Tuesday, July 6, 2021

နစက အစိုးရကြီးကတော့ ချိုမိုင်မိုင်မကတော့ဘူး


     ရောင်းသူဝယ်သူအသံတူ တွယ်နေပြီ ရွှေလက်နဲ့ ခေါ်တာကိုမလာလို့ Bullets နဲ့ခေါ်နေပြီ။ မြေအောက်ကကောင်တွေကို အောက်ကိုပို့ပေးမယ် မြေပေါ်ကကောင်တွေကို ထောင်ထဲပို့မယ်။ တစ်နည်းအားဖြင့်လက်နက်ကိုင်ပြီး အဖျက်အမှောက်တွေလုပ်ရင် မြေအောက်ကိုရောက်မယ် စာရွက်ကိုင်ပြီး အဖျက်အမှောက်တွေလုပ်ရင် ထောင်ထဲရောက်မယ်။ မြေကြီးကိုလက်နဲ့ ရက်တာကမှလွဲရင်လွဲမယ် ကျုပ်ပြောတာမလွဲစေရဘူး။

     နစက အနေနဲ့ပြတ်ပြတ်သားသား ကိုင်တွယ်ပါတော့မယ် မကိုင်တွယ်လို့လည်း မရေတာ့ဘူး။ မကိုင်တွယ်ဘူး ယ္ခင်ကအတိုင်းဘဲ ကွီးယားကားဇာတ်လမ်းတွဲ ဆက်ရိုက်နေမည် ဆိုပါက မိချောင်းဘဝကနေထင်းတုံး ဖြစ်ရတော့မည် နဂါးဘဝကေန တီကောင်ဖြစ်ရတော့မည်။ အခြေအနေနဲ့ အချိန်အခါအရ ထိန်းပြီ ကိုင်တွယ်ခဲ့တဲ့ အချိန်တွေဟာကုန်ဆုံးခဲ့ပြီ ဖြစ်တယ်။ ရန္သူကို နေလိုမီးလို ကျင့်သုံးရတော့မည့် အချိန်ကိုရောက်လို့နေပါပြီ။ အမှန်တကယ်လည်း မြေပြင်မှာ ဆော်နေပါပြီ။

     ဆေးသမားငကြောင်များနဲ့ ဖွဲ့စည်းထားတဲ့ PDFဆိုတဲ့ ငကြောင်လေးများအနေနဲ့ အခုအချိန်မှာ အမြင်မှန်ရမည်ဆိုပါက အချိန်ရှိနေပါသေးတယ်။ နားထင်ကပူကနဲဖြစ်သွားမှ နောင်တရမည်ဆိုပါက ထိုနောင်တသည် မြေသြဇာဖြစ်မည့် နောင်တသာဖြစ်ပေမည်။

      ခြိမ်းခြောက်ရေးသားနေခြင်း လုံးဝ(လုံးဝ)မပါရှိပါ တပ်ကဘဲကျကျ ရဲကဘဲကျကျ ရပ်ကျေးအုပ်ကြီးတွေဘဲသေသေ PDFတွေဘဲသေသေ GZတွေဘဲသေသေ ဘယ်သူသေသေ အားလုံးဟာ မြန်မာတိုင်းရင်းသားတွေ ဖြစ်နေသည့်အတွက် ဆက်ပြီးမိုက်လုံးမကြီးကြဖို့ တိုက်တွန်း ရေးသားလိုက်ရခြင်းပင် ဖြစ်ပါကြောင်း။ 

     မှတ်ချက်။     ။မိသားစုအရေးကိစ္စမှာ ခြေပုန်းဝင်ခုတ်နေတဲ့ ပွဲလန့်တုန်းဖျာဝင်ခင်းချင်တဲ့ ဆိုးပေတို့ မောင်မဲတို့ရဲ့ အသက်ရှင်သန်ရေးအတွက်ကတော့ စိတ်ကိုမဝင်စားပါ။

     ကိုရွှေမိုး (လှည်းကြိုး ငမိုး)