Saturday, July 3, 2021

အိပန်ဆယ်လိုဆိုတာ ဘယ်သူလည်း....?


       အိပန်ဆယ်လိုဆိုတာ  ABSDF ရဲ့ CELL ဆို
တာကို  ဘယ်သူသိမှာလည်း.? ခွန်းဒီယမ်းဆိုတဲ့
နာမည်တစ်ခုနဲ့  ပန်ဆယ်လိုဘဝကို  စတင်ခဲ့တာ
ပါ••••

     ကိုမိုးဟိန်းထောင်ထားတဲ့  သူရိယနေဝန်ဂျာ
နယ်တိုက်ကနေ  အစပြုပြီး  NLD အသိုင်းအဝို
င်းထဲကို  ဝင်ခဲ့ပါတယ်။  အဲ့ဒီနောက်တော့  ဒေါ်
အောင်ဆန်းစုကြည်နားကို  ရောက်အောင်သွား
ပြီး Attention ရအောင်ယူခဲ့ပါတယ်•••••

      FB ရဲ့ Team ကို ထောက်ပံ့ပေးဖို့  ဒီ Team
ကို အသုံးပြုပြီး  ဒီ Team ကရတဲ့  ငွေရေးကြေး
ရေးတွေကို ခွဲတမ်းချကာ အဲ့ဒီငွေတွေနဲ့ ABSDF
ကို  ပြန်လည်ထောက်ပံ့မှုတွေ လုပ်ခဲ့ပါတယ်••••

      သန်း(၆)ထောင်ကျော်  အသုံးပြုထားသော
Facebook Team ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ NLD
အစိုးရရဲ့ လော်ဘီပန်ဆယ်လိုဆိုသည်မှာ  အ
မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ထောက်ခံ
သူတွေအကြား Social Media ပေါ်တွင်  အစိုးရ
လော်ဘီအဖြစ်  အိပန်ဆယ်လိုဟာ ထင်ရှားပေါ်
လွှင်လာခဲ့ပါတယ်•••••

       ယခင်ပန်ဆယ်လိုဟာ  စစ်အစိုးရလက်ထ
က်၊  သမ္မတဦးသိန်းစိန်လက်ထက်တည်းက  အ
စိုးရကို  အကောင့်ပုန်းများဖြင့် ဝေဖန်တိုက်ခိုက်
မှုများကို  ပန်ဆယ်လိုဟာ  ဆယ်စုနှစ်ကြာ လုပ်
ဆောင်ခဲ့ပါတယ်••••

      သူ့ရဲ့ မိတ်ဖက်များဟာ  ကြက်ဖကြီး၊  ဇာနီ
ထိုက်တို့ဖြစ်ပြီး  ကြက်ဖကြီးအား  နိုင်ငံတော်မှ
မမှန်မကန် အရေးအသားများကို  ဖြန့်ဝေမှုဖြင့်
ဖမ်းခဲ့စဥ်  ပန်ဆယ်လိုဟာ  စိုးရိမ်စိတ်ဖြင့်  ခေ
တ္တပုန်းရှောင်နေခဲ့ပါတယ်( NLD အထောက်အ
ပံ့ဖြင့်  ခေတ္တမလေးရှား  )••••

       ကြက်ဖကြီးထောင်ကျပြီးနောက်မှ  ပန်ဆ
ယ်လိုဟာလည်း  အကောင့်ပုန်းများဖြင့်သာ အ
စိုးရကို  ဆက်လက်ပြစ်တင်ဝေဖန်မှုများ အဆ
က်မပြတ်  လုပ်ဆောင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်၊
NLD အစိုးရတက်ခါစက  NLD အစိုးရကို  ဝေ
ဖန်ထောက်ပြသူများ၊  အကောင့်တုများကို  ဖြု
တ်ချနိုင်ရေးအတွက်  Facebook Team ဖွဲ့ကာ
သန်းပေါင်း ၆၄၂၄ သန်းအသုံးပြုခဲ့ပါတယ်••••

       တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏
Blue Mark Page နဲ့ ကျန်တဲ့ အမျိုးသားရေးအ
ကောင့် (၁၀၀၀)ကျော်ကို  ချက်ခြင်းဖြုတ်ချပြ
စ်ခဲ့ပါတယ်။  အံ့ဖွယ် Blue Mark တောင် ဖြုတ်
ချနိုင်တဲ့ အစိုးရရဲ့အတ္တကြီးမှု ၊ တစ်ကိုယ်ကော
င်းဆန်မှု ၊ အာဏာရမက်  ငန်းငန်းတက်နေမှု
တွေကို  မြင်တွေ့ ကြားသိရမှာဖြစ်ပါတယ်•••••

        နောက်တစ်ခုက  ပန်ဆယ်လိုနှင့်  သန်း(၆)
ထောင်ကျော်  Facebook Team နှင့် ဆက်နွယ်
မှု•••••

      2015 ရွေးကောက်ပွဲမှာ  NLD ပါတီအနိုင်ရ
ရှိပြီးနောက်  ပန်ဆယ်လိုဟာ  ရုပ်လုံးထွက်ပြ
လာပါတော့တယ်။ ၎င်းရဲ့ NLD အစိုးရအတွက်
လော်ဘီလုပ်ဆောင်ချက်ဟာလည်း  တစ်စတ
စ်စ  ထင်ပေါ်လာခဲ့ပါတယ်။ ထူးခြားတာက သူ
မရဲ  Page နဲ့ Account အောက်ထဲမှာ  သူမအား
နှစ်သက်တယ်၊  သဘောကျတယ်ဆိုတဲ့ 
Comment များသာ  တွေ့ရှိရပြီး အမြင်မတူတဲ့
ဝေဖန်မှုတွေပေးတဲ့  Comment များဟာ   မရှိ
သလောက်ပါ•••••

      ဘာကြောင့်လည်းဆိုတော့  သူမရေးတဲ့ပိုစ့်
အောက်က  ဝေဖန်ထောက်ပြတဲ့  အကောင့်တို
င်းဟာ  ချက်ခြင်း Log တန်းကျပါတယ်။ဒါဟာ
သန်းခြောက်ထောင်ကျော်  မသုံးခင်ကတည်း
က  ဖေ့ဘုတ်ကုမ္ပဏီနှင့် NLD ပါတီဟာ  အဆ
က်အသွယ်ရှိနေကြောင်း  အထောက်အထားတ
စ်ခုပါဘဲ။  ပန်ဆယ်လိုရဲ့  တရားဝင်အလုပ်အ
ကိုင်တွေကတော့  စာရေးဆရာမ၊  စာအုပ်ထု
တ်ဝေခြင်းနဲ့  FB Page,, Account များကို  လူ
ခေါ်ပေးခြင်းနှင့် ရောင်းခြင်းဖြစ်ပါတယ်•••••

      သန်း(၆)ထောင်ကျော်  အသုံးပြုတဲ့ Face-
book Team က  အဖွဲ့ဝင်တစ်ဦးလို့  အခုမှထင်
ထင်ပေါ်ပေါ်  ထုတ်ပြလိုက်ခြင်းဖြစ်ပါတယ်။
ဒီနေရာမှာ  ကြုံတုန်းလေး တစ်ခုလောက်သတိ
ပေးလိုတာက NLD လော်ဘီတစ်ယောက်က 
တစ်ဘက်ကို  ရိုင်းရိုင်းစိုင်းစိုင်း  ပြစ်တင်ဝေဖ
န်တဲ့  ပိုစ့်တစ်ခုကို  တင်တဲ့အခါ ဒေါ်အောင်ဆ
န်းစုကြည်၏ ACC အား  Tag တွဲ၍  ထွက်လာ
သောကြောင့်  ထောက်ပြဝေဖန်သော  ACC 
တွေဟာ  AUTO လော့ကျခြင်း၊ အပိတ်ခံရခြင်း
များ  ခတ်စိတ်စိတ်ဖြစ်ပေါ်လာတာကို  သတိ
ပြုကြပါ•••••

      ၂၀၂၀ အစိုးရပြင်ဆင်မှု၊  ၂၀၂၀ အစောပို
င်းမှာ NLD အစိုးရမှ Facebook က တာဝန်ရှိသူ
ကို  တွေ့ဆုံကာ  ဒေါ်လာ(၄၂)သန်း ထပ်မံပေးခဲ့
ပါတယ်။  ၂၀၂၀ ရွေးကောက်ပွဲအတွက်  ကြို
တင်ပြင်ဆင်နေခြင်းဖြစ်ပါတယ်။  ဒါကတော့
အမြင်မတူသည့် Groups,, Pages,, Accounts
များကို  စောင့်ကြည့်ဖြုတ်ချ  အရေးယူနိုင်ရေး
ဘဲဖြစ်ပါတယ်•••••

      ဒါ့အပြင် ၂၀၂၀ ရွေးကောက်ပွဲအတွက် ထ
ပ်မံပြီး SIM Card မှတ်ပုံတင်အား Covid 19 ထ
က်  အရေးကြီးစွာ (၆)လပိုင်းဆိုတာနဲ့  မှတ်ပုံမ
တင်ထားတဲ့ကဒ်တွေကို  ပိတ်မယ်လို့ အစိုးရက
ထုတ်ပြန်ခဲ့ပါတယ်။  ဘာကြောင့်လုပ်တယ်ဆို
တာတော့  ရှင်းပြနေစရာ မလိုတော့ပါဘူး••••

      ပြည်သူလူထုတင်မြောက်ထားတဲ့  ပြည်သူ့
အစိုးရက  ဘာလုပ်လုပ် ကောင်းတယ်၊  သ
ဘောကျတဲ့  ပြည်သူကိုမှ  ပြည်သူလို့ထင်ပြီး ၊
သဘောထားအမြင် ကွဲလွှဲခွင့်မရှိသည့်သဘော
နှင့် ငါနဲ့မတူ  ငါ့ရန်သူလို့  သတ်မှတ်ကာ ACC
ပိတ်ခြင်း၊  တရားစွဲခြင်း၊  ထောင်ချခြင်း၊  ဖမ်း
ဝရမ်းထုတ်ခြင်းများကို  ရွေးကောက်ပွဲနီးလာ
တဲ့အချိန်မှာ  ပြင်းပြင်းထန်ထန်  ဆောင်ရွက်
ခဲ့ပြီး  အာဏာရှင်ပီပီသသ. ရုပ်လုံးပြလာခဲ့ခြ
င်းနှင့်အတူ  အလုံးစုံပျက်သုန်းရေးကို  ဦးတ
ည်နေပြီဖြစ်ကြောင်း  နိုးဆော်တင်ပြလိုက်ရပါ
တယ်•••••

#CRD သွရသ သွရသ