Friday, July 9, 2021

"ဗုဒ္ဓကို ခလုတ်မတိုက်နဲ့"


ကိုးကွယ်ရာ ယုံကြည်ရာ ဆည်းကပ်ရာ
မြတ်စွာဘုရားရယ်လို့ ဆိုလိုက်တာနဲ့
ဗုဒ္ဓဘာသာဝင် သူတော်စင်မှန်ရင် 
ရယ်စရာဟာသ အဖြစ်နဲ့တောင်မဆိုပါနှင့်🎗

ခင်များတို့ကျွန်တော်တို့နေတဲ့ နိုင်ငံဟာ
(Buddha country) ဗုဒ္ဓဘာသာအများစု
ကိုးကွယ်နေထိုင်တဲ့ နိုင်ငံဆိုတာတော့ 
ငြင်းနိုင်မယ်မထင်ပါဘူး🎗

ဘာသာပေါင်းစုံဆိုပေမယ့် သူ့ဘာသာနဲ့သူ
လွပ်လပ်စွာကိုးကွယ်ခွင့်ပေးထားပြီးသားပါ
မရောက်တက်ပါနဲ့ မစော်ကားပါနဲ့ 
အထူးသဖြင့် ကိုရွှေမြန်မာများ သူများယောင်လို့
ကိုယ်လိုက်ယောင်တာ အခြားနေရာမှာပဲ ရမှာပါ
ကိုယ် ကိုးကွယ်တဲ့ဘာသာချနင်းရလောက်တဲ့အထိ
ယောင်နေပြီဆိုရင် သတိတော့ထားပါ🎗

ဗုဒ္ဓဘုရားရှင်ကတော့ သူ့ဘာသာနေတာပါ
မနေတာက ကံ ပါ ဗုဒ္ဓဘာသာရဲ့(Basic foundation)
အခြေခံအုတ်မြစ်ကိုက ကံ=ကံ ၏အကျိုးပါ
မယုံကြည်ရင် ဆက်လုပ်ပါ နယူတန်ရဲ့နိယာမ
တန်ပြန်သက်ရောက်မှုနဲ့ ဗုဒ္ဓရဲ့ ကံ ကံ၏အကျိုးဆိုတာ
(Equal to Equal) လက်တွေ့ သွားနေတာပါ🎗

ဗုဒ္ဓဆိုတာ ယုံကြည်ခွင့်ရှိတယ် ကိုးကွယ်ခွင့်ရှိတယ်
ဆည်းကပ်ခွင့်ရှိတယ် စော်ကားခွင့်မရှိဘူး အသုံးချခွင့်မရှိဘူး
အထူးသဖြင့် ဗုဒ္ဓဘုရားရှင်ကို နိုင်ငံရေးထဲမှာ 
(Ordinary person) သာမာန်ပုဂ္ဂိုလ်ပါလို့ ပြောခဲ့တဲ့
သူတစ်ယောက်အတွက် အကျိုးပေးလည်းမြန်တာတွေ့ရမယ်🎗

ဗုဒ္ဓဘုရားရှင်မပြောနဲ့ ဘုရားသားတော်တွေဖြစ်တဲ့
ရဟန်းသံဃာတွေကိုတောင် ခင်များတို့နိုင်ငံရေးထဲမှာ
အလိုကျရင် ဘုန်းဘုန်း အလိုမကျရင် ဂတုံး လုပ်နေကျပြီး
ဆဲချင်တိုင်းဆဲ ဆိုချင်တိုင်းဆို တစ်နေ့တစ်မျိုး မရိုးရအောင်
ပြစ်မှားနေလိုက်ကြတာ ဝေသာလီပြည် ဘီလူးဝင်စီး
နေလားမှတ်ရတယ် 🎗

ပြေးတဲ့သူပြေး အော်တဲ့သူအော် သေတဲ့သူသေ
သွေးသံရဲရဲနဲ့ အရှင်လတ်လတ် လူ့ပြည်ကငရဲခန်းကြီး
အလား သတိသံဝေဂရသင့်နေပြီ 
ဒီတော့သိပ်မမိုက်နဲ့ ဗုဒ္ဓကိုလည်း ခလုတ်မတိုက်နဲ့
ကံကြမ္မာအမှိုက်သိမ်းနေတဲ့ကြား ခင်များတို့ပါမသွားပါစေနဲ့ဗျား🙏

                                 🖋Htoo Naing




Related Posts:

  • ကပ်တွေစဲဖို့ အဆဲတွေရပ်ပါတော့ ✍✍✍✍✍✍✍✍အကြိမ်ကြိမ်အခါခါ ရေးပြခဲ့ပါတယ်ဆရာတော်ကြီးတွေ သူတော်ကောင်းကြီးတွေကိုမေစာ္ကားမ္ိဖို့ မဆဲမိဖို့အကြိမ်ကြိမ် ရေးသားခဲ့ဘူးပါတယ်ဒါပေမယ့်လည်း လူသားတွေရဲ့ ဒေါသ မောဟအားကြီးခြင်းကြောင့်အကောင်းအဆိုး အမှန်အမှန်ကို မသိကြပဲသူတော်ကောင်းကြီးတ… Read More
  • နစက ရင်ဆိုင်နေရသော ပကတိအရှိတရား ...!!!27-7-2021-မမှန်သတင်းလှိုင်းလုံးတွေ အောက်မှာ ၊-နိုင်ငံတကာ စွက်ဖက်မှုတွေ အောက်မှာ ၊-မီဒီယာ အမည်ခံ Devilish တွေ အောက်မှာ ၊-ကောလဟလ ခြိမ်းခြောက်မှုတွေ အောက်မှာ ၊            တည်တည်ငြိမ်ငြိမ် နဲ့ ဥပဒေ နှင့်အညီ ဆောင်ရွက်နေသော်လည်း ၁၉… Read More
  • သယ်ယူစရိတ် ဘဏ် နဲ့ ကုန်စျေးနှုံး           မြန်မာပြည်ဟာ အဆိုးကျော့ သံသရာလည်ဖို့ ဖြစ်တည်နေပါတယ် ။ ကပ်ရောဂါကြောင့် ဖြစ်နေတဲ့ အခက်အခဲဟာ တဖြေးဖြေး နဲ့ အားလုံးအပေါ် ရိုက်ခတ်လာတာကြောင့် ဖြစ်ပါတယ် ။         ပြဿနာတွေရဲ့ အကျိုးဆက်ကို ပိုမိုဆိုးဝါးလာစေတာက အာဏာရူး နို… Read More
  • အားလုံးအတွက် လူမှု့ကွန်ယက် အသစ်စမ်းသပ်ထွက်ရှိနေပြီနိုင်ငံပေါင်း ၁၇၆ နိုင်ငံ သုံးစွဲနိုင်သော လူမှု့ကွန်ယက်အသစ်အား တည်ထောင်စမ်းသပ်နေပြီဖြစ်ပါသည်..အဆိုပါ လူမှု့ကွန်ယက် အသစ်သည် Google ၏ Play Store တွင် သွားရောက် ဒေါင်းလုပ်ရယူ၍ စမ်းသပ်ဆဲကာလတွင် နိုင်ငံ အလိုက် လူဉီးရည် အကန့်သပ်ဖြင… Read More
  • " ရဲရင့်ပြတ်သား ဒေါ်စိန်အေးသား "- ပ အကြိမ်လွှတ်တော် သက်တမ်းအတွင်း  UN အစည်းအဝေးတစ်ခုမှာ မြန်မာ့အရေးနဲ့  ပတ်တတ်ပြီး ဆွေးနွေးကြရာ  ယန်ကီးတို့ဦးဆောင်တဲ့ အုပ်စုမှ ရို တိုင်းရင်းသား  ဖြစ်ရေး ဆွေးနွေးဖို့ ဆောင်ရွက်နေတာကို    မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး… Read More