Friday, July 9, 2021

မဲမသမာမှု ၁၁သန်းကျော် တွေ့ရှိကြောင်း UEC က အပြီးသတ်ထုတ်ပြန်လိုက်ပြီ


နေပြည်တော်၊ ဇူလိုင် ၈

NLDအစိုးရလက်ထက်တွင် ကျင်းပခဲ့သော ၂၀၂၀ ရွေးကောက်ပွဲတွင် မဲသမမာမှုဖြစ်ပွားခဲ့သော မဲဆန္ဒရှင်အရေအတွက်စုစုပေါင်းမှာ ၁၁၃၀၅၃၉၀ (ဆယ့်တစ်သန်းကျော်) ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က စိစစ်ထုတ်ပြန်လိုက်သည်။

ယနေ့ ၈-၇-၂၀၂၁ ရက်စွဲဖြင့် ထုတ်ပြန်သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတင်းထုတ်ပြန်ချက်တွင် “စစ်ဆေးရာတွင် နိုင်ငံသားစိစစ်ရေးကတ်မပါရှိဘဲ မဲစာရင်းတွင်ပါဝင်နေသူများ၊ နိုင်ငံသားစိစစ်ရေးကတ်တစ်ခုတည်းဖြင့် မဲစာရင်းတွင် ၂ကြိမ်ပါဝင်နေသူများကို ခွဲခြား၍ မြို့နယ်အလိုက် စစ်ဆေးခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် အပြန်အလှန်စစ်ဆေးခြင်း (Cross Check)၊ တစ်နိုင်ငံလုံး အပြန်အလှန်စစ်ဆေးခြင်း (Cross Check)များအရ မဲစာရင်းထပ်နေသူများ၊ အသက် ၁၀၀နှစ်အထက် မဲစာရင်းတွင် ပါဝင်နေသူများနှင့် ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် အသက် ၁၈နှစ်မပြည့်ဘဲ မဲစာရင်းတွင် ပါဝင်နေသူစာရင်းများအရ မဲမသမာမှုဖြစ်ပွားခဲ့သော မဲဆန္ဒရှင်အရေအတွက် စုစုပေါင်းမှာ ၁၁၃၀၅၃၉၀ ဦးဖြစ်ကြောင်း” ဖော်ပြပါရှိသည်။

UEC ၏ ထုတ်ပြန်ချက်တိုင်းနှင့် ပြည်နယ်အလိုက် မဲမသမာမှုဖြစ်ပွားခဲ့သော မဲစာရင်းစစ်ဆေးတွေ့ရှိချက်များကို ဖော်ပြထားပြီး နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူ၊ နိုင်ငံသားစိစစ်ရေးကတ် တစ်ခုတည်းဖြင့် မဲစာရင်း ၃ကြိမ်နှင့်အထက်ပါဝင်နေသူ၊ နိုင်ငံသားစိစစ်ရေးကတ်တစ်ခုတည်းဖြင့် မဲစာရင်းတွင် ၂ကြိမ်ပါဝင်နေသူ၊ အသက် ၁၀၀ အထက် မဲစာရင်းတွင် ပါဝင်နေသူ၊ အသက် ၁၈နှစ်မပြည့်ဘဲ မဲစာရင်းတွင် ပါဝင်နေသူများစာရင်းကို စိစစ်ထုတ်ပြန်ထားခြင်း ဖြစ်သည်။

စိစစ်နေစဉ်ကာလအတွင်း မဲမသမာမှုများ ကျူးလွန်ခဲ့ကြောင်း NLDအစိုးရလက်ထက်က UEC တွင် ပါဝင်ခဲ့သူ တချို့က ဝန်ခံထွက်ဆိုထားသည်။ NLD လွှတ်တော်အမတ်များအနေဖြင့် မဲမသမာမှုများကြောင့် ခေါင်းဆောင်တချို့ ထိန်းသိမ်းခံရပြီးချိန်မှစ၍ NLDလွှတ်တော်အမတ်ဟောင်းများပါဝင်သော CRPHအကြမ်းဖက်အဖွဲ့၊ NUGအကြမ်းဖက်အဖွဲ့၊ PDF အကြမ်းဖက်အဖွဲ့များကို ဖွဲ့စည်း၍ တပ်မတော်ကို တော်လှန်သည်ဆိုကာ လူသတ်၊ မီးရှို့၊ ဗုံးခွဲ အကြမ်းဖက်မှုမျိုးစုံကို လုပ်ဆောင်နေခဲ့ကြသည်။

#MyanmarNationalPost
#mnpnews