Tuesday, July 6, 2021

အောက်စီဂျင်


            ဝံသာနုရက္ခိတစနေအသင်း ဟာ ယနေ့ covid ပြဿနာ အတွက် ကူညီနေတဲ့ ပရဟိတ အသင်းဖြစ်ပါတယ် ။ 

        သူတို့ ဖြစ်နေတဲ့ အခက်အခဲက အောက်ဆီဂျင် အကူအညီတောင်းခံနေမှု အပေါ် မကူညီနိုင်တော့ တဲ့ အခက်အခဲ ဖြစ်ပါတယ် ။ 

        ယခု covid ပြဿနာဟာ အလွန်ရှုပ်ထွေးနေပါတယ် ။ နစက အနေနဲ့ ဘယ်လိုဖြေရှင်းဖို့ ဆောင်ရွက်နေပါစေ သူတို့လည်း ခက်ခဲနေမှာ သေချာပါတယ် ။ 

      ယခင် နှစ်ကြိမ်တုန်းက အားလုံး တက်ညီလက်ညီ လုပ်ခဲ့ကြပေမယ့် နိုင်ငံရေး ပယောဂ ဝင်ပူးချိန်မှာ တာဝန်အရှိဆုံး ဆရာဝန်တွေ ကိုယ်တိုင် CDM ဆိုပြီး လူသားစိတ်ကင်းမဲ့စွာ စွန့်ခွာသွားကြပါတယ် ။ 

       ထို့အတူ ပရိဟိတအသင်း အများအပြားဟာလည်း မူလ ရည်ရွယ်ချက်ဖြစ်တဲ့ လူသားများအား ကူညီရန်ဆိုတဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်ကနေ သွေဖယ်သွားပြီး နစက ဆန့်ကျင်ရေး လုပ်ဆောင်ရာမှာ ပါဝင်ကူညီရင်း အသင်းတွေ ကို ဖျက်ဆီးပစ်လိုက်ကြပါတယ် ။ 

      ယနေ့ တတိယလှိုင်း ပြဿနာမှာ covid စင်တာ ရှားပါးခြင်း နဲ့ အောက်ဆီဂျင် ပြတ်လပ်ခြင်းတွေ ဖြစ်နေပါတယ် ။ 

       ဇစ်မြစ်ကတော့ ပရဟိတ အသင်းတွေလက်ဝယ်ရှိ အောက်ဆီဂျင်ဗူးတွေ အများအပြားဟာ အသင်းတွေ နဲ့ အတူ ပျောက်ကွယ် ပုန်းအောင်းနေကြလို့ ဖြစ်ပါတယ် ။ 

        အဲဒီ အောက်ဆီဂျင်ဗူးတွေ ထွက်လာမှသာ အလျှင်အမြန်  အဆင်ပြေနိုင်ပါမယ် ။ 

      နောက်တနည်းက တပ်မတော်ပိုင် အောက်ဆီဂျင် စက်ရုံတွေကနေ အလုံးအရင်း နဲ့ ထုတ်ပေး ၍ လိုအပ်သောဆေးရုံ နှင့် ပရဟိတအသင်းများအား ဆက်သွယ်ပြီးကူညီမှသာ အလျှင်အမြန် အဆင်ပြေပါလိမ့်မယ် ။ 

       NLD လက်ထက်တုန်းက တပ်မတော် ကုသရေးစင်တာများသို့ လူနာ လွဲမပေးလို့ ဆိုပြီး ပြောခဲ့တာတွေ ရှိပါတယ် ။ အလှူငွေတောင် သန်း တထောင် ထည့်ခဲ့ပါသေးတယ် ။ 

      နစက အကျပ်အတည်း တွေ့ရင် ပြီးရော ဆိုပြီး ဥပေက္ခာ ပြု ပုန်းကွယ်နေတဲ့ လုပ်ရပ်တွေ ဆိုင်းငံ့ထားပြီး အနီ အစိမ်း မခွဲ​ခြားပဲ ကူညီဖို့ ပရဟိတတွေ လှုပ်ရှားသင့်ပါပြီ ။ 

      တပ်မတော် အနေနဲ့လည်း အနီအစိမ်း မခွဲပဲ ကူညီနေတာ မှန်ပေမယ့် ယခုထက် အားထည့် လှုပ်ရှားဖို့ လိုနေပါပြီ ။ အရေးကြီးဆုံး အောက်ဆီဂျင် လိုအပ်ချက်ကို အလျှင်အမြန် ဖြည့်ဆီးပေးရပါ့မယ် ။ 

      လိုအပ်လျှင် နိုင်ငံတကာမှ  ချေးငွေ အများအပြား ရယူပြီး စားသောက်ရန် ထောက်ပံ့ကြေး ကူညီကာ တနိုင်ငံလုံး လော့ဒေါင်းချသင့်ရင် ချပစ်ပါ ။ 

           နစက အတွက် ကြီးမားတဲ့ အခက်အခဲကတော့ CDM ဆရာဝန်တွေဟာ ဆေးပစ္စည်း အားလုံး နီးပါးကို ရည်ရွယ်ချက်ရှိရှိ ယုတ်ယုတ်မာမာ သယ်ယူသွားကြပါတယ် ။ 

        အဲဒါကလည်း ပြည်သူတွေကို သတ်နေတာ နဲ့ အတူတူပါပဲ ။ 
နစက အနေ နဲ့ ယခု ပြဿနာကို အဆင်ပြေဆုံး ဖြစ်အောင် အကောင်းဆုံး စီမံဆောင်ရွက်မယ်လို့ မျှော်လင့်ရင်း။

        မျိုးဝင်း