Tuesday, July 6, 2021

ခင်ဗျားမငိုပါနဲ့


ခင်ဗျား ငိုကြွေးနေတာလား
ခင်ဗျားသားတွေ သတ်ခဲ့ကြတုန်းက
သူတို့ရဲ့ မိခင်တွေလည်း ခင်ဗျားလို
ပဲ ငိုကြွေးခဲ့ကြဖူးတယ်လေ

ခင်ဗျား ပူဆွေးနေသလားးးးးးးး
ခင်ဗျားသားတွေ သတ်ခဲ့ကြတုန်းက
သူတို့ရဲ့ ညီအကိုမောင်နှမ သားချင်း
တွေ ခင်ဗျားလိုပဲပူဆွေးခဲ့တယ်

ခင်ဗျား နာကျင်နေလား
ခင်ဗျားသားတွေ သတ်ခဲ့ကြတုန်းက
သေသူရဲ့ဆွေမျိုးတွေဟာ ခင်ဗျားလို
ပဲ နာကျင်ခဲ့တာပေါ့….

ခင်ဗျားသားတွေ သတ်ခဲ့ကြတုန်းက
သေသူတွေရဲ့ တောင်းပန်သံတွေ…
သေသူတွေရဲ့ ညည်းတွားသံတွေ…

ခင်ဗျားသားတွေ လူသတ်ခဲ့တုန်းက
ခင်ဗျားကိုယ်တိုင် ဂုဏ်ယူဝင့်ကြွားခဲ့
ခင်ဗျားကိုယ်တိုင် အားရကျေနပ်ခဲ့…

ခင်ဗျားလုံးဝမငိုပါနဲ့ဗျာ
ခင်ဗျားသားတွေက တကယ်မသေ
သေးဘူးလေ…………

ဒါ့ကြောင့်ခင်ဗျား လုံးဝမငိုပါနဲ့တော့
ခင်ဗျားသားတွေ လူသတ်ခဲ့တုန်းက
လို ပျော်ပျော်ပဲ နေနေလိုက်ပါတော့

မြန်မာမျိုး (မြောင်းမြ)