Sunday, July 11, 2021

မျှဝေပါသည်ဆရာဝန်


မနက်အစောကြီး ကိုစိုးရောက်လာတယ် ။ နှစ်ယောက်သား လက်ဖက်ရည်ဆိုင် သွားနေတော့ လမ်းမှာ CDM ဆရာဝန်နဲ့ တွေ့ပြီး နှုတ်ဆက်ခဲ့သေးတယ် ဗျ ။ စားသောက်ပြီးတာ နဲ့ ကိုစိုးက

"ငမျိုးရေ ငါစဉ်းစားနေတာ ကြာပြီကွ စောစောက CDM ဆရာဝန်တွေ အကြောင်းပေါ့ကွာ"

"ဘာလဲ အပေါစားလော်ဘီတွေရဲ့ စကားကို နားထောင်ပြီး CDM လုပ်နေကြတာကို နားမလည်တာလား ကိုကြီးစိုး"

"အေးကွ အတော်ဆုံးဆိုတဲ့ ဒိပ်ဒိပ်ကျဲတွေ ဘယ်လိုဖြစ်ပြီး နိုင်ငံရေး နောက်မြှီးဆွဲတွေ ဖြစ်ကုန်ကြရတာလဲ ကွ"

"မိတ်ဆွေ ဆရာလှိုင်နဲ့ ပြောဖူးတယ် သူပြောတာလည်း သဘာဝကျတယ် ဗျ အခု CDM ဖြစ်စဉ်နဲ့ ဆရာဝန်လောကကို ဝေဖန်မယ်ဆိုရင် ခွဲခြမ်းလေ့လာ ဝေဖန်ရမယ် ဗျ "

"အေးလုပ်စမ်းပါအုံး "

"ကိုစိုးပြောခဲ့သလို ဆရာဝန်ဆိုတာ အတော်ဆုံးလူသားတွေ ဆိုတာ အလုံးစုံ မမှန်ဖူးဗျ သူတော်တာက စွမ်းရည် ၈ မျိုးထဲက ကျက်မှတ် ပြန်ရေး ဆိုတဲ့ မှတ်သားမှု စွမ်းရည် တမျိုးပဲ ထူးချွန်ကြတာ ဗျ ကျန်တဲ့ စွမ်းရည် ၇ မျိုးမှာ ချာတူးလံ များတယ် ဗျ "

"ဟေ စွမ်းရည် ၈ မျိုး ဟုတ်လား ကွ"

"ဟုတ်တယ် ဗျ လူမှုဆက်ဆံရေး ပြေပြစ်တာလည်း စွမ်းရည်တမျိုးပဲ ၊ အနုပညာထူးချွန်တာလည်း စွမ်းရည်တမျိုးပဲ ၊ စက်ပိုင်းဆိုင်ရာ သင်ယူတတ်မြောက်လွယ်တာလည်း စွမ်းရည်တမျိုးပဲ ၊ အလှပြင်ပေးနိုင်တာ ၊ အချက်အပြုတ်ကောင်းတာ အစရှိတဲ့ စွမ်းရည် ၈ မျိုးဟာ လူတိုင်းမှာ အနည်းဆုံး တမျိုးတော့ ရှိတယ် ဗျ ပါရမီအလျှောက် အချို့ကြတော့ စွမ်းရည်အမြောက်အများ ရှိကြတယ် ဗျ"

"သြော် ဟုတ်ပြီ ဝင်းဦးလို စွယ်စုံရသူ ၊ သောမတ်အက်ဒီဆင်လို ပညာစုံသူတွေပေါ့ "

"ဟုတ်တယ်ကိုစိုး ကျနော်တို့ ဆီက ဆေးလောကမှာ ဆရာဝန်ဆိုတဲ့ လူတန်းစားဟာ စာဂျပိုးတွေချည်းပဲ ဗျ ကျောင်းသားဘဝမှာ ချီးကျူးမှု ခံခဲ့ရပြီး စာ မှ စာ ပဲ သိကြတယ် ကျန်တဲ့ အရည်အသွေး ၇ မျိုး ချို့တဲ့သူ များတယ် ဆိုရင်ကိုစိုး လက်ခံသလား ဗျ "

"အားလုံးတော့ မဟုတ်ပါဘူး ကွာ ဒါပေမယ့် ယေဘူယျအားဖြင့်တော့ 90 % မှန်တယ် ဟေ့ "

"ဒီတော့ ကလေးဘဝကတည်းက စာမှစာပဲ သိလာကြတယ် ၊ ချီးမွှမ်းခံကြရခြင်းကို ဘိန်းစွဲသလို စွဲနေကြတယ် ဆိုရင် လွန်သွားမလား ကိုကြီးစိုးရေ"

"အင်း သဘာဝကျတဲ့ ကောက်ချက် ပဲကွ ဆက်ပြောပါအုံး"

"လောကကြီးထဲကို ဆေးကျောင်းကဆင်းလာပြီး လူတွေကို အသက်နဲ့ ပတ်သက်ပြီး ချုပ်ကိုင်ခွင့်ရထားတဲ့ ဆရာဝန်တွေရဲ့ စိတ်ထားဟာ ငါ မှ တပါး အခြားမရှိဆိုတဲ့ မာနတံခွန် ထိပ်ကိုရောက်သွားပြီ ကိုစိုးရ"

"အေး ဒီတော့"

"ကျန်တဲ့သူတွေဟာ သူတို့လောက်မတော်ဖူး မတတ်ဖူး သူတို့သာလျှင် အတော်ဆုံး အတတ်ဆုံး နိုင်ငံတော် ခေါင်းဆောင်တွေဆိုတာကလည်း သေရေး ရှင်ရေးဆိုရင် သူတို့ကို ဆရာရယ် ကယ်ပါအုံး ဆိုပြီး ခယ ကြရတာပဲ ဆိုတဲ့ အစွဲမာန ရှိကြတာချည်းပဲ ဗျ "

"အင်း ဒီတော့"

"သူတို့စိတ်ထဲမှာ နိုင်ငံအုပ်ချုပ်နေတဲ့ ကောင်တွေ ကံကောင်းလို့ နေရာ ရနေကြတာ ငါတို့လောက် မတော်ဖူးလို့ ထင်နေကြရှာတယ် ဗျ သူတို့ကို အမိန့် ညွှန်ကြားချက် ပေးနေရင်လည်း မကျေနပ်ပဲ ရင်ထဲက ဆန့်ကျင်နေမိကြပါလိမ့်မယ် အထူးသဖြင့် ဆယ်တန်းအောင်တုန်းက ဆေးအမှတ်မမှီလို့ တပ်ထဲရောက်ပြီး သူတို့ထက် ပါဝါကြီးနေတဲ့ ကျောင်းနေဖက်တွေနဲ့ ဆုံကြရင်ပေါ့ လေ"

"အေးကွ တွေးစရာတွေ ပဲ "

"ဆရာဝန်ကြီးတွေက အစဉ်အဆက် လက်ဆင့်ကမ်းလာတဲ့ ငါတို့သာ အတော်ဆုံး ဆိုတဲ့ လွှဲမှားတဲ့ မာနတရား နဲ့ တည်ဆောက်လာတဲ့ ဆေးလောကကို အာဏာနဲ့ စပြီး ဖျက်ဆီးခဲ့တာ NLD ပဲ ဗျ"

"ဟ မင်းဟာက ဘာဆိုင်လို့ လဲကွ"

"NLD ထဲက ဝန်ကြီးချုပ်တွေ နဲ့ ထိပ်ပိုင်းရာထူးတွေကို ကြည့်လိုက် ကိုစိုး ဆရာဝန်တွေ အများစုပဲ အင်ဂျင်နီယာ ဘယ်နှစ်ယောက် တွေ့သလဲ ပြောကြည့်"

"ဟေ ဒါလည်း ဟုတ်သဟ ကဲ ဆက်ပြောပါအုံး"

"ဒီတော့ ဆရာဝန်လောကမှာ NLD သာလျှင် ငါတို့လောကကို တန်ဖိုးထား တယ် ဆိုတဲ့ အမြင်ဝင်လာကြတယ် ဗျ ဇော်ဝေစိုးတို့ ဇော်မြင့်မောင်တို့ မြင့်ထွေးတို့ ဘယ်လောက် သွေးထိုးနေမလဲ တွေးကြည့်လေ"

"အင်း ဒီတော့ CDM ကြရောပေါ့"

"မဟုတ်သေးဘူး ဆေးလောက တခုလုံးကို အာဏာရမ္မက်ထည့်ပေးလိုက်တာ NLD လုပ်ကြံထားတဲ့ COVID ကြောင့်ပဲ"

"ဟေ Covid နဲ့ ဆေးလောကရဲ့ CDM ဘာဆိုင်လဲကွ "

"Covid ကာလမှာ သြဇာ အကြီးဆုံး လူထုအားအကိုးရဆုံးက ဆေးလောကလေ ကိုကြီးစိုး"

"အံမယ် ဟုတ်သဟေ့ တခြားနေရာ သွားချင်ရင် ကျန်းမာရေးဝန်ထမ်းက အခရာ ဗျာ သူ့လက်မှတ်ပါမှ သွားလို့ ရတာကိုး သူနာပြုကအစ ခြေဖျားထောက်နေတာ ဟေ့"

"မှန်တယ် အဲဒီ ယာယီအာဏာကို အလွန်စွဲမက်သွားတဲ့ အချက်ကလည်း CDM အတွက် ဆွဲအားတမျိုးပဲ ကိုကြီးစိုးရ"

"အောက်ခြေက သူနာပြုတွေ ဝန်ထမ်းတွေကရော "

"သြော် သူတို့လောကရဲ့ ဘုရင် ဆေးရုံအုပ်တွေပါ ပါနေမှတော့ သူနာပြုလောက် ပြောမနေနဲ့တော့ လေ "

"အေး မင်းပြောသလို ဖြစ်နိုင်တယ် ပြီးတော့ အရင်အစိုးရလက်ထက်မှာ ဥပဒေချိုးဖောက်ဖို့ ပူးပေါင်းထားတဲ့ ဆရာဝန်တွေလည်း အစစ်မခံနိုင်လို့ CDM ကုန်တာတွေ တွေ့ရတယ် ကွ"

"မှန်တာပေါ့ Covid အကြောင်းပြ အစိုးရ နဲ့ ပူးပေါင်းပြီး ပြည်သူကိုညဝိုင်းလိမ်နေတဲ့ ဆရာဝန်တွေ အများကြီးလေ "

"အေးကွာ ပြည်သူတွေမှာ အလုပ်အကိုင်ပျက် စိတ်ဆင်းရဲခဲ့ရ နဲ့ တကယ့်အကုသိုလ်တွေဟေ့ အခုထိ နလံမထူတာ တနိုင်ငံလုံးပဲ ကွ"

"နောက်တမျိုးက အခွင့်အခါပေးရင် အဖျက်အမှောက်လုပ်နိုင်ဖို့ အလွှာအသီးသီးမှာ ထည့်ထားတဲ့ ပြည်ဖျက် ဆဲလ် ဆရာဝန်တွေ လှုံ့ဆော်တာလည်း ပါမယ် ဗျ"

"ဒါတော့ သေချာတယ် ဟေ့"

"ဟုတ်တယ် ကိုစိုးရေ ကဲ ဆရာဝန်တွေ CDM ကြတဲ့ အကြောင်း ကျနော် နဲ့ ဆရာလှိုင် ကောက်ချက်ချမိတာ အဲဒါတွေပဲ ဗျ ကျနော်ကနည်းပါတယ် ဆရာလှိုင်က အချက်အလက် အတော်များများ ဆွဲထုတ်ပြတာပါ"

"နေအုံးကွ NLD က မင်းပြောခဲ့သလို အင်ဂျင်နီယာ ပညာရှင်တွေ ဘာလို့ သိပ်မသုံးတာလဲ"

"နိုင်ငံရေးလောကမှာ ခေါင်းဆောင်နေရာ မြဲဖို့ ခပ်တုန်းတုန်း နောက်လိုက်စုဆောင်းဖို့ လိုအပ်လို့ပေါ့ ဗျာ"

"ဟကောင် ဆရာဝန်က တုန်းမလား အင်ဂျီနီယာက တုန်းမလားကွ ဆရာဝန်သုံးရင် အင်ဂျင်နီယာလည်း သုံးရမှာပဲလေ သူလည်း စာတော်တာပဲ လေ"

"တက္ကသိုလ်မှာ သင်ရိုးမတူဘူး အင်ဂျင်နီယာက ဒါကြောင့် ဒါဖြစ်တယ် ဒါမျိုးလုပ်ရင် ဒါပျက်မယ် ဒီလိုပြင်ရမယ် ဆိုတဲ့ တိကျတဲ့ အကျိုး အကြောင်း သင်ရိုးညွှန်းတန်း နဲ့ ဆက်စပ်စဉ်းစားတဲ့ ဥဏ်ကို လွှာပြီး အသုံးချဖို့ သင်ခဲ့ကြရတာ လိမ်ဖို့ မလွယ်ဖူးလေ"

"ဟိုက် ဒါဆို ဆရာဝန်က "

"ခေါင်းကိုက်ရင် အကြောင်းရှာ ဘာဆေးတိုက် ဗိုက်နာရင် အကြောင်းရှာ ဘယ်အုပ်စုတိုက် ဒါပဲ သင်ခဲ့ရတာ လေ "

"ဟိုက် ဆင်ခြင်တုံတရား မသင်ဖူးလား ဟ"

"ရောဂါနဲ့ ပတ်သက်တဲ့ အကြောင်းဆက်စပ်မှုပဲ သင်ရမှာပေါ့ ကျန်တဲ့ လူမှုရေး စီးပွားရေး နိုင်ငံရေး ဘာတခုမှ မသင်ရတော့ ဘာမှ သိမလာဖူး ဒါကြောင့် အသုံးချခံနေရအောင် ခပ်တုန်းတုန်းတွေ ဖြစ်နေတာ ပဲ"

"ဟိုက် ဆရာဝန်တွေ ဖတ်မိရင် မင်းကို သတ်ချင်လိမ့်ဟေ့ "

"ဖတ်ပါစေပဲ ဆုတောင်းပါတယ် ဗျာ "

"OK ကွာ ပြန်ကြစို့"

       
          မျိုးဝင်း

(NLD အကွက်တွေက အူကြောင်ကြား ဆရာဝန်တွေသာ ဘဝင်စိတ်ကြောင့် မသိကြတာ ဒီကလေးတောင် သိပါ့😁😁😁😁)