Sunday, July 11, 2021

ငရဲကြတယ်ဆိုတာ တချို့ကသေမှာကြတယ်လို့ ထင်နေကြတယ်


ကျွန်တော်တို့မြန်မာလူမျိုးတွေက အရှင်လတ်လတ်
ငရဲကြနေတာကို မမြင်ကြဘူး
ပဟာသငရဲဆိုတာ ကိုယ့်အသားတွေကို 
ကိုယ့်ဘာသာကုတ်ဖဲ့စားတဲ့ငရဲဘဲ ခုကျွန်တော်တို့ 
မြန်မာတွေ ကိုယ်အသားကို ကုတ်ဖဲ့စားတဲ့ငရဲမှာ
ကြနေကြပြီး ငရဲပန်းကို သရဖူထင်ပြီး
အလုအယက်ဆောင်းနေကြတယ်

ကိုယ်ရဲ့အသက်ကို ကယ်မဲ့ဆရာဝန်တွေ မကယ်တော့ဘူးဆိုပြီး CDM လုပ်တာကို ဝမ်းသာအားရ 
ထောက်ခံကြတယ် CDM မလုပ်တဲ့ဆရာဝန်
တွေကိုတောင် ရန်လုပ်ကြသေးတယ်

ကိုယ်သေတွင်းကိုယ်တူးခဲ့ကြတယ် ဆေးရူံတွေမှာ ဆေးဝါးအောက်ဆီဂျင်ရှိတယ် ဆရာဝန်မရှိတော့လူနာလက်မခံနိုင်ဘူး ကိုဗစ်စန်တာတွေဖွင့်ထားတယ် ကုပေးမဲ့သူမရှိဘူး တံတွေးကို ပက်လက်လှန်ထွေးတော့ 
ကိုယ့်မျက်နှာပေါ်ပြန်ကြတာပေါ့ ပြည်သူတွေဒီလို့သေဘေးကြုံနေတာ မြှောက်ပေးခဲ့သူတွေ စိတ်သန့်ရဲ့လား

ပြည်သူတွေဒုက္ခရောက်တိုင်း ပြည်သူအချင်းချင်းဘဲကယ်ခဲ့ရတာ ခုချိန်မှာ ကိုယ်လူမျိုးအချင်ချင်းသတ်ဖြတ်ဖို့
အားပေးအားမြှောက်လုပ် ငွေကြေးထောက်ပံ့သူတွေက
 ပြည်သူအသက်တွေကယ်ဖို့ လက်တွန့်နေကြပြီ ဒါဟာအရှင်လတ်လတ် ကူကယ်ရာမဲ့ ငရဲကြနေကြတာဘဲ 

ဒီအခက်အခဲတွေကိုကျော်ဖြတ်ဖို့ ကျွန်တော်ပြည်သူတွေ
စည်းလုံးဖို့အချိန်တန်ပြီ တစ်ယောက်တစ်လက်ဖေးမကြပါ

ရန်မလုပ်ဘဲ စုစည်းကြပါ ဘယ်သူသေသေ ငါတို့ပြည်သူတွေဆိုတဲ့ စိတ်ထားကြပါ စားခွက်လုပွဲကို 
ခနလောက်မေ့ထားပြီး ငါတို့ဟာပြည်သူတွေဖြစ်တယ်ဆိုတဲ့စိတ်ထားလေးနဲ့ ညီညွတ်ကြပါ 

ကိုယ့်မှာရောဂါရှိနေတယ်လို့ သဘောထားပြီး သူများတွေမကူးအောင်ရှောင်ကျဉ်မယ် မသေခင် ငါလိုရောဂါကူးနေသူတွေ မသေအောင် သက်သာအောင် ဖေးမပေးမယ်ဆိုတဲ့စိတ်ထားလေးထားကြပါ ဒီငရဲက ပြည်သူတွေစုပေါင်းညီညွတ်မှူ့အားနဲ့ကျော်ဖျက်ကြပါဆို့လို့ နှိုးဆော်တိုက်တွန်းရင်း

ကိုကျော်ကြီး
ဓာတ်ပုံ လူမှု့ကွန်ယက်