Tuesday, July 6, 2021

ရုရှားက မြန်မာကို ဘာလို့ကူလဲဆို အကြောင်းအရာတွေ အများကြီးရှိတယ်။ အဲဒီထဲမှာ Emotions တွေလည်း ပါမှာပဲ။


အမေရိကန်နဲ့ ရန်ဖက်ဖြစ်လို့ ကူညီတာ (သို့) သယံဇာတကြောင့်လို့ပဲ ထင်နေရင်တော့ 
Google ကို မသုံးတတ်လို့ပဲ ဖြစ်မယ်။ 
ရုရှားရဲ့ 2019 Export မှာ ရေနံသဘာဝ
ဓာတ်ငွေ့နဲ့ ကျောက်မီးသွေးကနေ 
ဒေါ်လာ ၂၅၀ ဘီလီယံလောက်ဝင်ငွေ
ရခဲ့ချိန်မှာ မြန်မာက ဓာတ်ငွေ့လေးတခုပဲ 
၆ဘီလီယံကျော်ရုံလေး ရခဲ့တာသိဖို့လိုပါမယ်။ 

အဲဒီ ၆ဘီလီယံကလည်း မြန်မာ့စုစုပေါင်း 
ထုတ်ကုန်ဝင်ငွေရဲ့ ၄ပုံ ၁ပုံလောက်ရှိ
နေပါပြီ။ 
ရုရှားရဲ့ စုစုပေါင်း ဘီလီယံ ၄၀၀ ကျော်
တင်ပို့မှုနဲ့ဆို ကလေးကစားစရာအဆင့်ပဲ 
ရှိပါတယ်။
ဒီထဲမှာ လက်နက်တင်ပို့ရောင်းချမှု ဝင်ငွေ
မပါသေးဘူး။ 
ရုရှားရဲ့ စစ်လက်နက်ရောင်းချရမှု ဝင်ငွေ
သီးသန့်ဟာ မြန်မာနိုင်ငံရဲ့ ရှိရှိသမျှ 
ပို့ကုန်တန်ဖိုးရဲ့ ထက်ဝက်ကျော် 
(၁၃ ဘီလီယံကျော်)ထိ ရှိခဲ့တယ်။ 

ဒီလောက်ဆို ကိုယ့်ဘာသာ သယံဇာတ
ပေါကြွယ်ဝသော နိုင်ငံကြီးမို့ သူများတွေ
လိုချင်နေတယ်လို့ ထင်နေသူတွေ ချင့်ချိန်
နိုင်မယ်ထင်ပါတယ်။ 

ကြားဖြတ်ပြောရရင် ကိုယ့်နိုင်ငံရဲ့ ဝင်ငွေကို 
ကိုယ့်မိဘပိုက်ဆံလိုသဘောထားပြီး 
ဖျင်ပေးပေါင်းချင်လို့ US မှာ NLD 
သွားသိမ်းထားတဲ့ နိုင်ငံ့ဝင်ငွေ ၁ဘီလီယံ
ဆိုတာ ထိပ်တန်းနိုင်ငံတွေအတွက် 
သွားကြားတောင်မညပ်ပါဘူး။

ဒါပေမယ့် ကိုယ့်လို ငမွဲနိုင်ငံအတွက်ကတော့ အဖိုးထိုက်သလို NUG ကလည်း 
သူတို့ကိုယ်ပိုင်ဝင်ငွေလို့သဘောထားပြီး 
တဆတ်ဆတ်တုံအောင် လိုချင်နေရှာပါတယ်။ 
ထားပါတော့ 
ဒီအဆင့်နိမ့်အဖွဲ့အကြောင်း ထည့်ပြောရတာ 
ဖတ်တဲ့သူ အချိန်ပုပ်လို့။
ဒီတော့ ကျွန်တော်ပြောချင်တာက 
ရုရှားအနေနဲ့ မြန်မာကို ကူညီခြင်းဟာ 
စီးပွားရေးကြောင့်ဆိုတာကို မေ့ထားစေ
ချင်တာပါ။ 
သူနဲ့ စီးပွားရေး ပူးပေါင်းနိုင်ရင်တောင် 
ကိုယ့်အတွက် အကျိုးရှိဖို့များပါတယ်။ 
အဓိက နည်းပညာကိစ္စအတွက် ရစရာများ
လို့ပါ။ 

မြန်မာ့ကမ်းလွန်ပင်လယ်ပြင်မှာ တူးဖော်
ရှာဖွေရေးလုပ်မယ်ဆို ရုရှားရဲ့နည်းပညာအထောက်အကူအပြင် ရေကြောင်း
လုံခြုံရေးပေးနိုင်မှုကလည်း မေ့ထားလို့
မရပါဘူး။ 

ဘကုန်းနဲ့ ရေပိုင်နက် ပြဿနာခနခန 
တက်နေချိန်မှာ ရုရှားရဲ့ ရေတပ်ဖြန့်ကျက်မှုအကူအညီ ယူထားနိုင်ရင် အနောက်ခြမ်း
ပြဿနာကို အထိုက်အလျောက် ဖြေရှင်း
ပြီးသားဖြစ်ပါလိမ့်မယ်။ 
Emotionsအရဆို မြန်မာရင်ဆိုင်
နေရတာက (မတန်မရာနှိုင်းရရင်) 
ဟိုးယခင် ဆိုဗီယက်ယူနီယံ ကြုံနေသလိုပါပဲ။ 

1992 မှာ(မှတ်မိသလောက်) ဆိုဗီယက်
ယူနီယံပြိုကွဲတော့ ၁၅နိုင်ငံအထိ 
ခွဲထွက်သွားကြတယ်။ 
ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်ကြီး ဂေါ်ဘာချော့ဗ်လက်ထက်ဆိုပါတော့။ 
ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်ကြီးအစွမ်းနဲ့ 
အမေရိကန်နဲ့ နင်လားငါလား ထိပ်တိုက်
ရပ်တည်နိုင်ခဲ့တဲ့ ဆိုဗီယက်ယူနီယံလည်း 
ကျဆုံးခဲ့တာပါပဲ။ 
အစိတ်စိတ်အမွှာမွှာဖြစ်ခဲ့တဲ့ တိုင်းပြည်
ဘဝကနေ ပြန်လည်ထူမတ်နိုင်ဖို့ 
ဆိုဗီယက်အမွေခံ ရုရှားဟာ နှစ်ပေါင်း
များစွာ အတော်လေးပြန်ကြိုးစားခဲ့
ရပါတယ်။ 
ခုထိလည်း ရုန်းကန်နေရတာပါပဲ။ 

ဒါတောင် ရုရှားဟာ ကမ္ဘာပေါ်မှာ 
နိုင်ငံအစွန်နှစ်ဖက် အချိန်ကွာခြားမှု 
၁၀ နာရီအထိရှိတဲ့ အကျယ်ပြန့်ဆုံးနိုင်ငံ
တခုအဖြစ် တည်ရှိနေတာပါ။ 

ဆိုဗီယက်ယူနီယံအဖြစ်သာ တစုတစည်း
ထဲရှိနေခဲ့ရင် ဘယ်လောက်ထိ အင်အား
ကောင်းမလဲ တွေးကြည့်ပေါ့။

ကိုယ့်နိုင်ငံက မြေပုံပေါ်မှာ တည်နေရာ
သာအတွင်းကျရင် မနဲဖြဲရှာရမယ့် 
အရွယ်အစားပဲရှိပါတယ်။ 
အိမ်နီးချင်း ၅နိုင်ငံမှာ ၃နိုင်ငံက လူဦးရေ
အရ အပြတ်အသတ်သာပါတယ်။ 

ဘဂ်လားဒေ့ရ်ှက နိုင်ငံကသာ ကိုယ့်ထက်
သေးပေမယ့် လူဦးရေက ရုရှားထက် 
သန်း၂၀ တောင်များတာ အချို့မသိကြပါဘူး။ 

၂၀၁၀မှာ သန်း၁၅၀လောက်ရှိရာကနေ 
၁၀နှစ်အကြာ ၂၀၂၀မှာ ၁၆၅သန်း
ထိတက်လာပါတယ်။ 
နောက်လည်းတက်နေဦးမှာပဲ။ 

မြန်မာကတော့ ၁၀နှစ်အတွင်း ၅သန်း
ပြည့်အောင် မတိုးခဲ့ပါဘူး။ 
အိန္ဒိယနဲ့ တရုတ်ကတော့ သန်း၁၄၀၀
လောက်စီ ရှိကြပါတယ်။ 
ထိုင်းကတော့ လူဦးရေအရ သိပ်မကွာ
ပေမယ့် စီးပွားရေးမှာတော့ ဒီအတိုင်း
ဆက်သွားရင် ဘယ်လိုမှ မှီဖို့မလွယ်တဲ့
နိုင်ငံပါ။ 
ဒါ့အပြင် ထိုင်းက US စောင့်ရှောက်ခံ
နိုင်ငံတခုပါ။ 

ဒီလို နိုင်ငံတွေအကြားနေရတဲ့ ကိုယ့်နိုင်ငံ 
ပိစိပေါက်စလေးက ခွဲထွက်ချင်နေကြတာ 
ဘယ်လိုအတွေးအခေါ်တွေ ရှိမှန်း
ကိုယ်လည်းနားမလည်နိုင်အောင်ပါပဲ။ 

ဆိုဗီယက်က ခွဲထွက်ပြီး ကြွယ်ဝချမ်းသာ 
တိုးတက်လွန်းလို့ ရုရှားထက် ထိပ်တန်း
ရောက်သွားတဲ့နိုင်ငံ တွေ့မိကြလို့လား။ 
ဆိုဗီယက်တောင် ချိနဲ့သွားတာ ကိုယ့်နိုင်ငံ
လို ဖေ့ဘုတ်ပေါ်က သတင်းပဲဖတ်တတ်
တဲ့လူအများစုနေတဲ့ နိုင်ငံဆို တွေးရဲစရာ
ကိုမရှိဘူး။ 

ခုနောက်ပိုင်းမှသာ ခွဲထွက်ရေးကနေ 
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဘာညာလေသံ
ပြောင်းလာတာ(မနိုင်မှန်းသိလို့)။ 
ကရင်နဲ့ ရှမ်းအားကောင်းတုန်းက 
ရန်ကုန်အစိုးရလို့ သမုတ်ခံခဲ့ရတဲ့အထိ 
တိုက်ခဲ့ကြတာ ကျွန်တော်တို့ မမေ့ပါဘူး။ 

ရိုးသားတဲ့တိုင်းရင်းသားဆိုတဲ့အထဲ 
လက်နက်ကိုင်တွေကိုတော့ ထည့်မတွက်
ပါရစေနဲ့။ 

ဒီလို ပြည်တွင်း ပြည်ပအန္တရာယ်စုံကြား
နေရတဲ့ မညီညွတ်တဲ့တိုင်းပြည်တခုရဲ့ 
စစ်တပ်ဟာ အင်အားကို တောက်လျောက်
တိုးချဲ့လာရခြင်းရဲ့ အဖြေကို နားမလည်
လို့မရပါဘူး။ 
နီပေါတွေ ဖအေခေါ်ချင်နေတဲ့ US တောင် 
တောင်ပိုင်းနဲ့မြောက်ပိုင်း အကြီးအကျယ်ပြည်တွင်းစစ်ခင်းပြီးမှ မပြိုကွဲပဲ 
ဒီနေ့လိုထိပ်တန်းအဖြစ်ရပ်တည်နိုင်တာ 
မသိလို့မရပါဘူး။ 
ဒီတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်လေသံ
ပြောင်းလာတဲ့ တိုင်းရင်းသားလက်နက်ကိုင်
တွေ အားကောင်းနေသမျှ သူတို့ထက် ပြည်ထောင်စုတပ်မတော်က အားကောင်း
အောင်လုပ်နေမှာပါပဲ။ 
အဲဒီလက်နက်ကိုင်တွေက ပိုအားကောင်း
နေရင် ပြည်ထောင်စုတပ်မတော်ကို 
အဖက်မလုပ်ပဲ တန်းပြီး ခွဲထွက်ရေး
လုပ်မှာမဟုတ်ဘူးလို့ ဘယ်သူမှ အာမမခံ
ပေးနိုင်ပါဘူး။ 
တပ်မတော်ရဲ့ တာဝန်၃ရပ်ထဲက 
တိုင်းရင်းသားစည်းလုံးညီညွတ်မှု 
မပြိုကွဲရေးကို ခင်ဗျားတို့လက်မခံရင်တောင် 
သူက ပြည်ထောင်စုမပြိုကွဲရေးနဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး
အတွက် လုပ်စရာရှိတာ ဆက်လုပ်နေမှာပါပဲ။ 
ဒီအချက်တွေကို ရုရှားကလည်း နားလည်
မှာပါပဲ။ 

ရုရှား မြန်မာပညာတော်သင်စေလွှတ်တဲ့ 
နှစ်၂၀ ကာလအတွင်း မြန်မာနိုင်ငံစစ်တပ်
ဘာတွေရင်ဆိုင်နေရတယ်ဆိုတာကို 
ရုရှားပညာတတ်ဆရာတွေအပြင် 
ကျောင်းနေဖက် သူငယ်ချင်းတွေ 
စစ်ဖက်ဆိုင်ရာမိတ်ဆွေတွေလည်း 
ပုဂ္ဂိုလ်ရေးခင်မင်မှုကနေ ကောင်းကောင်း
သိနေမှာပါ။ 

သူတို့တွေလည်း သူတို့နိုင်ငံက ထိပ်တန်း
အရာရှိတွေ လူကြီးတွေဖြစ်နေနိုင်သလို 
လူကြီးအနားနေရသူတွေဖြစ်လို့ 
ပြန်ဖောက်သည်ချတာလဲ လုပ်ကြမှာပါပဲ။ 

ဒီတော့ Political အရအပြင် မြန်မာကို 
မိတ်ဆွေရင်းလို သဘောထားပြီး 
Emotion အရပါ ကူညီပေးဖို့ သူတို့
ကြိုးစားနေတယ်လို့ သုံးသပ်လို့ရပါတယ်။ 

ကျောင်းသားဘဝ ကလေးအရွယ်တုန်းကို 
ပြန်စဉ်းစားကြည့်ပေါ့။ 
ခင်ဗျားတို့ သူများအခန်းရှေ့သွား 
အချိုးမပြေလို့ဖြစ်စေ ဟိုက အနိုင်ကျင့်
လို့ဖြစ်စေ ခံလာရပြီဆို ကိုယ့်သူငယ်ချင်း
တွေဆီပြန်ပြေးပြီး ငါ့ကိုတော့ ဝိုင်းဆော်
လိုက်တယ်ကွာလို့ ပြောတာနဲ့ လူစုပြီး 
ပြန်သွားချတာမျိုး မကြုံဖူးဘူးလား? 
ကလေးဘဝမှာ ကလေးလို ရန်ဖြစ်ကြသလို 
လူကြီးဖြစ်တော့လည်း လူကြီးလို 
ရန်ဖြစ်ကြတယ်လို့ တွေးလိုက်လို့ရပါတယ်။ 

ကိုယ့်ထက် ဗလကြီးတဲ့သူတွေနဲ့ ရန်
ဖြစ်မယ်ဆို ကိုယ်ကဗလမကြီးရင် 
ဗလတောင့်တဲ့မိတ်ဆွေကို ပေါင်းထားဖို့ 
လိုပါတယ်။ 
သူ့ဗလအားကိုးနဲ့ ကိုယ့်ကို အနိုင်မကျင့်ပဲ 
ကိုယ်လိုအပ်တိုင်းအကူအညီပေးတတ်တဲ့ 
ရုရှားလို ဗလကြီးတွေကို ရွေးပေါင်း
တတ်ဖို့တော့လိုတာပေါ့။ 
US လို ကူညီတာကနည်းနည်း သူတို့
အလိုကျမလုပ်ပေးရင် ကိုယ့်လူ
လာဝှက်ထားတဲ့ ပိုက်ဆံတောင်မထုတ်
ပေးတဲ့ ဗလကြီးတွေကို မပေါင်းသင်းမိဖို့ 
လိုပါတယ်။ နားဦးမည်.....

စိတ်ကူးပေါက်ရင် ထရေးတဲ့
နက်ဥ## crd##