Thursday, July 1, 2021

အရွေ့ 🍁


SAC အနေနဲ့ Junta (အာဏာသိမ်းအစိုးရ) လို့ မသုံးဖို့ နိုင်ငံတကာ မီဒီယာတွေကိုသတိပေးကြောင်း ထုတ်ပြန်တာကို Nikkei Asia မှာ ဖော်ပြခဲ့ပြီးတဲ့နောက် နိုင်ငံတကာမီဒီယာတစ်ခုဖြစ်တဲ့ CNA ကနေ သတင်းဖော်ပြရာမှာ - 
'Myanmar government releases thousands of jailed anti - coup protesters' ဆိုပြီး (မြန်မာအစိုးရ) ဆိုတဲ့အသုံးနဲ့ စ ဖော်ပြလာတယ်။ အရွေ့တစ်ခုတော့ စ လာပြီလို့ဆိုရမှာပါ။ 

'Warns - သတိပေးသည်' ဆိုတာကလည်း ထူးခြားတာပေါ့။ ဒါဟာ နိုင်ငံတကာမျက်နှာစာမှာ SAC ရဲ့ ပုံရိပ်တည်ဆောက်မှုတွေထဲက အစဖြစ်ပါလိမ့်မယ်။ 

မြင်တာလေးတွေ သုံးသပ်ရေးပြတာဖြစ်ပေမဲ့ တခါတလေ ကျွန်တော့်အတွက် စိတ်ကုန်စရာကောင်းတာလည်း ရှိတယ်။ SAC က အလားအလာကောင်းလေးတွေ လုပ်နိုင်လို့များ အားပေးမိရင် ကျွန်တော်က အလိုအလျောက် "လော်ဘီ" တံဆိပ်ကပ်ခံရတာပဲ။ လေးစားစွာဖြင့် ထပ်ပြောပါမယ်။ ကျွန်တော် လုံးဝ လော်ဘီမဟုတ်ပါဘူး။ တစ်ပြားမှလည်း မရပါဘူး။ လိုလည်း မလိုချင်ပါဘူး။ ကိုယ်လော်ဘီကြေးရဖို့ အများပြည်သူ စာဖတ်သူကို မှိုင်းတိုက်တဲ့ကိစ္စ ကျွန်တော် လုံးဝမလုပ်ပါဘူး။ အဲဒီစကားက ကျွန်တော့်အတွက် 'အောက်တန်းကျပြီး ခံရခက်‌စေတဲ့' စကားလုံးဖြစ်ပါတယ်။ 

ကျွန်တော့်ကို အခုမှသိတဲ့လူတွေလည်း များမှာပါ။ သို့သော် ကျွန်တော် အခုမှ နိုင်ငံရေး သုံးသပ်ချက်တွေရေးတာမဟုတ်ပါဘူး။ ဒေါ်စုကြည်လက်ထက်ကတည်းက ရေးခဲ့တာပါ။ ပင်မသုံးနေတဲ့အကောင့် အဖျက်ခံရတာကို လိုက်မဆယ်ဘဲထားခဲ့တာ။ SAC တက်လာတော့ စာရေးဖို့ မလိုတော့ဘူးလို့ ယူဆလို့ပါ။ နောက်မှ အခြေအနေတစ်ခုအရ အရံထားတဲ့ အကောင့်နဲ့ စာပြန်ရေးဖြစ်တာပါ။ 

ဒီနေရာမှာ လေးစားစွာဖြင့် တစ်ခုပြောချင်တာက ကျွန်တော်တို့အနေနဲ့ ဒေါ်စုကြည်ကြီး မဲခိုးပြီး လွှတ်တော်ကို ကျော်ချနေပြီဆိုကတည်းက အာဏာထိန်းတော့မှာလား - လို့ ကြိုတွေးခဲ့ကြတာပါ။ Legitimacy Crisis ဖြစ်လာလိမ့်မယ်။ မဲမသမာမှုကို ရှင်းမပေးဘဲ NLD နောက်တစ်ဆက်များ အာဏာရသွားရင် အစရှိ နောက်နောင် ပိုဆိုးတော့မှာပဲလို့ မြင်ခဲ့ကြတာပါ။ ကျောက်မဲမှာလည်း ကိုယ်စားလှယ်လောင်း အသတ်ခံရပြီးပြီ။ လုပ်ထုံးလုပ်နည်းတွေလည်း အကုန်လွဲ။ ရွေးကောက်ပွဲအကြို ကာလမှာလည်း ဆင်ဆာအဖြတ်ကြမ်းပြီး ပွဲမစခင်က စည်းခိုးခဲ့တာ NLD ပါ။ ဒီတစ်ခါသာ NLD အောင်မြင်စွာ အာဏာခိုးလိုက်နိုင်ရင် ရွေးကောက်ပွဲ‌ကော်မရှင်ကို အိတ်ထဲထည့်ပြီး အစိုးရအဆက်ဆက် မဲခိုးပြီးတက်နေမှာမို့ အတိုက်အခံပါတီတွေတောင် မလိုတော့တဲ့ အနေအထားပါ။ ဒီမိုကရေစီဆိုတာလည်း မရှိတော့ဘူး။ ပြီးခဲ့တဲ့ငါးနှစ်လို နောက်ထပ်ငါးနှစ် တပ်မတော်ကို ထိပ်တိုက်တွေ့ရင်း၊ သာသနာတော်ကို ချိုးဖျက်ရင်း၊ တလွဲစီမံခန့်ခွဲမှုတွေနဲ့ ထောင်ထွက်တွေ ထင်တိုင်းကြဲပြီး စားသောက်ပွဲကြီးခံနေကြဦးမှာ။ ဒါတွေကို မလိုလားလို့၊ ပြည်ပျက်မှာစိုးလို့ အရွေ့တစ်ခုကို တွန်းခဲ့ကြတာပါ။

ကျွန်တော် တပ်မတော်က မိတ်ဆွေတွေနဲ့ အချိန်ရသလို စကားတွေပြောခဲ့ဖူးပါတယ်။ အရမ်း ဆိုးဆိုးရွားရွားအခြေအနေတွေထိကို ကျွန်တော်တို့ ကြိုတွေးပြီး ပြောခဲ့ကြဖူးတယ်။ ဘာလို့လဲဆိုတော့ ဖြစ်လာမှာတွေကို ကာကွယ်နိုင်ချင်လို့ပါ။ ထိန်းသိမ်းနိုင်ချင်လို့ပါ။ ပြည်ပစွက်ဖက်မှု၊ မီဒီယာ ဒါတွေက ကျွန်တော်တို့ ဦးစားပေး ထည့်စဉ်းစားရတဲ့အရာတွေပါ။

ပြောချင်တာက ရွေးစရာမရှိတဲ့ အနေအထားထိ တွန်းပို့ခံလိုက်ရပြီးတဲ့နောက် တပ်မတော်က သူတတ်နိုင်သလောက် ထိန်းချုပ်ဖို့ ကြိုးစားနေကြောင်း သိစေချင်တာပါ။ အားမရတာကို လက်ခံပါတယ်။ ဆဲဆိုနေတဲ့လူတွေကိုလည်း ကျွန်တော် အပြစ်မပြောပါဘူး။ ဒီလိုပဲ။ အခင်းအကျင်းတွေကို နားလည်လက်ခံပုံမတူတဲ့ ကျွန်တော့်ကိုလည်း တစုံတရာ တံဆိပ်မကပ်ကြဖို့ တောင်းဆိုပါတယ်။ ကျွန်တော် စိတ်အနှောင့်အယှက်ဖြစ်ပါတယ်။ 

SAC အပေါ် အားမရတာတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ SAC ရဲ့ အစိုးရအဖွဲ့နဲ့ အကြံပေးအဖွဲ့ကိုကြည့်ရင် ညံ့ဖျင်းနေတယ်လို့ ယူဆရတဲ့အနေအထားမဟုတ်မှန်း နားလည်မှာပါ။ အစိုးရကို ဆဲဆိုနေမှအမှန်၊ ဝေဖန်ထောက်ပြရင်၊ ချီးကျူးရင် ဖားတာ - ဆိုရင်တော့ လူကြီးမင်းတို့ရဲ့ ဦးနှောက်ကို Scan ဖတ်ကြည့်ဖို့လိုပါတယ်။ ဝေဖန်တယ်ဆိုတဲ့နေရာမှာ မှားနေရင် အပြစ်တင်သလို မှန်နေရင်လည်း ချီးကျူးဖို့ဝန်မလေးရပါဘူး။ အဲဒီအတွက် ကျွန်တော် လိပ်ပြာသန့်ပါတယ်။

ဒီတော့ ကျွန်တော် အဓိကပြောချင်တာက - 

- ဒီနေ့ အာဏာထိန်းမှုဆိုတာက ပြီးခဲ့တဲ့ ငါးနှစ်မှာ NLD ရဲ့ ညံ့ဖျင်းမှု၊ ရွေးကောက်ပွဲကော်မရှင်ကို အိတ်ထဲထည့်ပြီး ထင်တိုင်းကြဲမှု၊ ဥပဒေချိုးဖောက် စော်ကားမှုတွေမှာ အခြေခံပါတယ်။ 

- NLD ရဲ့ ယုတ်မာညံ့ဖျင်းမှုကို အဆုံးသတ်ပြီး အရွေ့တစ်ခု ခပ်ကြမ်းကြမ်းလုပ်ဖို့ လိုအပ်လို့သာ တပ်မတော်က တာဝန်ယူလိုက်ရတာဖြစ်ပါတယ်။ 

- အခြေအနေအရ အားမရတာတွေရှိနိုင်ပေမဲ့ တပ်မတော်အနေနဲ့ အောင်မြင်အောင် အကောင်းဆုံးကြိုးပမ်းနေပါတယ်။ နိုင်ငံတကာ မီဒီယာပေါ်က (Military Junta) ကနေ (Myanmar Government) ဆိုတာကလည်း သူတို့ရဲ့ ကြိုးပမ်းမှု အရွေ့တစ်ခုပါပဲ။ 

- ကုလသမဂ္ဂကနေ လက်နက်တင်ပို့မှုပိတ်ဆို့ဖို့ ကြေညာချက်ထွက်လာတာကို ခပ်တည်တည်ပယ်ချပြီး ရုရှားတစ်ကြောက လက်နက်စက်ရုံတွေကို လေ့လာခဲ့တာလည်း အလကားမဟုတ်ပါဘူး။ 

- သမ္မတပူတင်နဲ့ တွေ့ခြင်း/ မတွေ့ခြင်းဟာ အဖက်လုပ် ခံစားစရာမဟုတ်ပါဘူး။ တရုတ်နဲ့ အိန္ဒိယလို ပါဝါနိုင်ငံတွေကို ကျော်ချပြီး ရုရှားထိ ရောက်သွားခဲ့တာပါ။ ရုရှားသမ္မတနဲ့ထိ သွားတွေ့လိုက်ရင် အိမ်နီးချင်းတွေကို ဘာထင်တဲ့အပေါက် ရောက်သွားမှာပါ။ ဟန်ချက်မပျက်တာ အကောင်းဆုံးဖြစ်ပါတယ်။ 

ဒါဟာ SAC က ကြိုးပမ်းခဲ့တဲ့ လတ်တလော အရွေ့တွေအပေါ် ကျွန်တော့်ရဲ့ သုံးသပ်ချက်ဖြစ်ပါတယ်။ အနုပညာသည်တွေကို ဝရမ်းရုတ်သိမ်းပေးတာကိုလည်း ကျွန်တော်ကြိုဆိုပါတယ်။ ကျော်ကျော်နန္ဒလိုလူကို ဝရမ်းကပ်ပြီး ဘာလုပ်မှာလဲ။ သက်မွန်မြင့်က ဒလံတွေနဲ့ပတ်သက်ပြီး ဘာပြောလဲ ကျွန်တော် စိတ်မဝင်စားပါဘူး။ သူ့ပရိသတ်က သူ့ကို ဒလံလို့ ပြန်မြင်ကြတဲ့အခါ သူ ကိုယ်ချင်းစာတတ်မှာပါ။ 

ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ကိုယ့်ဆင်ခြင်တုံတရားအပေါ်မှာပဲ ရပ်တည်တာမို့ လိပ်ပြာသန့်စွာ ဝေဖန်ထောက်ပြပါမယ်။ ထို့အတူ အောင်မြင်မှုအတွက်လည်း ချီးကျူးပါမယ်။ ဒါပါပဲ။ 

နိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာပါစေ 🇲🇲

သန့်နေစိုး (1. July. 2021)
*
*
*
#Notice to Facebook Myanmar Team, this article points out the status of SAC on international media referring Nikkei Asia and CNA. It is only an analysis of current affairs. No fake news, no hate speech, no harassment or bullying, no discrimination and no offense described. It totally follows the community standards of Facebook. 

Links are as follows, 

https://asia.nikkei.com/Spotlight/Myanmar-Coup/Myanmar-military-warns-foreign-media-to-not-call-it-a-junta

https://www.channelnewsasia.com/news/asia/myanmar-government-releases-thousands-of-jailed-anti-coup-15125920

Related Posts:

  • ▪️သူတို့ဖက်ကစကားတစ်ခုရှိတယ်။ ငါတို့ကတဲ့ နိုင်ငံရေးကိုနားမလည်ပါဘူးတဲ့။ မတရားလို့ဝင်ပါရတာတဲ့။ ငါတို့ဟာနီပိန်းမဟုတ် NLD fan မဟုတ် အန်တီစု fan မဟုတ်ဆိုပဲ။🥴▪️ဒီစာက အဲ့ဒီအုပ်စုအတွက်ရေးတာ။▪️ငါမေးမယ်။      နိုင်ငံရေးကိုနားမလည်ရင် ဘာလို့ဝင်ပါတာလဲ?     ကိုယ်နားမလည်တဲ့နယ်ပယ်က ပြဿနာရပ်ဆိုရင်     ဝင်မပါနဲ့လို့ နင်တို့မိဘက မသင်ထားဘူးလားဟင်။     ကိုယ်နားမလည်တဲ့အရာဆိုမှတော့      မှားလားမှန… Read More
  • PDF အမည်ခံပြီးပြည်ပြည်အချင်းချင်းလိုက်ဇွပ်နေကတည်းကပြည်သူ့ ကာကွယ်ရေး အဖွဲ့မဟုတ်တော့ဘူး.....အကြမ်းဖက် ရာဇဝတ်ကောင် ဖြစ်သွားပြီ...မင်းတို့ PDF တွေ အဲလို အပြစ်မဲ့ ပြည်သူအချင်းချင်း လိုက်ဇွပ်နေတာ အဘတွေကို လုံးဝ မထိခိုက်တဲ့အပြင်မင်းတို့ကို အကြမ်း… Read More
  • #အာဆီယံနဲ့နစက အာဆီယံကတော့ နစက ကိုယ်စားလှယ်ကို မဖိတ်ကြားဖို့ ဆုံးဖြတ်တယ်လို့ တဖက်သတ် သဘောထား ထုတ်လိုက်တယ်။နစက အနေနဲ့ ပြည်တွင်းက အခြေအနေကို အကြိမ်ကြိမ် ရှင်းပြခဲ့ပေမယ့်လည်း နိုင်ငံကြီးတွေရဲ့ လွှမ်းမိုးမှုကိုခံနေရတဲ့ အာဆီယံက ဒီလိုဆုံးဖြတ်တာက … Read More
  • မေးခွန်းမေးမယ် ဖြေကြပါ ❓၁။၅နှစ်အတွင်းရွှေအချိန်ပိသာ၅၀ လာဒ်စားလိုက်တဲ့ပြိတာမကြီးအမည်၂။ဒေါက်ဘိနပ်လျှောက်သံက သာခိုးသာခိုးလို့မြည်နေတဲ့ဟိုဟာမကြီးအမည်၃။ရွှေစက်တော်ဘုရားပေါ် အမျိုးသမီးမဝင်ရဆိုတာ ဝင်သွားတဲ့မိစ္ဆာမကြီးအမည်၄။မြန်မာပိုင်တဲ့ဒေါ်လာသန်း၁၀၀၀ကိုအမ… Read More
  • အားလုံးအဆင်ပြေသွားပါမည်။ယခုသီတင်းကျွတ်ရက်မြတ်ကာလတွင် ဒေါ်အောင်ဆန်းစုကြည်က အဘဦးသန်းရွှေကို ကန်တော့ခွင့်ရရန်ခွင့်တောင်းထားသည်ဟု သတင်းထွက်ပေါ်နေပါသည်။ယခင်နှစ်များကလည်း ဒေါ်အောင်ဆန်းစုကြည်သည် အဘဦးသန်းရွှေကို သီတင်းကျွတ်ရက်တွင် ကန်တော့နေကြဖြစ်ပါသည်။မကြာသ… Read More