Wednesday, July 7, 2021

မိုးသီးဇွန်တို့ နိုင်အောင်တို့ အုပ်စု လိပ်ပြာလုံပါစေ


#၈၈မှီသူ မမှီသူ များပြန်လည်လေ့လာသုံးသပ်နိုင်ရန်
#၈၈တုန်းကလိုမျိုး တောခိုလက်နက်ကိုင်ပြီး တော်လှန်ရေးလုပ်ကြမယ်ဆိုတဲ့ ညီငယ်၊ ညီမငယ်များအတွက် နောင်တော်ကြီးများကြုံတွေ့ခဲ့ရတဲ့ ပါဂျောင်လူသတ်ပွဲအကြောင်းလေး ပြောပြချင်ပါတယ်။ လက်နက်ကိုင်တယ်ဆိုတာ PUBG ဆော့သလို၊ Counter strike ဆော့သလို သေရင် ပြန်ရှင်တာမျိုးမဟုတ်ပါဘူး။ အသက်သွေးချွေးတင်မက ဘဝကြီးတစ်ခုလုံးစုတ်ပြတ်သပ်သွားအောင် ခံရတာမျိုးလည်း ရှိနိုင်ပါတယ်။ တော်လှန်ရေးက မစစ်မှန်တဲ့အခါ၊ တော်လှန်ရေးထဲပါတဲ့သူတွေက ဇာတ်တူသားစားကြတဲ့အခါမှာ ရင်နာစရာအဖြစ်အပျက်တွေဖြစ်ပေါ်ခဲ့ရပါတယ်။ ဖတ်ကြည့်ကြပါဦး....

#တော်လှန်ရေး၏အစ
ABSDF(NB)လို့သိကြသော အဖွဲ့အစည်း ကို ၈၈ အရေးအခင်းအပြီးတွင် မိုးညှင်း မိုးကောင်း နမ္မား ဗန်းမော် အစရှိသော ကချင်ပြည်နယ်ဒေသအသီးသီးမှ တိမ်းရှောင် လာကြသော လူများဖြင့်စတင်ဖွဲ့စည်းခဲ့ပါသည်။ကျောင်း သားတပ်မတော် ဟုခေါ်သော်လည်း အလွှာပေါင်းစုံ အသက်အရွယ်ပေါင်းစုံ နောက်ခံအခြေအနေပေါင်းစုံ မှ လူများဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။စတင်ဖွဲ့စည်းခဲ့သည် မှာ KIA၏လိုင်စင်ဌာနချုပ်အနီး ရှိ ပါဂျောင်ဒေသတွင် ဖြစ်ပြီး လက်နက်ခဲယမ်းရိက္ခာစစ်ဝတ်ထောက်ပံ့မှုအား DAB အဖွဲ့၏မူဝါဒနှင့်အညီ KIAမှ ဖြည့်ဆည်းပေး ခဲ့ပါသည်။စစ်ပညာလေ့ကျင့်မှုအား KIAမှသာတာဝန်ယူ ဆောင်ရွက်ပေးခဲ့ပါသည်။

#ဖွဲ့စည်းမှု
မူလစတင်ဖွဲ့စည်းချိန်တွင် စစ်ရေးနှင့် နိုင်ငံရေးသည် တပေါင်းထဲဖြစ်ပါသည်။ဌာနေပြည်သူ့စစ်မှ တောခိုလာ ကြသော မျိုးဝင်း နှင့် သံချောင်းတို့မှ ဦးဆောင် ခဲ့ကြပါသည်။မြေပေါ်နိုင်ငံရေးတွင်အဖမ်းအဆီးများရက် ဆက်လာချိန်တွင် ABSDF၏မြေပေါ်ခေါင်းဆောင်များ သည် လွတ်မြောက်နယ်မြေအသီးသီးသို့ ရှောင်တိမ်း လာပြီး သူတို့၏နိုင်ငံရေးခံယူချက်များနှင့်အညီ ဒီမိုကရေစီရရှိရေးအတွက်ဆက်လက်ဆောင်ရွက်ကြပါသည်။ထိုသို့ဆောင်ရွက်ရာ လက်ရှိမူလဖွဲ့စည်းပြီးသော ABSDF(NB)အား ရွေးကောက်ပွဲပြုလုပ်ပြီး ပြန်လည်ဖွဲ့ စည်းရာတွင် မူလရှိပြီးသော ခေါင်းဆောင်များသည် ရာထူး များကို လက်လွှတ်လိုက်ရပီး မြေပေါ်မှ အသစ်ထပ်မံရောက်ရှိလာသော နာမည်ကျော် အထက်ဗမာပြည်ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော် မှ ဥက္ကဌအဖြစ်တာဝန်ယူပြီး ကျန်သောသူများနှင့်ဗဟိုကော်မတီအား ပြန်လည်ဖွဲ့စည်းခဲ့ ပါသည်။သို့ရာတွင် လက်ထဲတွင် လက်နက်ကိုင်ထားသော မျိုးဝင်းနဲ့သံချောင်းတို့၏ရန်ကြောင့် အဖွဲ့ညီညွှတ်ရေးကို ရှေ့ရှု့ပြီး ရိုးသားသောကျောင်းသားခေါင်းဆောင်များ မှ စစ်ရေးကော်မတီတွင် သီးသန့်ပြန်လည်တာဝန်ပေးအပ်ခဲ့ ပါသည်။တနည်းအားဖြင့် ဆိုသော် ဥက္ကဌနှင့် ဗဟိုကော်မတီ ဝင် များသည် ကိုယ့်သေတွင်းကို ကိုယ်စတူး ခြင်း၏နိဒါန်း ပင်ဖြစ်ပါသည်။လက်နက်၏ပါဝါကို ကောင်းစွာသိနေသော မျိုးဝင်နှင့်သံချောင်းတို့သည် အဖွဲ့ကိုပြန်လည်ထိန်းချုပ်နိုင် ရေးအတွက် အခွင့်ကောင်းကို ဆက်ပြီးစောင့်စားနေတော့ သည်။

#နိဂုံး၏နိဒါန်း
အောက်မြန်မာပြည်ရှိ ABSDFဗဟို တွင် မိုးသီးဇွန်းနှင့် နိုင်အောင် နှစ်ဖွဲ့ကွဲချိန်တွက် အထက်မြန်မာပြည်ရှိ ABSDF(NB)အတွက် ကံကြမ္မာဆိုး စတင်လေပါပြီ။
ပါဂျောင်စခန်းတွင် ၃နှစ်ပြည့် ၈၈နှစ်ပတ်လည် နေ့ပြုလုပ်ရန်အတွက်ပြင်ဆင်နေချိန်ဖြစ်ပါသည်။ထိုအခမ်းအနား သို့ DAB အဖွဲ့ဝင်ခေါင်းဆောင်ကြီးများ တက်ရောက်မည်ဖြစ် ပါသည်။ စိုးမင်းအောင် ဆိုသော ကျောင်းသားတဦး အိမ်ကိုသတိရပြီးထွက်ပြေးရာမှ စတင်ပါသည်။သူ့ကို ရွှေလီတွင်ပြန်ဖမ်းမိခဲ့ပြီးနောက် မျိုးဝင်မှ ကိုယ်တိုင်ထောက်လှမ်းရေးကော်မတီဖွဲ့စည်းပြီး စစ်ကြောရေးလုပ်ခဲ့ရာတွင် ၁၀-၈-၉၁တွင် နောက်ထပ် ၅ ဦး ကိုထပ်မံဖမ်းဆီးပါသည်။ထို့နောက် စစ်ကြောချက်အရ ဟု ထပ်မံဖမ်းဆီးခဲ့ကြရာတွင်တစ်လအတွင်း လူ ၂၇ယောက် ကိုထပ်မံဖမ်းဆီးခဲ့ကြပါသည်။ထိုသူများကို ထောက်လှမ်းရေးမှလွှတ်သောသူများကိုစွပ်စွဲပြီးပြင်းထန် စွာစစ်ဆေးခဲ့ကြပါသည်။သူတို့၏တွက်ဆိုချက်များ ကို စုစည်းပြီး ဥက္ကဌကိုထွန်းအောင်ကျော်နှင့် ဗဟိုကော်မတီ ဝင် များအပါအဝင် လူ ၂၀ကျော်ကိုအပြီးသတ်ဖမ်းဆီး လိုက်ပါတော့သည်။ထို့နောက် မျိုးဝင်းနဲ့သံချောင်း သည် သူတို့၏သြဇာခံ ရော်နယ်အောင်နိုင် ကို ဥက္ကဌ အဖြစ် တာဝန်ယူစေလိုက်သည်။အဖမ်းဆီးခံရသူများအား အရက်စက်ဆုံး အပြင်းထန်ဆုံးနည်း များနှင့် စစ်ဆေးပြီး သူတို့သည် ထောက်လှမ်းရေးမှစေလွှတ်လိုက်သော သူလျှို များဖြစ်ကြောင်းဝန်ခံစေခဲ့ပါသည်။အချို့သော သူများ သည် အသက်အသေခံပြီး သူတို့၏နိုင်ငံရေးဘဝက်ိုထိန်း သိမ်းသွားကြပါသည်။ABSDFဗဟို မှ နိုင်အောင် သည် လဲ မြောက်ပိုင်းတွင် ဖြစ်ပျက်သမျှကို တာဝန်ခံသည် ဟုကြွေး ကြော်ပြီး ဗဟိုအကွဲအပြဲတွင် ADSDF(NB)၏ထောက်ခံ မှုကိုယူခဲ့ပါသည်။

#ပါဂျောင်ရဲ့ငရဲခန်း
မျိုးဝင်းရဲ့ကျောင်းသားထောက်လှမ်းရေးတပ်ဖွဲ့ဝင်များသည် အဖမ်းခံထားရသူများကို စစ်ဆေးရာတွင် ရိုက်နှက်ထိုး ကြိတ်ကန်ကျောက်ခြင်းများသည်အသေးအဖွဲမှသာဖြစ်ပေ သည်။လျှပ်စစ်ဖြင့်ရှော့ရိုက်ခြင်း ရင်ပေါင်ကြမ်း(ကတ္တ ရာလိပ်) နဲ့လက် ခြေထောက် ဝမ်းဗိုက်များအပေါ် မီးရှို့ခြင်း လက်ဝါးကပ်တိုင်တွင် ကြိုးနှင့်ချည်ပြီး အလွန်အေးသောညအချိန်တွင် ရေလောင်း၍ ထားခြင်း အစရှိသော နှိပ်စက်နည်းပေါင်းစုံ ကို အသုံးပြုပြီး စစ်ကြောခြင်းများ ဆောင်ရွက်ခဲ့သဖြင့် အဖမ်းဆီး ခံများသည် မဟုတ်သည်များကိုလဲ ဟုတ်သည် ဟုဝန်ခံကြရပါသည်။ ဥက္ကဌ ကိုထွန်းအောင်ကျော်၏ အကို ကိုချိုကြီး အား မျိုးဝင်းကို ပြန်ခံပြောသဖြင့် လက်ဝါး ကိုခုတ်ဖြတ်ပြီး ထိုလက်ပြတ်အား ကိုထွန်းအောင်ကျော် အား ပါးစပ်ဖြင့် ကိုက်ထားခိုင်းခြင်း ကဲ့သို့အရာများ ကိုဆောင်ရွက်ရုံသာမက ပဲ ကိုထွန်းအောင်ကျော်ကို လက်ဝါးကပ်တိုင်ပေါ်တင်ပြီး လက်နဲ့ခြေကို သံမှိုဖြင့် ရိုက်၍ကားစင်တင်ခဲ့ပါသည်။သြော် အာဏာရှင်စနစ်ကို ဆန့်ကျင်ရန်ဟူသောရည်ရွယ်ချက်ဖြင့် ဘဝကိုရင်းပြီး ကျရာတာဝန်ထမ်းဆောင်နေသူ ကျောင်းသားခေါင်းဆောင် များသည် စစ်နယ်ရှင် ဖြစ်လိုသူ မျိုးဝင်း သံချောင်းတို့၏ အကောက်ကြံမှုအောက်တွင် တော်လှန်ရေးသမားစစ်စစ် ဘဝ မှ စစ်ထောက်လှမ်းရေးအဖြစ် နိုင်ငံရေးသိက္ခာအချခံ ခဲ့ရပါသည်။

#ပြည်ထောင်စုနေ့လူသတ်ပွဲ
ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည်တမျိုးသားလုံး ၏အရေး ပါ သောနေ့အဖြစ် သတ်မှတ်ထားသည့် ပင်လုံစာချုပ် ချုပ်ဆိုခဲ့သည့် ပြည်ထောင်စုနေ့ ဖြစ်ပါသည်။ထို့အတူပင်
ABSDF(NB)ကျောင်းသားတပ်မတော်ကြီးအတွက်လဲ ၁၂-၂-၁၉၉၂ ရက်နေ့ တွင် ကျရောက်ခဲ့သော ပြည်ထောင်စုနေ့သည် သမိုင်းဝင်သောနေ့တနေ့ ဖြစ်ပါသည်။ တနည်းအားဖြင့် ဆိုသော် သွေးစွန်းသော ရက်တရက်ဖြစ်ခဲ့ပါသည်။
ထိုနေ့တွင် ကိုထွန်းအောင်ကျော်အပါအဝင် ကျောင်းသား ခေါင်းဆောင် ၁၅ ဦး အား ပါဂျောင်စခန်းတွင် ဓါးဖြင့် ခေါင်းဖြတ်ပြီးသတ်ဖြတ်ခဲ့ပါသည်။
ထိုသို့သေဒဏ်ချအမိန့် ကို လက်မှတ်ထိုးပြီး ထုတ်ပြန်ခဲ့သူသည် ဥက္ကဌရော်နယ် အောင်နိုင် ပင်ဖြစ်ပါသည်။ထိုနေ့တွင် အသတ်ခံရခဲ့သော အမည်စာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(1)ထွန်းအောင်ကျော်(မန္တလေးဗသက)
ABSDF(NB)ဗဟိုကော်မတီဥက္ကဌ
(2)ချိုကြီး ခ ဖရက်ဒီအောင်သန်း
(မန္တလေး/ယူဂျီတာဝန်ခံဟောင်း)
ABSDF(NB)ဗဟိုကော်မတီဝင် နိုင်ငံရေးသင်တန်းမှူး
(3)မခင်ချိုဦး (ရန်ကုန် ကမာရွက်)
(4)မြန်အောင် ခ ထွန်းအောင်ကျော် (မန္တလေးGOSDA)
(5)အောင်ဖိုး ခ အေးသက်လတ် (ရန်ကုန်ဆေးရုံကြီး)
(6)အောင်နိုင်(ရန်ကုန်/စမ်းကြီးဝ)
(7)မောင်မောင်(ကသာ)ကွန်မင်ဒိုအဖွဲ့ဝင်
(8)မောင်မောင်ကြွဟ်(ရန်ကုန်/မင်္ဂလာတောင်ညွှန့်)
ဒေါ်ချိုချိုကျော်ငြိမ်း၏မွေးစားသား
(9) သာဓု(ရန်ကုန်)
(10)တူးတူး(မြစ်ကြီးနား)
(11)ဦးသောင်းမြင့်(တန့်ဆည်)
(12)အေးမြင့်(ကသာ)
(13)ကျော်ကျော်မင်း(ကန့်ဘလူ)
(14)ဌေးမြင့်ဝင်း(ရန်ကုန်/ကမာရွတ်)
(15)လှမြင့် ခ ဇော်ကြီး(တပ်ကုန်း)
သူတို့ဘာကြောင့်အသတ်ခံခဲ့ကြရတာလဲ။မျိုးဝင်းနဲ့သံချောင်းရဲ့ ကောက်ကျစ်စွာဖြင့် အကွက်ချဆောင်ရွက်ခဲ့သဖြင့် ဤကဲ့သို့ ကျောင်းသားတော်လှန်ရေးသမားစစ်စစ်များ အား အယောင်ဆောင်များမှ အလဲထိုးပြီး အာဏာရယူကာ
ကွန်မြူနစ်ဆန်ဆန် ဖြုတ်ထုတ်သတ်လုပ်ခြင်းသာဖြစ်ပါ သည်။သြော် ဒီမိုကရေစီလိုလားသဖြင့် စွန့်စားနေကြ သူများ အတွက် တရားမျှတသောဖြေရှင်းခွင့် ပင် မရှိခဲ့ကြပါသလားနော်။

#နိဂုံး
ဒီကိစ္စဟာ အနှစ်နှစ်ဆယ်ကျော်ခဲ့
ပါပီလေ။အခုလဲ ဒီမိုကရေစီအစိုးရအဖွဲ့အနေဖြင့် သူတို့ အတွက် အသက်စွန့်တောခိုကာ တော်လှန်ရေးဆောင်ရွက် ခဲ့ကြသူများ၏မတရားအသတ်ခံခဲ့ရသောဝိညာဉ်များအတွက်တန်ရာတန်ကြေးပြန်လည်ဆောင်ရွက်ပေးသင့်ကြောင်း ထင်မြင်ယူဆရင် ဤစာက်ိုနိဂုံးချုပ်လိုက်ပါသည်။
မိတ်ဆွေအားလုံးကို ကျေးဇူးတင်လျက်
မူရင်းCrd:

ဒုတိယ ပါဂျောင် ဇာတ်လမ်းများ ပြန် စ နေပြီ ဆိုတဲ့ သတင်း များ ကြား နေရလို့  ပြန် တင် လိုက်လိုက်ပါ တယ်

#crd...KH
💁‍♂️ သားကြီးကရင်ပြည်နယ်သား