃။ စစ်တပ်သတင်းပေး 
(လုံးဝ) လုံးဝ မဟုတ်ပါ။ ကျွန်မအသက်နဲ့ လောင်းကြေးထပ်ပြီးကျိန်ရဲပါတယ်။

ကျွန်မတို့အိမ်ကို မတ်လနှောင်းပိုင်းမှာ လူအုပ်စုလိုက်ကြီး (၂၅ယောက်ခန့်) ခဲတွေနဲ့ဝိုင်းပေါက်ကြလို့ မှန်တွေပြတင်းပေါက်တွေ အကုန်ကွဲကုန်ပါတယ်။ အဲ့လောက်ဖြစ်တာတောင် အဖေက ဘယ်စစ်တပ် ဘယ်သူ့ကိုမှ ဘာမှတိုင်ခြင်းပြောခဲ့ခြင်းမရှိပဲ နောက်တစ်နေ့မနက်မှာပဲ ဝေါမှာရှိတဲ့ အမေ့မောင်လေးအိမ်မှာ အမေနဲ့အတူတူသွားရှောင်နေခဲ့တာ နှစ်ဆန်း (၂)ရက်နေ့ <ဧပြီလ ၁၈ရက်နေ့> အထိဖြစ်ပါတယ်။ ရပ်ကွက်ထဲမှာရှိတဲ့ ကြိုက်တဲ့အိမ်ကို လိုက်မေးနိုင်ပါတယ်။ 

သူတို့ရေးထားသလို ဧပြီလ (၉)ရက်နေ့ ပဲခူးဖြစ်စဉ်အတွက်လည်း ဘာကိုမှ သတင်းပေးခဲ့တာမျိုးမရှိသလို ဧပြီလ (၁၀)ရက်နေ့ ကျိုက်ပဒိုက်ကျေးရွာမှာ ပြည်သူတစ်ဦးသတ်တဲ့ဖြစ်စဉ်မှာလည်း လုံးဝပါဝင်ခဲ့ခြင်းမရှိပါ။ အဖေကိုယ်တိုင်ကကို အဲ့ဖြစ်စဉ်တွေဖြစ်တဲ့ချိန်မှာ ပဲခူးမှာလုံးဝရှိမနေပါဘူး။ ဝေါမှာရောက်နေတာပါ။ 

အဖေ့ကို စိတ်ပူတဲ့သူတွေက တခြားနေရာမှာဆက်ရှောင်နေဖို့ပြောပေမယ့် အဖေက “ကျွန်တော်ဘယ်သူ့ကိုမှ ဒုက္ခရောက်အောင်လုပ်ထားတာလည်းမရှိဘူး။ကျွန်တော့်လိပ်ပြာလုံတယ်။ ကျွန်တေိာ့ကိုလည်း ဒုက္ခရောက်အောင်ဘယ်သူမှ လုပ်မှာမဟုတ်ပါဘူး”လို့ အမြဲပြောပါတယ်။

အဖေ့ရဲ့ လူတွေကိုယုံတဲ့စိတ်က အဖေ့ကိုပြန်သတ်သွားတာပါ။ 

နောက်ဆုံးနိဂုံးချုပ်ရင် အဖေက သာမန်ပြည်သူတစ်ယောက်သာဖြစ်ပြီး လူတချို့ရဲ့ မဟုတ်မမှန်စကားကြောင့်သာ မသေသင့်ပဲ သေခဲ့ရတာပါ။ 

ကျွန်မတို့ မိသားစုလို သေကွဲကွဲရတဲ့ အဖြစ်မျိုး ဘယ်သူ့ဘယ်သူမှ နောက်ထပ်မကြုံပါရပါစေနဲ့ ဆန္ဒပြုရင်း………..

                                                    ဖေကြီးရဲ့ သမီးကြီး

P.S ကျွန်မအဖေနာမည်အရင်းက ဦးကျော်ကျော်ပါ။ သားနဲ့ သမီးကို ချစ်လွန်းလို့ သားနာမည်တစ်လုံး သမီးနာမည်တစ်လုံးယူပြီး ကျော်စုထွဋ်လို့ သုံးတာပါ။
#ArinaMay

Related Posts:

  • ## အနုပညာကို ချစ်လို့       အိမ်အလည်ပင် မခေါ်သင့်တဲ့       လူရွှင်တော်တစ်ယောက်က       နိုင်ငံရေး ပျက်လုံးထုတ်၊ တပ်မတော် မကောင်း       ကြောင်းပျက်လုံးထုတ်နာမည်ကြီး လာခဲ့တယ်။##  မကြာခင် •• မင်းတို့ ဇနီးတွေ မင်းတို့လို စရိုက်ရှိတဲ့       ခပ်ညံ့ညံ့ ဇ… Read More
  • သူတို့လည်း အဘတော့ အဘဘဲဒါပေသည့် ကံ နမိတ်ကို ဥာဏ်မရိတ်မိတော့ အမှန်တွေဆိတ်သုဉ်းပြီး အမှား ဘက်ကို ဦးတည်ပုံများလက်တွေ့ကြည့် ရင်မြင်နိုင်ပါတယ်ဥုစ္စာသယန မြင့်သောနေရာ၌ထိုင်ခြင်းအိပ်ခြင်းထိုင်ခြင်း ကုလာထိုင်ကြီးများစသည်၌ အိပ်ခြင်းထိုင်ခြင်းကိုဆိုလိုသည်။အပစ… Read More
  • သြော်....သားရယ် အမေ့သားအရင်းထက်တောင် ပိုချစ်နေတာပါလားသားရယ်😂😂😂Credit … Read More
  • NUG CRPH နဲ့ဒေါ်လာစားမီဒီယာအသံလွှင့် ဌာနတွေက်ိုတန်ပြန်ထိုးစစ်ဆင်နိုင်မဲ့နိုင်ငံနဲ့အမျိုးဘာသာသာသနာအတွက်ရှေ့ကရပ်ပြီးအမှန်တရားတွေရဲရဲဝင့်ဝင့်ချပြမဲ့MyanmarHart. Talk news မီဒီယာတစ်ခုပေါ်ပေါက်လာပါပြီ         အဲ့မီဒီယာလူမှုကွန်ယက်စာမျက်နာပေါ်မှာနိုင်ငံနဲ့အမျိုးဘာသာသာသနာကိုချစ်မြတ်နိုးသူညီမငယ်သဇင်ဦးက p… Read More
  • 😁😁😁 D Day ဆိုသည်မှာ 😁😁😁ယူ မသိ ရင် ၊ အသာနေလိုက်ပါ၊အာဝင်ချောင်မနေနဲ့ ...D-Day ဆိုတာ ယူ နားမလည်ပါဘူး...🤪🤪🤪မသိရင် စာအုပ်နဲ့ ဘောပင် သွားယူ....တိုက်ခန်းပေါ်က ခုန်ချတော့ Diver Day🥴🥴🥴တပ်က လိုက်ပစ် တော့ ခွေး‌ပြေး‌ပြေးရတော့Dog Day🥴🥴🥴၅၈ ဝက်ခြံနားကပ်မ… Read More