Sunday, July 11, 2021

ဘယ်ရောက်ကုန်တာလဲ...?


နီပေါတွေက ကြိုတင်ကြံစည်ပြီး ယုတ်မာကြတာပေါ်လာပြီပဲ အဲ့ဒီနေရာရဲ့ meeting room ကို store အဖြစ်ပြောင်းလဲထားတယ်လို့ မန့်မှာတွေ့ရ 

ဒီလိုတော့ တွေ့တယ်။
ဒါတွေဘယ်ရောက်ကုန်တာလဲ.???
(ခရက်ဒစ် မူရင်း။)

ရွေးကောက်ပွဲပြီးတော့ ကိုဗစ်ရောဂါလည်း အထိုက်အလျောက် ငြိမ်လာပေမယ့် နာ့စ်တွေနဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကို ဖေဖော်ဝါရီ ၁ ရက်နေ့ ပြန်စုစည်းခိုင်း ထားခဲ့တယ်လို့ သိရတယ်။
..
ကိုဗစ်တတိယလှိုင်းအတွက် ပြင်ဆင်ဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြန်ခေါ်တာလို့ သိခဲ့ရပေမယ့် တကယ့်တကယ်မှာ ဖွင့်ထားတဲ့ ကိုဗစ်စင်တာတွေကို အမြန်ပိတ်သိမ်းဖို့ ကြိုးစားနေခဲ့တယ်။
..
ရှိနေတဲ့ စင်တာကလူတွေကိုလည်း ဖောင်ကြီးကိုလွှဲတာတွေ၊ တစ်ခြားနေရာတွေကို လွှဲတာတွေလုပ်ပြီး စင်တာတွေကို အားဂျင့် ပြန်ရုတ်သိမ်းနေလို့ မိတ်ဆွေတွေနဲ့တောင် ဆွေးနွေးဖြစ်ခဲ့သေးတယ်။
..
ဖေဖော်ဝါရီ ၁ ရက်နေ့ ကိစ္စဖြစ်ပြီး ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေ CDM လုပ်ကြတာမှာ ပြန်စုစည်းဖို့ ခေါ်ထားတဲ့ နာ့စ်တွေအပါအဝင် အများစုဟာ CDM ကုန်ကြတော့ ဆေးရုံတွေ မလည်ပါတ်နိုင် ဖြစ်သွားတယ်။
..
အခု ကိုဗစ် တတိယလှိုင်းဖြစ်လာချိန်မှာ ယခင် စင်တာတွေကမရှိ၊ အဲ့ဒိ စင်တာတွေမှာ သုံးခဲ့တဲ့ Oxygen Concentrator တွေလည်း အစအနပျောက်ကုန်တယ်။ ဘယ်ရောက်ကုန်မှန်းမသိ။
..
NLD ပါတီကထုတ်တဲ့ ပြက္ခဒိန်မှာ ၂၂/၀၂/၂၂ ကိုဖြုတ်ထားတာရယ်၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကို တတိယလှိုင်းအတွက်ဆို ပြန်စုတာရယ်၊ ကိုဗစ်စင်တာတွေကိုတော့ အမြန် ပိတ်ပစ်တာရယ်ကိုကြည့်ရင် စနစ်တကျ ကြိုတင်ပြင်ဆင် အကွက်ချ ယုတ်မာတဲ့ လုပ်ရပ်တစ်ခုပဲ။
..
အာဏာသိမ်းခဲ့သည်ရှိသော် နိုင်ငံခြား အရံငွေ ပြဿနာတက်အောင် နိုင်ငံပိုင် အမေရိကန်ဒေါ်လာတွေကို အမေရိကန်မှာ ၁ ဘီလျံ၊ အိမ်နီးခြင်း နိုင်ငံတွေမှာ ၅ ဘီလျံကျော် လွှတ်တော်က ခွင့်ပြုချက်မယူပဲ လွှဲပြောင်းထားခဲ့တယ်။
..
အခုလည်း နိုင်ငံသားတွေရဲ့ ကျန်းမာရေးနဲ့ သက်ဆိုင်တာကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သွားတာဟာ အတော်လေးတော့ ကြောက်စရာကောင်းတယ်။ အာဏာအတွက် တိုင်းပြည်နဲ့ လူမျိုးကို ခြ နင်းသွားတာ။
..
မီတာခမဆောင်ဖို့ နိုဗန်ထူးရေးတဲ့ စာထဲက ကျွန်တော်တို့ဟာ Failed State အထိသွားဖို့ ပြင်ဆင်ထားတယ် ဆိုတဲ့စကားဟာလည်း အင်မတန်ကို ထိတ်လန့်စရာကောင်းတယ်။
..
မှိုင်းမိသူတွေကတော့ ဆက်ပြီး မိုက်တွင်း နက်နေကြဦးမှာပဲ။ ဥာဏ်ရှိသူတွေကတော့ ကိုယ့်အသိဥာဏ်နဲ့ အသက်ရှင်သန် နေထိုင်ကျန်ခဲ့အောင် ဂရုစိုက်ကြဖို့ပဲ တိုက်တွန်းရတော့မယ်။

ဒါတွေ့တယ်။

..
https://www.facebook.com/permalink.php?story_fbid=2729974657278731&id=100007986704850

Related Posts:

  • ရင်ထဲထည့်ထားမှ အောင်မြင်မယ်         စစ်သူကြီး မဟာဗန္ဓုလဟာ ရာထူးငယ်ဘဝကတည်းက စစ်ချီ စစ်တက် နဲ့ စစ်မြေပြင် မြေပုံတွေကို သူ့ဆီမှာ စုဆောင်းထားပြီး ငါသာ စစ်သူကြီးဆိုရင် ဒီစစ်ပွဲကို ဘယ်လိုတိုက်မလဲ ဆိုတဲ့ တွေးဆချက်တွေ နဲ့ အမြဲလေ့လာ အား… Read More
  • ကျနော်တို့ မစဉ်းမိခဲ့တဲ့ အရာNLD လက်ထက် လွှတ်တော်ကြီးဆေးသုပ်တာ သိန်း၄ထောင် ဆိုတော့တကယ်ဆောက်ခဲ့ရတဲ့ ဦးသန်းရွှေဘယ်လောက်များ ကုန်ကျခဲ့မလဲ?NLDလက်ထက် ၁မိုင်ရှည်တဲ့ လမ်းခင်းတာ ကျပ်သိန်း ၁သောင်း၉ထောင်ဆိုတော့မိုင် ၅၀၀ အထက်ရှည်တဲ့ နေပြည်တော်အမြန်လမ်းမကြီး ခင… Read More
  • စစ်အစိုးရကျေးဇူးမူးလို့ရှူစရာမရှိဘူးတက္ကသိုလ် တစ်ခုကို စိတ်ကူးနဲ့ဆောက်ကြည့်ကြပါဦးမြေနေရာစရှာမယ်မြေပြင်မယ်မိန်းဆောင်စဆောက်မယ်နားနေဆောင်တွေခန်းမတွေအဆောင်လမ်းတွေဘာသာရပ် အလိုက် စာသင်ဆောင်တွေဝန်ထမ်းအိမ်ယာတွေဘာသာရပ်တစ်ခုချင်းစီအလိုက် သင်ထောက်ကူပစ္စည်းတွေနည်းပြခန့်ထား… Read More
  • မြန်မာ့ ဆေးလောက          ဆယ်တန်းအောင် အမှတ်စနစ်ဖြင့် အမြင့်ဆုံး ခွဲတမ်း သတ်မှတ်ခံထားရတဲ့ ဆေးလောကကို လေ့လာကြည့်ပါ ။ ယနေ့ ဆရာဝန် 62 % သည် တရုတ်နွယ်ဖွားများသာ ဖြစ်နေကြသည်ကို ကြောက်မက်ဖွယ် လေ့လာတွေ့ရှိလာရပါတယ် ။ &n… Read More
  • ရေစကြိုမြို့ရှိ ဗောဓိရိပ်သာ ဘုန်းတော်ကြီးကျောင်းကို NUG သြဇာခံ PDF အကြမ်းဖက်သမားများက ဝင်ရောက်ဖျက်ဆီးပြီး ဘုရား ဘဏ္ဍာငွေများလုယက်ယူဆောင်သွားရန်ကုန်၊ နိုဝင်ဘာ ၂၂ (MHT)မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ ကျောက်ဖူးကျေးရွာ (၁)မှာရှိတဲ့ ဗောဓိရိပ်သာဘုန်းတော်ကြီးကျောင်းကို နိုဝင်ဘာ ၁၉ ရက်က NUG အကြမ်းဖက်အဖွဲ့၏ စေခိုင်းချက်အရ PDF အကြမ်းဖက်သမားများမှ ဝင်ရောက… Read More