Tuesday, July 6, 2021

မြန်မာ့သမိုင်းမှာ တရားသောနည်းနဲ့ အာဏာမရလို့ နိုင်ငံရေး ပါတီကနေ တောခို သူပုန်ထ အကြမ်းဖက် လုပ်တာ ၂ ပါတီရှိတယ် ။

 
ပထမ ပါတီက ဗမာပြည်ကွန်မြူနစ်ပါတီ ၊ ဗကပ ။ 
သူတို့အာဏာမရတာနဲ့ လွတ်လပ်ရေး က အတုပါဆိုပြီး ၁၉၄၈မတ်လ ၂၈ ရက် တောခိုသူပုန်ထတယ် ။ အစပိုင်းမှာ မြို့ကြီးတွေကိုပါ သိမ်းပိုက် 
နိုင်ခဲ့တယ် ။ နောက်တော့လည်း ပဲခိုးရိုးမ မှာ ဥက္ကဌ သခင်သန်းထွန်း ၊ နောက်ထပ်ဥက္ကဌအသစ် သခင်ဇင် ၊ အတွင်းရေးမှူး သခင်ချစ်တို့ ပါ သေပြီး ပဲခူးရိုးမ 
ကနေ အမြစ်ပြုတ်သွားတယ် ။ ကွန်မြူနစ် တရုတ် က ကွန်မြူနစ် အချင်းချင်း  အားပေးကူညီလို့. ရှမ်းပြည်နယ် မြောက်ပိုင်း မှာ ၁၉၆၈ မှာ ပြန်ထလာတယ် ။ နောက်ဆုံးတော့ တိုင်းရင်းသားတွေက သူတို့ကို အသုံးချ နေမှန်းသိလာလို့ ဝ ၊ ကိုးကန့် အခါ တို့ခွဲထွက်ပြီ ဗကပ ပျောက်ကွယ် သွားရတယ် ။ 
ဗကပ ကနေ ဝ အဖွဲ့ UWSP,UWSA အဖြစ် ခွဲထွက်တဲ့အချိန် ဝ အဖွဲ့က ခေါင်းဆောင်ကြီးတစ်ယောက် ပြန်ပြောပြတာက " ဝ လူမျိုးတွေ ဗကပ အဖြစ် ဗကပ အာဏာရရေးအတွက် စစ်တိုက်ပေးရင်း သေခဲ့ရတာ သုံးသောင်း ကျော် သေခဲ့ရတယ် ။ ဒဏ်ရာရ ဒုက္ခိတ ဖြစ်တာတွေမပါဘူး တဲ့." ။ ဗကပ အောက် ၁၉၆၈ ကနေ ၁၉၈၉ထိ ၂၁ နှစ်အတွင်း တစ်နှစ်မှာ ဖျမ်းမျှ ဝလူမျိုး ၁၄၂၈ ယောက် သေခဲ့ရတယ်။ ကိုးကန့် အခါ ရှမ်း ဗမာ.. အခြားတိုင်းရင်းသားတွေ ဗကပ ရဲ့ လူလှိုင်းစစ်ဆင်နည်းကြောင့် သေခဲ့ရတာတွေပါ ထည့်တွက်ရင် မနည်းဘူး ပဲ ။ သိန်း ဂဏန်း ကျော်ပါမယ် ။ 

ဒုတိယ ပါတီက​ေတာ့ NLD ပဲ ။ 
သူတိူု့ အာဏာမရတာနဲ့ . ဆန္ဒပြ ၊ သပိတ်မှောက် ၊ ဆူပူ လာတယ် ၊ နောက်တော့ အကြမ်းဖက် လုပ်ရပ်တွေ ဗုံးခွဲ လူသတ် မီးရှို့ လုပ်လာတယ် ။ အခု တော့ CRPH ကနေ NUG ဆိုပြီး စင်ပြိုင် ပြည်ပြေးအစိုးရဖွဲ့တယ် ။ သူတို့လက်အောက်မှာ PDF အမည်ခံ အကြမ်းဖက် သူပုန်အဖွဲ့တွေ ထကြွသောင်းကျန်းသူတွေနဲ့ မြို့အတော်များများမှာ သောင်းကျန်းနေတယ် ။ တောထဲမှာလည်း သွားပြီး 
စစ်သင်တန်းတက် သူပုန်ထနေပြီ ။ 
အားလုံးသည် NLD ပါတီက လူတွေချည်းပဲ ။ 
အရင်က တိုင်းရင်းသားတွေကို နေရာမပေးချင်လို့ 
ရွေးကောက်ပွဲ နေရာအားလုံး ဝင်ပြိုင်ခဲ့တယ် 
 မဲလိမ် မဲခိုးပြီး အနိုင်ကြေငြာတယ် ။ အာဏာလက်လွတ်ဖြစ်ကာမှ တိုင်းရင်းသား လက်နက်ကိုင်တွေကို အသုံးချချင်တာနဲ့ ဖက်ဒရယ်အာမီ ဖက်ဒရယ်အစိုးရဆိုပြီး ထလုပ်ပြနေတယ် ။ အဓိက ကတော့ NLD သူပုန်ထတာကို တိုင်းရင်းသားတွေက ဝိုင်းကူ အသေခံတိုက်ပေးဖို့ စကားလုံးလှလှတွေနဲ့ သိမ်းသွင်းနေတာပါ ။ သို့သော်လည်း NLDအာဏာရရေးအတွက် တိုင်းရင်းသားတွေ လူဘယ်လောက် စတေးခံလိုက်ရတယ်ဆိုတာ နောင်အချိန် ကွဲပြဲချိန်မှ သိရပါလိမ့်မယ် ။ ခုတော့ ရာဂဏန်း ဖြစ်နေပြီလို့ 
ခန့်မှန်းပါတယ် ။ 

တိုင်းရင်းသား လက်နက်ကိုင်တွေကလည်း ၁၉၆၈ 
အေုခြအနေနဲ့ မတူတော့ပါဘူး ။ မ အ တော့ပါဘူး ။ သူတို့ကို NLDကပဲ အသုံးချနိုင်မလား ၊ တိုင်းရင်းသား လက်နက်ကိုင်တွေကပဲ NLD လူငယ်တွေကို ပြန်အသုံးချနိုင်မလား ဆိုတာတော့... စောင့်ကြည့်ပေါ့ ။ 
NLD အာဏာ ပြန်ရဖို့ တိုင်းရင်းသားတွေ အသေမခံ အသုံးချမခံချင်တာတွေလည်း တွေ့နေရသလို အချို့ တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း သူတို့အကျိုးရှိဖို့ တောခိုလာသူတွေကို လက်ခံပေးနေတယ်လို့ သုံးသပ်ရပါတယ် ။ 

ကာလတစ်ခုရောက်ရင်တော့ မြို့ပေါ်မှာ မလှုပ်ရှားနိုင်တော့ပဲ ဗကပ  သခင်သန်းထွန်း၊ သခင်ဘသိန်းတင်တို့လို နယ်စပ်တောတွင်းကို ရောက်သွားမယ်လို့ ယူဆရတယ် ။

အဲဒီ ပါတီ က ခေါင်းဆောင်နှစ်ယောက်က
 ဆွေမျိုးတော်တယ် ။ သခင်သန်းထွန်း မိန်းမ 
 ဒေါ်ခင်ခင်ကြီး နဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမေ ဒေါ်ခင်ကြည် တို့ဟာ ညီအမ အရင်း ဖြစ်ကြတယ် ။ 
ဒီတော့ 
NLD ဒေါ်အောင်ဆန်းစုကြည် ဟာ 
ဗကပ  သခင်သန်းထွန်းရဲ့ တူမပေါ့ဗျာ ...
Crd