Monday, July 5, 2021

ကကွက် ပြောင်းခြင်း 🍁


ယခင်ကတော့ တပ်မတော်နဲ့ထိတွေ့မှုတွေတိုင်းမှာ ပါဝါရိန်းဂျားတွေအလား အစွမ်းပြကြတဲ့ အကြမ်းဖက် PDF ဂျီဇက်တွေဟာ အခုတလောတော့ဖြင့် သတင်းတွေပေါ်မှာ ခပ်စိပ်စိပ် အသေအပျောက်များလာကြပြီဖြစ်ပါတယ်။ ကောင်းပါတယ်။ အဲဒီတော့လည်း အရေးတော်ပုံကြီး အကျအဆုံးများစွာဖြင့် ဖြိုခွဲခံလိုက်ရကြောင်း လူသိတာပေါ့။ နောက်ထပ် လာပေါင်းမယ့်လူတွေရော အထောက်အပံ့တွေပါ လျော့သွားလိမ့်မယ်။ အရှုံးသမားတွေဘက်က ဘယ်ငပိန်းက ပုံအော လောင်းကြေးထပ်မှာလဲ။ 

ဒီလို လေသံပြောင်းတော့မယ်ဆိုတာကို 'NUG က PDF ကို တိုက်ရိုက် အမိန့်ပေးတာမျိုးမရှိဘူး' လို့ ‌တက်ပြောကတည်းက ကျွန်တော် မျှော်လင့်ထားပြီးသားပါ။ မဟားတရား အကြမ်းဖက်ပြီး Soft Target တွေကိုချည်း တိုက်ခိုက်နေတဲ့အခါ နောက်က ထောက်ပံ့ရမယ့်လူတွေ အကြပ်ရိုက်လာတယ်။ သောင်းကျန်းသူ နယ်မြေတွေမှာလည်း သုတ်သင်မှုတွေ ကြမ်းလာတဲ့အခါ NUG အနေနဲ့ PDF ကို စွန့်ပစ်ရုံအပြင်မရှိဘူး။ ဒီတော့ သေသမျှဟာ 'တပ်မတော်ကြောင့်' ဆိုတဲ့အထာနဲ့ တိုက်ပွဲတွေမှာ သေစာရင်းတွေကို ခပ်များများပြလာတယ်။ 

သူတို့လွတ်သွားတဲ့အချက်ရှိပါတယ်။ PDF သည် Militia (လက်နက်ကိုင်) ဖြစ်ပါတယ်။ အရပ်သားတွေ (Civilians) မဟုတ်ပါဘူး။ ဒီတော့ အရပ်သားတွေရမယ့်အခွင့်အရေး ဘာတစ်ခုမှမမျှော်လင့်ပါနဲ့။ မနိုင်နိုင်မှန်း သေချာရင် အစကတည်းက မတိုက်တာကောင်းပါတယ်။ 

ဒုတိယတစ်ချက်က PDF ‌တွေရဲ့ကိစ္စသည် သိပ်ကို "Localized" ဖြစ်ပါတယ်။ ဆိုလိုတာက ပြည်တွင်းရေးသက်သက်ပဲ။ သူ့ပြည်တွင်းမှာ သူ့အစိုးရကို မကျေနပ်လို့ လက်နက်ကိုင် သူပုန်ထတယ်။ သူပုန်ထတော့ ပင်မ တပ်မတော်က နှိမ်နင်းတယ်။ ဒါထက်မပိုဘူး။ ကျွန်တော်တို့ထက် အာဖဂန်နစ္စတန်တို့၊ ဆူဒန်တို့၊ ဆီးရီးယားတို့၊ လတ်တလော အီသီယိုပီးယားတို့က ပိုတောင်ကြမ်းသေးတယ်။ 
တိုက်ပွဲဟာ 'သတင်း' တစ်ပုဒ်ထက် မပိုသလို အကျအဆုံးဆိုတာလည်း 'ကိန်းတစ်ခု' ထက် မပိုတာကို သဘောပေါက်ပါ။ 

တတိယတစ်ချက်က တပ်မတော်အနေနဲ့ အခုအချိန်မှာ မီဒီယာတွေပေါ်တက်လာတဲ့ အကြမ်းဖက် PDF တွေရဲ့ အကျအဆုံးစာရင်းကို လိုရမယ်ရ ယူထားရင် ကောင်းမယ်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီအဖွဲ့တွေကို ဖွဲ့စည်းပေးပြီး သင်တန်းဆင်းပေးခဲ့တာဟာ အကြမ်းဖက် NUG ဖြစ်ပါတယ်။ အရပ်သားတွေကို NUG က ပုံစံပြောင်းပေးခဲ့တာဖြစ်လို့ ဒီအဖွဲ့တွေရဲ့ သေဆုံးစာရင်းကို NUG က တာဝန်ခံရပါလိမ့်မယ်။ ပြန်ချည်ဖို့ သုံးစေချင်ပါတယ်။

သုံးတတ်ရင် PDF ကို အကြောင်းပြုပြီး NUG နဲ့ EAO တွေကြား ပတ်ရှုပ်လာအောင်တောင် လုပ်လို့ရပါတယ်။ ကျွန်တော်သာဆိုရင် တာဝန်မခံရဲလို့ ခေါင်းရှောင်နေတဲ့လူတွေအပေါ် တာဝန်ကြီးကြီး ပစ်တင်ပေးလိုက်မှာ သေချာတယ်။ 

စတုတ္ထတစ်ချက်က လတ်တလောမှာ တပ်မတော်ဘက်က အကြမ်းဖက်တွေရဲ့ လက်နက်လမ်းကြောင်းတွေကို အတော် ဖမ်းနိုင်လာတာ တွေ့ရတယ်။ ဒီတော့ ကြီးကြီးမားမားစစ်ဆင်တာမျိုး မလုပ်နိုင်လောက်ပါဘူး။ အောင်မြင်နိုင်ခြေမရှိလို့လည်း NUG က PDF ကို စွန့်ပစ်လိုက်တာပါ။ ဒါကြောင့် အသေးအဖွဲ ဗုံးခွဲမှု၊ အရပ်သားတွေကို တစ်ဦးချင်းတိုက်ခိုက်မှုကိုပဲ ဦးစားပေး ကာကွယ်စေလိုပါတယ်။ NUG ကိုယ်တိုင်ကလည်း လူမျိုး‌လိမ်အရေးကို ပွဲထုတ်ကစားလာတဲ့အခါ ပြည်တွင်းထဲမှာ အခြေအနေမကောင်းဘူးလို့ ယူဆရမှာပါ။ ဒါကို နိုင်ငံတကာမီဒီယာတွေက သုံးသပ်ပြီးပါပြီ။

နောက်ဆုံး အရေးအကြီးဆုံးတစ်ချက်ရှိပါတယ်။ ဒီအချက်ကို ကျွန်တော် မရေးချင်ပါဘူး။ လိုအပ်လို့ ရေးတာပါ။ 
အကြမ်းဖက်တွေက တပ်မတော်ကို ပြိုကွဲဖို့ မျှော်လင့်နေပါတယ်။ တပ်မတော်ပြိုကွဲရင်ပဲ ဒီ အာဏာထိန်းမှုကြီး အလိုအလျောက် ပျက်စီးသွားမယ်လို့ ယုံကြည်နေကြတယ်။

ဖေဖော်ဝါရီလ (၉) ရက်စွဲနဲ့ Nikkei Asia မှာဖော်ပြတဲ့ - 'Myanmar's Junta is in a much weaker position than many realize' ဆိုတဲ့ သတင်းဆောင်းပါးမှာ - 
'The international community must move quickly to split Junta from the troops and support the civil disobedience movement.' ဆိုပြီး တပ်မတော်ခေါင်းဆောင်တွေနဲ့ တပ်ဖွဲ့တွေကို ခွဲပစ်ပြီး CDM ကို ထောက်ပံ့ပေးဖို့ နိုင်ငံတကာ အသိုင်းအဝန်းကို တွန်းအားပေးထားတာ တွေ့ရပါတယ်။ 

ဒါကြောင့် အဲဒီကိစ္စနဲ့ ပတ်သက်ပြီးလည်း သတိကြီးကြီးထားစေလိုတာ စေတနာပါ။ CRPH, NUG, PDF တွေ ပြိုကွဲသွားသည့်တိုင်အောင် တပ်မတော်ကို ဖြိုခွဲဖို့ (ထိထိမိမိရေးရရင် စစ်ပုန်ကန်မှုကြီးပေါ်ပေါက်ဖို့) မျှော်လင့်နေတာ သူတို့ရဲ့ သဘောထားအမှန်ပါ။ မပေါ့ပါနဲ့။ (ထပ်ပြောပါမယ်။ လုံးဝ (လုံးဝ) မပေါ့ဆပါနဲ့) 

ဒီတော့ အနှစ်ချုပ် သုံးသပ်ရရင် - 

- အကြမ်းဖက် PDF တွေ အကျအဆုံးများလာကြောင်း ဝန်ခံတာကို ကျွန်တော် ကြိုဆိုပါတယ်။ သူတို့ရဲ့အရှုံးကို သူတို့ လက်ခံလာရတာပါ။ ‌မသေချင်ရင် မထကြွပါနဲ့။ စစ်တပ်ဆိုတာ ထိပ်ပုတ်ခေါင်းပုတ် ကစားစရာမဟုတ်ဘူး။ စစ်ဗျူဟာနဲ့ လက်နက် အသာကြီးပါ။ 

- ကျွန်တော်တို့ ပြည်တွင်းမှာ ဘာတွေပဲဖြစ်နေပါစေ။ နိုင်ငံတကာသတင်း စာမျက်နှာပေါ်မှာတော့ ဖြစ်စဉ်တစ်ခုထက်မပိုသလို အသေအပျောက် စာရင်းကလည်း 'ကိန်းတစ်ခု' ထက် မပိုပါဘူး။ ဒါကို အကျိုးရှိရှိ သုံးနိုင်သင့်ပါတယ်။

- Militia ဖြစ်တဲ့အတွက် အရပ်သားတွေလို ဘယ်သူမှ အခွင့်အရေးမရပါဘူး။ ဖိအားပေးလို့လည်း မရပါဘူး။ သို့သော် ဒီလူတွေသေအောင် လက်နက်တပ်ဆင် ဖွဲ့စည်းပေးခဲ့တဲ့ အကြမ်းဖက် NUG ကိုတော့ ဒီလူတွေရဲ့ သေဆုံးမှုအတွက် တာဝန်ခံခိုင်းသင့်ပါတယ်။ 

- တပ်မတော်အနေနဲ့ အကြမ်းဖက်တွေရဲ့ လက်နက်စီးကြောင်းတွေကို ဖြတ်တောက်ရင်း အလစ်တိုက်ခိုက်မှုတွေကို ဖော်ထုတ်တားဆီးဖို့ ပို အာရုံစိုက်စေချင်ပါတယ်။ ကွင်းဆက်ပြတ်ရင် အတော်ငြိမ်သွားမှာပါ။

- အကြမ်းဖက်တွေကို ဖြိုခွဲနေရင်းကပဲ တပ်မတော်ကို ပစ်မှတ်ထား ဖြိုခွဲဖို့ကြံနေတဲ့ အကြံအစည်ကိုလည်း သတိပြုပါ။ အဲဒီ အကြံအစည်က ရေရှည်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် တပ်တွင်း စည်းလုံးမှုနဲ့ လုံခြုံရေးကို အထူးသတိပြုပါ လို့ စေတနာဖြင့် အကြံပြုပါတယ်။ 

ကျွန်တော်က မြန်မာနိုင်ငံကြီးကို ချစ်မြတ်နိုးပြီး အမြန်ဆုံး ငြိမ်းချမ်းစေလိုတဲ့ မြန်မာနိုင်ငံသားတစ်ဦးပါ။ သွေးထွက်သံယိုမှုတွေကိုရော အကြမ်းဖက်မှုတွေကိုပါ ပြီးဆုံးစေချင်ပါပြီ။ ကျွန်တော်တို့ လုပ်စရာတွေများပါတယ်။ ပြန်လည်ထူထောင်ရေးတွေ စီးပွားရေးအကြပ်အတည်းတွေ ကျွန်တော်တို့အတွက် စိန်ခေါ်မှုတွေက များလွန်းတာမို့ အရည်မရ အဖတ်မရ တစ်ပါတီ အာဏာရရေး သူပုန်ထမှုကြီးကို စိတ်ကုန်တာတော့ အမှန်ပါပဲ။ 

ဒီလောက် ဝက်ဝက်ကွဲ တိုက်ခိုက်နေကြတာတောင်မှ "အကြမ်းမဖက်ကြပါနဲ့တော့" လို့ တစ်ခွန်း ပြောဖော်မရတဲ့ မေတ္တာရှင်မကြီးကိုလည်း စိတ်နာမိတာ အမှန်ပါပဲ။ သူနဲ့ထိုက်တန်တာကို သူရသွားတာပါ။

မြန်မာနိုင်ငံသူ နိုင်ငံသားများ ကပ်ဘေးကြီးမှ လွတ်ကင်းကြပါစေ။

From_thantnaysoe