*** ရတနာပင်
ဘာနဲ့မှတန်ဖိုးဖြတ်လို့မရသောအပင်
လူသားတိုင်းအတွက်
မြတ်မြတ်နိုးနိုး အလေးထား
ကြီးမြတ်သောဂုဏ်ကိုဆောင်သောအပင်။
အရွက်ကြွေလို့ အပင်မသေ
မျိုးရိုးဂုဏ်သိက္ခာ
အစဉ်အလာကောင်းသောအပင်။
ပန်းရိုင်းပင်များနဲ့ရောနှောပြီးမပေါက်သောအပင်။
ရှင်သန်ရာဘဝမှာ
မာန သိက္ခာ အကျင့်သီလ
အရာရာအားလုံးပြည့်စုံပြီး
သမိုင်းလှလှနဲ့ရှင်သန်သောအပင်။ ။ ။
*** ပေါင်းပင်
မလိုလားအပ်သောနေရာတွင်
အချိန်အခါမဟုတ်
ပေါက်ရောက်နေသော အပင်ကို
ပေါင်းပင်လို့
အဓိပ္ပါယ်ဖွင့်ဆိုထားတာမို့
ဘယ်လောက်ပဲအဖိုးတန်တဲ့အပင်ဖြစ်နေနေ
နေရာမှားပြီးပေါက်နေရင်
ပေါင်းပင်လို့သတ်မှတ်ပြီး
နှိမ်နင်းကြတော့တာပဲ။
မျိုးရိုးဂုဏ်သိက္ခာ
ကြီးမြတ်ခြင်းမရှိသောအပင်။
ရှင်သန်ရာဘဝမှာ
အမြဲတမ်းအဖျက်ဆီးခံဘဝနဲ့သာ
နိဂုန်းချုပ်ရသောအပင်။ ။ ။
လက်ရုံး