Tuesday, July 6, 2021

စစ်အာဏာရှင်တော်လှန်ရေးလို့ ခေါင်းစဉ်တပ်ထားပေမယ့်ကျွံဝင်သွားကြတဲ့ ခြေလှမ်းတွေတိုင်းမှာအကြမ်းဖက်သမားတွေပါလားလို့

လူတွေကို တစ်ယောက်ပြီးတစ်ယောက်
အကြောင်းမဲ့ သတ်လာတယ်….
ဗုံးတွေကို ဘယ်သူထိထိ ဆိုတဲ့ အတွေးတွေနဲ့ခွဲလာတယ်…
ဒီမိုကရေစီရရှိရေးလို့ကြွေးကြော်ကြတဲ့ 
မြန်မာ့နိုင်ငံရေးဟာ 
တဖြေးဖြေးကြောက်ဖို့ကောင်းလာတာအမှန်ပဲ…..

စစ်အာဏာရှင်တော်လှန်ရေးလို့ 
ခေါင်းစဉ်တပ်ထားပေမယ့်
ကျွံဝင်သွားကြတဲ့ ခြေလှမ်းတွေတိုင်းမှာ
အကြမ်းဖက်သမားတွေပါလားလို့ 
နိုင်ငံတကာက မြင်သွားတော့
ဘယ်နိုင်ငံကမှ 
တပ်မတော်ရဲ့ လက်ရှိအာဏာထိန်းထားမှုအပေါ်မှာ
မကန့်ကွက်ကြတော့ဘူး……

သေချာတာတစ်ခုကတော့
အစိုးရတရပ်ကို မကျေနပ်လို့ ဆန္ဒပြတာကို 
နိုင်ငံတိုင်းက လက်ခံပေမယ့်
အကြမ်းဖက်မှုကိုတော့ 
ဘယ်နိုင်ငံကမှ မနှစ်သက်ကြဘူးဆိုတာပါပဲ…..

အဆိုဆုံးကေတာ့
မြေနီကုန်း ဆန္ဒပြပွဲမှာ
ခဏတဖြုတ်သာ မျက်နှာပြခဲ့တာကလွဲရင်
တော်လှန်ရေးခေါင်းဆောင်လို့ 
ကင်ပွန်းတပ်ခဲ့ကြတဲ့ မင်းကိုနိုင်ကအစ
တသက်လုံးလုပ်စားလာခဲ့တဲ့ နိုင်ငံရေးသေမှာစိုးတော့
လက်ရှိအချိန်မှာ လုံးလုံး လူလုံးထွက်မပြတော့ဘူး……

ပြည်သူတွေကို 
အထုပ်သေးသေးလေးတွေနဲ့မိုင်းခွဲဖို့နဲ့
အဆိပ်ခပ်လုပ်ကြံဖို့ တိုက်တွန်းခဲ့တဲ့ ဆရာဝန်ကိုမှ
သူရဲကောင်းလို့ အမွှန်းတင်ပြီး ဝန်းရံခဲ့ကြတယ်…

နိုင်ငံခြားကျည်လွတ်မြေကိုရောက်နေတဲ့
လော်ဘီတွေရဲ့စကားတွေကိုယုံပြီး
ချွေနဲစာနဲ့စုထားကြတဲ့ ငွေကြေးတွေကို
တော်လှန်ရေးကြီး အဓွန့်ရှည်ဖို့ဆိုပြီး
မစားရက်မသောက်ရက် လှူကြတယ်….

အဆိုးဆုံးကေတာ့
တောထဲကနေလည်း ပြန်မလာရတော့သလို….
တောထဲကထွက်ပြေးဖို့ ကြံရင်လည်း 
လက်စသုံး အသတ်ခံနေရတဲ့ 
G-Z တွေရဲ့ဗွီဒီယိုဖိုင်တွေကိုမှ 
ခပ်စိတ်စိတ်လေး 
အွန်လိုင်းပေါ်မှာမြင်တွေ့နေရတယ်…..

ဒီတော်လှန်ရေးကြီးမှာ….
ဘက်မတူရင် ထေကြီးဝါကြီးတောင်မချန်ဘဲ 
ဆဲတတ္တဲ့  NLD ကို
ဘယ်သံဃာထုမှ မဝန်းရံကြတော့ဘူး…
ဒီတော်လှန်ရေးကြီးမှာ…
အစိုးရတရပ်ထက် နိုင်ငံတော်ကိုသာသစ္စာရှိတဲ့ 
Non-CDM သမားစစ်စစ်တွေကြောင့် 
CDM စနစ်ကြီးလည်းမအောင်မြင်ခဲ့ကြဘူး…
ဒီတော်လှန်ရေးကြီးမှာ
NLD ပါတီတစ်ခုကလွဲရင်
ဘယ်ပါတီမှ နစက လုပ်ရပ်အပေါ်မှာ
မကန့်ကွက်ခဲ့ကြဘူး…..
ဗုံးခွဲ ၊ လူသတ် တာတွေလုပ်နေတဲ့ 
အကြမ်းဖက် PDF တွေရဲ့လုပ်ရပ်တွေကို
NLD ပါတီကလွဲရင် 
ဘယ်ပြည်သူမှ မထောက်ခံကြဘူး…..
ဘယ်မီဒီယာတွေက သမာသမတ်ကျပြီး
ဘယ်မီဒီယာတွေက 
အကြမ်းဖက်အားပေးဆိုတာကိုလည်း
ပြည်သူတွေက ကွဲကွဲပြားပြားမြင်တွေ့နိုင်သွားခဲ့ပြီ...

ကိုယ်ကိုးကွယ်တဲ့သူမှ အမှန်....
ကိုယ်ထင်တဲ့အရာကမှ  
ဒီမိုကရေစီလို့ ထင်နေတဲ့လူတစ်စုအတွက်
အနှေးနဲ့အမြန်ဆိုတဲ့ အချိန်ကာလလေးတစ်ခုပါပဲ….
ဇာတ်သိမ်းခန်းလေးတော့ 
တဖြည်းဖြည်း နီးကပ်လာပါပြီ…😉😉😉

#ဖိုးစီ
Telegram link-
https://t.me/Phoesi789/498