Tuesday, July 6, 2021

ကဲ့ အကြမ်းဖက်အဖွဲ့တွေနဲ့ဆက်စပ်မှုတွေ


  ဖောက်ခွဲဖျက်ဆီးရေးသင်တန်းများဖွင့်လှစ်ကာ အဖျက်အမှောင့်လုပ်ရပ်များ ဆောင်ရွက် နေသည့် ခင်ကျော်(UNRA)နှင့် ကိုကိုနိုင်(ခ)ဒေါနအပါအဝင် ဆက်စပ်တရားခံများအား ဖော်ထုတ် ဖမ်းဆီးရမိ

နေပြည်တော်၊ ဇူလိုင် - ၂

 ဆူပူအကြမ်းဖက်လုပ်ဆောင်နေသူများနှင့် NLD ပါတီဝင်များ၊ ၄င်းပါတီအား  ထောက်ခံအားပေးသူများအနေဖြင့် အချို့မြို့ကြီးများ၌ အစိုးရ၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်ရည်ရွယ်၍ အပြစ်မဲ့ပြည်သူများအား ဒလန်ဟု စွပ်စွဲသတ်ဖြတ်ခြင်း၊ စာသင်ကျောင်းများ အပါအဝင် အစိုးရပိုင် အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း ဖောက်ခွဲရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များက သတင်းလက်ဦးမှုရယူပြီး ဖော်ထုတ်ဖမ်းဆီးနိုင်ရေး လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများကို အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။
 ထိုသို့ ဆောင်ရွက်လျက်ရှိရာ မတ်လ ၅ ရက်တွင် ရန်ကုန်မြို့ Team PT အားကစားခန်းမ၌ လက်လုပ်ဗုံးပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည် ဖိုးသော်ပါ ၅ ဦး အား ပစ္စတို ၁ လက်၊ လက်လုပ်သေနတ် ၁ လက်၊ ကျည် ၁၀ တောင့်၊ လက်လုပ်ဗုံး      ၃ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
 ထို့အပြင် KNLA တပ်မဟာ(၅)နယ်မြေအတွင်းရှိ ခင်ကျော်(UNRA)အဖွဲ့ထံမှ ဖောက်ခွဲဖျက်ဆီးရေးသင်တန်းတက်ရောက်၍ ပြန်လည်ထွက်ခွာလာသည့် ရွှေမဉ္ဇူဦး (ခ)ဒီးဒီးပါ ၁၁ ဦးအား ဘီးလင်းမြို့၊ မရမ်းချောင်စစ်ဆေးရေးဂိတ်၌ ဧပြီလ ၂၉ ရက်တွင် ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး ဆက်လက်ဖော်ထုတ်ချက်အရ မေလ ၁ ရက်တွင် မျိုးမင်းသိန်းပါ ၃ ဦးအား M-31 ၁ လက်၊ လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ်ဗုံး ၁ လုံး တို့နှင့်လည်းကောင်း၊ မေလ ၂ ရက်တွင် အေးချမ်းအောင်ပါ ၁၁ ဦးအား လက်ပစ်ဗုံး   ၁၆ လုံး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
 အဆိုပါဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ ၄တို့သည် ဘီးလင်းမြို့နယ်၊ ဝါးမြှီးခိုကျေးရွာအနီး KNLA တပ်မဟာ(၅)နယ်မြေအတွင်း၌ ဖောက်ခွဲ ဖျက်ဆီးရေးသင်တန်းများ တက်ရောက်ခဲ့ကြောင်း၊ သင်တန်းတွင် UNRA အဖွဲ့မှ ခင်ကျော် ခေါင်းဆောင်၍ သင်ကြားလျက်ရှိပြီး သင်တန်းသားများအား သော်ဇင်အောင် (ခ)စွန်ရဲမှ စုဆောင်း၍ စေလွှတ်ပေးလျက်ရှိကြောင်း သိရှိရသဖြင့် သော်ဇင်အောင်(ခ) စွန်ရဲအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်ခဲ့သည်။
 ထို့သို့ဆောင်ရွက်ခဲ့မှုများကြောင့် မေလ ၁၃ ရက်မှ ၁၇ ရက်အတွင်း ငြိမ်းချမ်းပါ ၇ ဦးအား ရန်ကုန်မြို့တွင်လည်းကောင်း၊ သိန်းစင်ပါ ၁၃ ဦးအား ရန်ကုန်၊ ပဲခူးမြို့များတွင်လည်းကောင်း၊ မေလ ၁၈ ရက်မှ ၂၀ ရက်အတွင်း သော်ဇင်အောင်(ခ) စွန်ရဲပါ ၁၄ ဦးအား ပစ္စတို ၂ လက်၊ ကျည်အိမ် ၄ ခု၊ ကျည် ၁၉၈ တောင့်၊ လက်ပစ်ဗုံး    ၁ လုံး၊ လက်လုပ်ဗုံး ၆ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
 ဖမ်းဆီးရမိတရားခံ ငြိမ်းချမ်း၏ ထွက်ဆိုချက်အရ ဖမ်းဆီးရမိထားသော နေမျိုးမှတစ်ဆင့် NLD ပါတီမှ တောင်ဒဂုံလွှတ်တော်ကိုယ်စားလှယ်ဟောင်း သိန်းနိုင် သည် ခင်ကျော်(UNRA)နှင့် ချိတ်ဆက်၍ လက်နက်/ခဲယမ်းရရှိရေး ဆောင်ရွက်ခဲ့ ကြောင်း၊ သော်ဇင်အောင်(ခ)စွန်ရဲသည် NLD ပါတီမှ (၂၀၂၀) ပြည့်နှစ် တောင်ဒဂုံ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ညီညီနှင့်ချိတ်ဆက်၍ စစ်သင်တန်းပေးခြင်း၊ ခင်ကျော်(UNRA)နှင့် ချိတ်ဆက်၍ သင်တန်းသားများစေလွှတ်ခြင်း၊ ရန်ကုန်မြို့အတွင်း ဖောက်ခွဲရေးနှင့် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း ဖော်ထုတ်ရရှိခဲ့သည်။
 ဆက်လက်ဖော်ထုတ်ချက်အရ မေလ ၁၆ ရက်တွင် ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်စစ်ဆေးရေးဂိတ်၌ ဟန်ထွဋ်ကျော်ပါ ၃ ဦးအားလည်းကောင်း၊ မေလ      ၂၇ ရက်တွင် အောင်ဖြိုးမင်း(ခ)ညီညီပါ ၃ ဦးအား RPG ၁ လက်၊ RPG ဒုံးသီး ၁၄ လုံး၊ ပို့ကျည် ၁၄ တောင့်၊ M-16 ၁ လက်၊ ၄ကျည်အိမ် ၂ ခု၊ ကာဘိုင် ၁ လက်၊ ၄ကျည် အိမ် ၂ ခု၊ ပစ္စတို ၁ လက်၊ ၄ကျည်အိမ် ၂ ခု၊ လက်နက်ငယ်ကျည် ၃၅ တောင့် တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ပြီး ရန်ကုန်မြို့၌ ကောင်းမြတ်ဇင်ပါ ၃ ဦးအား လက်လုပ် မိုင်းမျိုးစုံ ၁၅ လုံးဖြင့်လည်းကောင်း၊ ရန်ကုန်မြို့တွင် ဖောက်ခွဲရေးပစ္စည်းများပြုလုပ်သူ ကျော်ဇေယျာသိန်းနှင့် ဝေယံမောင်မောင်ပါ ၂၃ ဦးအား ပစ္စတို ၃ လက်၊ လက်လုပ် သေနတ် ၂၄ လက်၊ လက်ပစ်ဗုံး ၃ လုံး၊ လက်လုပ်မိုင်းမျိုးစုံ ၂၁၄၄ လုံး၊ ဆက်စပ် ပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
 အဆိုပါဖြစ်စဉ်များအရ ခင်ကျော်အား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ဇွန်လ ၁၈ ရက်တွင် ပေါင်မြို့စစ်ဆေးရေးဂိတ်၌ တိုင်းရင်းသားနယ်မြေအတွင်း ထွက်ပြေး တိမ်းရှောင်လျက်ရှိသည့် NUG အဖွဲ့မှ ရည်မွန်ထံသို့ အကြမ်းဖက်လုပ်ငန်းများနှင့် ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ရေး လိုအပ်သော ညှိနှိုင်းမှုများ ပြုလုပ်ရန် သွားရောက်သည့် ခင်ကျော်ပါ ၄ ဦးအား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်တရားခံ ၂ ဦးအား ကာဘိုင် ၁ လက်၊ ပစ္စတို ၁ လက်၊ လက်ပစ်ဗုံး ၅၁ လုံး၊ ရှေ့ထွက်မိုင်း ၁ လုံးတို့နှင့်အတူ ဘီးလင်းမြို့၌ ထပ်မံဖမ်းဆီးရမိ ခဲ့ပါသည်။
 ခင်ကျော်၏ ထွက်ဆိုချက်အရ ဆက်စပ်တရားခံများဖြစ်သည့် သာကေတ မြို့နယ်အတွင်း ဖောက်ခွဲရေးလုပ်ငန်းများ ဦးဆောင်လုပ်ကိုင်လျက်ရှိသော အိုဝမ်း(ခ) မျိုးဇာနည်အောင်နှင့် လှိုင်သာယာမြို့နယ်အတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ၃ ဦးအား လုပ်ကြံသတ်ဖြတ်ခဲ့သည့် ကျော်သီဟ၊ သန်းဝင်းနှင့် အောင်ဇေယျ (ခ)အာကြီးတို့အပါအဝင် ဆက်စပ်တရားခံ ၁၉ ဦးတို့အား ပစ္စတို ၁ လက်၊ လက်ပစ်ဗုံး ၁ လုံးတို့ဖြင့် ဖမ်းဆီးရမိခဲ့ပါသည်။
 ထို့အပြင် ခင်ကျော်ထံ ဖောက်ခွဲရေးသင်တန်းတက်ရောက်ရန် လာရောက် သည့် နိုင်လင်းထွန်းပါအဖွဲ့ဝင် ၁၀ ဦးအား ဘီးလင်းမြို့၌လည်းကောင်း၊ နိုင်နိုင်အောင်ပါ   ၂ ဦးအား သထုံမြို့၌လည်းကောင်း၊ ဥက္ကာစိုးအား ပဲခူးမြို့၌လည်းကောင်း၊ ကျော်ငြိမ်းပိုင် အား ဘီးလင်းမြို့၌လည်းကောင်း၊ တောင်ဒဂုံ PDF အဖွဲ့ခေါင်းဆောင် ဆောင်းမွန်ပါ  ၁၂ ဦးအား လှိုင်မြို့နယ်၌ M-22 ၁ လက်၊ ကျည် ၇၀ တောင့်၊ ကျည်အိမ် ၂ ခုဖြင့် လည်းကောင်း၊ UNRA အဖွဲ့ဝင် ထွန်းအောင်ကျော်ပါ ၇ ဦးအား ဘီးလင်းမြို့၌လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။
 ဆက်လက်၍ PDF အဖွဲ့များအား ထောက်ပံ့နိုင်ရေး ချိတ်ဆက်ဆောင်ရွက် ပေးလျက်ရှိသူ ကိုကိုနိုင်(ခ)ဒေါန(အမေရိကန်နိုင်ငံသား၊ Social Visa ဖြင့် နေထိုင်သူ) အား ဖမ်းဆီးရရှိရေးဆောင်ရွက်ခဲ့ရာ ဇွန်လ ၂၄ ရက်တွင် မြဝတီမြို့၌ ဖမ်းဆီးရမိခဲ့ ပါသည်။ 
 အထက်ပါ ဖမ်းဆီးရမိတရားခံများဖော်ထုတ်ချက်အရ ဇွန်လ ၂၁ ရက်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း၌ ဖောက်ခွဲဖျက်ဆီးရေးလုပ်ရပ်များ ကျူးလွန်နေသူ တရားခံ ၃ ဦးအားလည်းကောင်း၊ ဇွန်လ ၂၂ ရက်တွင် တရားခံ ၈ ဦးအား လက်လုပ် သေနတ် ၆ လက်၊ လက်လုပ်မိုင်း ၅၉ လုံးတို့နှင့်လည်းကောင်း၊ ဇွန်လ ၂၃ ရက်တွင် တရားခံ ၇ ဦးအား လက်နက်မျိုးစုံ ၁၁၄ လက်၊ လက်ပစ်ဗုံး ၄၉၉ လုံး၊ ၄၀ မမဗုံးသီး ၁၄၇၃ လုံး၊ ဖောက်ခွဲရေးပစ္စည်းများနှင့်လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။ 
 ဖမ်းဆီးရမိတရားခံများ၏ ဖော်ထုတ်ချက်အရ ရန်လင်းအောင်(ခ)မိုးတိမ် အပါအဝင် PDF အဖွဲ့ဝင် ၂၈ ဦးသည် NLD ပါတီမှ ကချင်ပြည်နယ်၊ ဖားကန့်မြို့ (၂၀၁၅)ခုနှစ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးခင်မောင်မြင့်(ခ)ဦးချို၊ ချမ်းမြသာစည်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကျော်စိုးလင်းနှင့် ကောလင်း မြို့နယ် (၂၀၁၅)ခုနှစ်၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း မျိုးဇော်အောင်တို့၏ ချိတ်ဆက်ပေးမှုဖြင့် KIA ဌာနချုပ်၊ လိုင်ဇာ၌ စစ်သင်တန်းတက်ရောက်ခဲ့ကြောင်း သိရှိရသည်။ 
 အထက်ပါဖြစ်စဉ်များတွင် ခင်ကျော်(UNRA)နှင့် ကိုကိုနိုင်(ခ)ဒေါန အပါအဝင် အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်ပတ်သက်သူ တရားခံ ၁၇၃ ဦးအား လက်နက်မျိုးစုံ ၁၃၁ လက်၊ လက်လုပ်သေနတ် ၃၇ လက်၊ လက်ပစ်ဗုံး ၅၅၉ လုံး၊ လက်လုပ်ဗုံး ၂၂၅၁ လုံး၊ ၄၀ မမဗုံးသီး ၁၄၇၃ လုံး၊ RPG ဒုံးသီး ၁၄ လုံး၊ ရှေ့ထွက်မိုင်း ၁ လုံး၊ ကျည်အိမ် ၂၆၉ ခု၊ ကျည်မျိုးစုံ ၁၀၅၁၅ တောင့်နှင့် ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ပါသည်။
 တရားခံခင်ကျော်နှင့် ကိုကိုနိုင်(ခ)ဒေါနတို့၏ ဖော်ထုတ်ချက်များအရ စစ်သင်တန်းနှင့် ဖောက်ခွဲဖျက်ဆီးရေးသင်တန်းဖွင့်လှစ်ခြင်း၊ လက်နက်၊ ခဲယမ်း ဝယ်ယူခြင်းနှင့် အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အတွက် တရားမဝင်ဖွဲ့စည်းထားသော အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် CRPH နှင့် NUG အဖွဲ့ဝင် ရည်မွန်၏စေခိုင်းမှုများကြောင့် ဂျပန်နိုင်ငံတွင်နေထိုင်သူ ထွန်းအောင်ကျော် (ABSDF ဥက္ကဋ္ဌဟောင်း)၊ အမေရိကန်နိုင်ငံတွင်နေထိုင်သူ အေးမင်းတို့မှ နိုင်ငံတကာနှင့် ပြည်တွင်းရှိ NLD ပါတီဝင်များ၊ ၄ပါတီအား ထောက်ခံသူများထံမှ ငွေကြေးထောက်ပံ့ မှုများရယူ၍ အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
 တရားခံ ခင်ကျော်သည် ၁၉၈၈ ခုနှစ်တွင် ABSDF သို့ဝင်ရောက်ခဲ့ပြီး    ၂၀၁၄ ခုနှစ်တွင် ABSDF မှ ခွဲထွက်၍ အဖွဲ့ဝင် ၇ ဦးဖြင့် UNRA အား ဖာပွန်မြို့နယ်၊ လဲဝါကျေးရွာ၌ ဖွဲ့စည်းခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်၊ မတ်လမှစတင်၍ ဖောက်ခွဲရေး သင်တန်းများအား ဖွင့်လှစ်ခဲ့ပြီး တရားမဝင်အဖွဲ့အစည်းဖြစ်သည့် NUG မှ ခေါင်းဆောင် များနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသူဖြစ်ကြောင်း သိရှိရသည်။
 ကိုကိုနိုင်(ခ)ဒေါန(NDF အဖွဲ့၏ နိုင်ငံတကာဆက်ဆံရေးတာဝန်ခံ)သည် PDF သင်တန်းအတွက် လိုအပ်သော စစ်အသုံးအဆောင်ပစ္စည်းများနှင့် ငွေကြေးများ ထောက်ပံ့နိုင်ရေးအတွက် တရားမဝင်ဖွဲ့စည်းထားသော အကြမ်းဖက်အဖွဲ့အစည်းဖြစ် သည့် NUG မှ ရည်မွန်၊ ဂျပန်နိုင်ငံမှ ထွန်းအောင်ကျော် (ABSDF ဥက္ကဋ္ဌဟောင်း)၊ ပြည်ပရောက် NLD ပါတီဝင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
 ထွန်းအောင်ကျော်(ABSDF ဥက္ကဋ္ဌဟောင်း)သည် NDF(National Defence Force)အားဖွဲ့စည်း၍ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ပြီး ပြည်ပရောက် NLD အဖွဲ့ဝင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများထံမှ အကူအညီများရရှိရေးနှင့် NUG အဖွဲ့ဝင် များဖြင့် ချိတ်ဆက်ကာ ပြည်တွင်း၌ အကြမ်းဖက်လှုပ်ရှားမှုများ ဖြစ်ပေါ်လာစေရန် စီစဉ်ဆောင်ရွက်နေသူဖြစ်ကြောင်း သိရှိရသည်။
 တရားမဝင်ဖွဲ့စည်းထားသော အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် NUG အနေဖြင့် နိုင်ငံတော်အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်အတွက် အဆင့် ၃ ဆင့်ဖြင့် လုပ်ဆောင်နေပြီး ပထမအဆင့်အနေဖြင့် သင်တန်းဆင်းအဖွဲ့များမှ နေရပ်သို့ ပြန်လည် ရောက်ရှိပါက စက်ရုံ/အလုပ်ရုံများအား မီးရှို့/ဖောက်ခွဲဖျက်ဆီးခြင်းများအပြင် အုပ်ချုပ် ရေးမှူးများအား အဓိကပစ်မှတ်ထား၍ သတ်ဖြတ်ခြင်း၊ ဒုတိယအဆင့်အနေဖြင့် ဒေသအလိုက် PDF အဖွဲ့များသည် EAOs အဖွဲ့များနှင့်ပူးပေါင်း၍ တပ်ဌာနချုပ်များအား စီးနင်းတိုက်ခိုက်ခြင်း၊ တတိယအဆင့်အနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများထံမှ ငွေကြေးနှင့် လက်နက်များလက်ခံရယူ၍ အင်အားပိုမိုကြီးမားအောင် လုပ်ဆောင်ရန် တို့ဖြစ်ကြောင်း သိရှိရသည်။
 တရားမဝင်ဖွဲ့စည်းထားသော အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် NUG အဖွဲ့ဝင် ရည်မွန်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ယနေ့အထိ နိုင်ငံအတွင်း အပြစ်မဲ့ ပြည်သူ ၁၈၉ ဦးသေဆုံးကာ မီးလောင်၊ မီးရှို့ခံရသော စာသင်ကျောင်း ၆၀ ကျောင်း၊ အုပ်ချုပ်ရေးမှူးရုံး ၇၄ ရုံး၊ ရဲကင်း/ရဲစခန်း ၃၅ ခုတို့ရှိပြီး စာသင်ကျောင်းများတွင် ဗုံးပေါက်ကွဲမှု ၂၃၂ ကြိမ်၊ အုပ်ချုပ်ရေးမှူးရုံးများတွင် ဗုံးပေါက်ကွဲမှု ၁၈၂ ကြိမ်၊ ရဲကင်း/ရဲစခန်းများတွင် ဗုံးပေါက်ကွဲမှု ၆၆ ကြိမ်၊ စုစုပေါင်း ဗုံးပေါက်ကွဲမှု ၄၈၀ ကြိမ် ရှိခဲ့ကြောင်း သိရှိရသည်။
 ဖမ်းဆီးရမိတရားခံများ၏ ဖော်ထုတ်ချက်များအရ အကြမ်းဖက်လုပ်ငန်း များအား တရားမဝင်ဖွဲ့စည်းထားသော အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် CRPH နှင့် NUG အဖွဲ့ဝင် ရည်မွန်မှ ဦးဆောင်၍ ပြည်တွင်းရှိ NLD ပါတီဝင် သိန်းနိုင်၊ ညီညီ၊ မျိုးဇော်အောင်၊ ကျော်စိုးလင်း၊ ခင်မောင်မြင့်၊ မောင်ဒီ၊ ခင်စိုး၊ ရဲရင့်အောင်၊ ဒေါ်နှင်းကြည် တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
 သို့ဖြစ်ပါ၍ အစိုးရ၏အုပ်ချုပ်မှုယန္တရားများပျက်ပြားစေရန် နည်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိပြီး အေးချမ်းစွာနေထိုင်လိုကြသည့် ပြည်သူအများစုအပေါ် အကြမ်းဖက် လုပ်ရပ်များဆောင်ရွက်လျက်ရှိသဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတကာသို့ အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတင်းထုတ်ပြန် ကြေငြာထားသော PDF ၊  CRPH နှင့် NUG အဖွဲ့တို့နှင့် တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ ဆက်သွယ်အားပေး ထောက်ခံခြင်းနှင့် အားပေးအားမြှောက်ပြုခြင်းများသည် ရာဇသတ်ကြီးပုဒ်မ ၁၂၃ နှင့်ငြိစွန်း၍ ပြစ်မှု မြောက်သဖြင့် ထောင်ဒဏ်(၂၀) နှစ်အထိ ပြစ်ဒဏ်ကျခံရနိုင်ကြောင်းနှင့် အကြမ်းဖက် အဖွဲ့အစည်းမှ ရည်မွန် အပါအဝင် ၄တို့၏အဖွဲ့ဝင်များနှင့် အကြမ်းဖက်သမားများအား ဆက်လက်ရှာဖွေဖော်ထုတ် ဖမ်းဆီးလျက်ရှိရာ အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးအတွက် ၄တို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာ နေထိုင်မှုသတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်းနှင့် မြို့ရွာများအမြန်ဆုံးအေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံ အပ်ပါကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။

#kk
#žìñýãw105★