Monday, July 5, 2021

#ဂျန်လီးတစ်ကောင်ရဲ့မှတ်တမ်း


● ဤကဗျာစု (၁ မှ ၁၃ + နိဂုံး) ကို #နရီမင်း က ၂၀၂၁ ဇွန် ၈ မှ ၂၉ အတွင်း ရေးခဲ့သည်။
● တစ်ပုဒ်ချင်း အောက်ခြေမှ ရက်စွဲများမှာ Facebook wall တွင် တင်ခဲ့သည့် ရက်စွဲများ ဖြစ်၏။

■ ဂျန်လီးတစ်ကောင်ရဲ့ မှတ်တမ်း (၁)

ဒီတော်လှန်ရေးကို ခြေစုံပစ်ပြီး မထောက်လို့တဲ့
ငါ့သူငယ်ချင်းကောင်မလေး (ခုတော့
ကောင်မကြီးပါ)က ငါ့ကို စိတ်ကောင်းကလေး စာနာစိတ်ကလေးထားပါလို့ လာပြောတယ်။

ဘာမှ မဆုံးရှုံးဖူးသူ ထမင်းတစ်နပ်တောင်
အငတ်မခံဖူးသူက စာနာစိတ်အကြောင်း
ပြောလာတာပဲ။

ငါ ဘာကို စာနာရမလဲ ငါ စဉ်းစားပါတယ်။
အခု သူတို့ ပြောတဲ့တော်လှန်ရေး
(ငါ့စံအရကတော့ တော်လှန်ရေးလို့ မယူဆ)မှာ
ကေဇ၊ ခက်သီ၊ မဲကြီး စသဖြင့်
ငါ ချစ်ခင်သူတွေ သေခဲ့ရတာပဲ။

နောက်ကို ပြန်ရစ်ကြည့်တော့
ငါ အသက် ၂၀ အရွယ်မှာ လမ်းမပေါ်
ငါ့သူငယ်ချင်း ငါ့ဘေးမှာပဲ သေတယ်။
ရင်ခွဲရုံထဲကနေ သူ့အလောင်း ငါသွားခိုးတယ်။
သူ့ခေါင်းဟာပွင့်ထွက်လို့၊ အောက်ပိုင်း
ဗလာကျင်းနဲ့။ အဲ့မတိုင်ခင် ငါထောင်ထဲ နှိပ်စက်ညှဉ်းပန်းခံခဲ့ရသေးတာ။

စိတ်ကူးမယဉ်နဲ့၊ စစ်ကြောရေးဆိုတာ 
ရုပ်ရှင်ထဲမှာလို အိုက်တင်ခံချိန်မရဘူး၊
လူ့တန်ဖိုးဆိုတာ ရှိမှ မရှိတော့တာပဲကွာ။

ထားပါတော့ ငါတောခိုတယ်။ ငတ်တယ်
ပြတ်တယ် ငှက်ဖျားနဲ့ သတိမရတချက်
ရတချက် အဖျားတက်နေချိန်
ရန်သူလိုက်လို့ ဆုတ်ပြေးရတယ်။
ငါ့ရဲဘော်တချို့ သွေးရဲရဲသံရဲရဲနဲ့ သေတယ်။
အရှင်ဖမ်းခံရသူတချို့ ရိုက်သတ်ခံရတယ်။

RIT က ခြေထောက်တစ်ဖက်မသန်တဲ့ငါ့ညီ
ကိုဖုန်းမော်အထိမ်းအမှတ် လုပ်တဲ့ထဲပါတာနဲ့
ထောင်ခုနစ်နှစ်ကျပြီး ထောင်ထဲမှာ နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ လေးနှစ် နေခဲ့ရတယ်။

ငါတို့ တောထဲ ဒုက္ခပေါင်းစုံနဲ့ ရုန်းကန်နေရချိန်
ဟိုအဘွားကြီး ပြောတာက ကလေးတွေက
အမြတ်ထုတ်ချင်သူတွေ မြှောက်ပေးလို့
လုပ်တာ ရရင်ရ မရရင်ချဆိုတာ လက်မခံဘူးတဲ့။
လက်နက်ကိုင်တော်လှန်တာ ကျွန်မလက်မခံဘူးလို့
ခေါင်းတခါခါ လည်တခါခါနဲ့ ပြောတယ်။

သူ အာဏာရဖို့ရာ ရွေးကောက်ပွဲ ဝင်ပြီး
သူ့ကို အာဏာမပေးတော့ သူ့အကိုဝမ်းကွဲ
အပါအဝင် သူ့လူတွေ ငါတို့ရှိရာ တောထဲ ရောက်လာရော။ နောက်တော့ အဝေးရောက်
အစိုးရဆိုပြီး ထောင်တာ ငါတို့ ဝန်းရံခဲ့တာပါပဲ။

သူကတော့ အထဲမှာ အနေအစားချောင်အောင်
သူ့လူတွေကို သူ့ထုံးစံအတိုင်း စွန့်ပစ်
လိုက်တာပါပဲ။သူ့ကိုယုံကြည်လို့ သေခဲ့ရသူ
ဘဝပျက်ခဲ့ရသူတွေဟာ သိန်းဂဏန်းမက
ရှိနိုင်တယ်။

နောက်တော့ အာရပ်နွေဦးဖြစ်တယ်။
ကဒါဖီ ခွေးသေဝက်သေ သေတယ်။
အာဏာရှင်ဆိုသူတွေ အတော့်ကိုတုန်လှုပ်
ခဲ့ရတာပေါ့။ အောင်မြင်စွာ ဆုတ်ခွာရေး
နည်းလမ်းကို ရှာတဲ့အခါ ဘာကျင့်ဝတ်
ဘာမူ ဘာနိုင်ငံရေး ဘာအမှန်တရားမှ မရှိတဲ့ အဘွားကြီးကို အသုံးချစရာအဖြစ် မြင်ခဲ့တယ်။

ရွေးကောက်ပွဲ ဝင်ခိုင်းပြီး အာဏာတချို့
ခွဲပေးလိုက်တယ်။ အရူးအမဲသားကျွေးမိသလို
ဖြစ်သွားတယ်။

နရီမင်း
 8 June 2021

#Crd
နရီမင်း(စာသား)
ပုံကိုတော့ အဆင်ပြေသလို ထည့်လိုက်သည်။

ဂျန်လီးတစ်ကောင်ရဲ့မှတ်တမ်း(၂) ဆက်ရန်ရှိ

Related Posts:

  • #ဒေါသကင်းသောနိုင်ငံရေး!(၄)🇲🇲#တိုင်းပြည်ကိုလူတိုင်းချစ်ကြတယ်။ဒါကသံသယပွား  ရမယ့်ကိစ္စမဟုတ်ပါဘူး။ဝါစိမ်းနီပြာ ဘယ်အရောင်ရှိ  နေကြပါစေ အားလုံးဟာ မိမိနိုင်ငံကိုချစ်ကြတဲ့ နေရာ  မှာတော့ အတူတူပါပဲ။#စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာရဲ့ သဘောက မိမိချစ်ခင်  မြတ်နိုးတန်ဖိုး… Read More
  • #ဒေါသကင်းသောနိုင်ငံရေး!(၇)🇲🇲#သားငယ်၏နာကျင်စွာငိုကြွေးမှုကြောင့် မိခင်သည်  မိမိလက်ကို လွှတ်လေသည်။ ဘီလူးမက သားငယ်  ကိုရ၍ "ကဲ!---ဘာတတ်နိုင်သေးလဲ!--သဘောဖြင့်  စိမ်းစိမ်းပြုံးလေ၏။ရက်စက်မှုကား အတိ။#သို့ရာတွင် "သားငယ်အပေါ် မိခင်၏ ကြင်နာဂရုဏာ   စိတ် မရှိသော မိန… Read More
  • #ဒေါသကင်းသောနိုင်ငံရေး!(၃)🇲🇲#လူတိုင်းဟာဂုဏ်သိက္ခာနှင့်အခွင့်အရေးအရာ၌တန်းတူညီမျှလွတ်လပ်စွာမွေးဖွားလာကြသည်။ပိုင်းခြားဆင်ခြင်သုံးသပ် နိုင်သော အသိတရားတို့  ပြည့်စုံကြပြီဖြစ်လျက် အချင်းချင်းမေတ္တာစိတ်ထား ဆက်ဆံသင့်ကြသည်။         ကုလသမဂ္ဂလူ့အခွင့်အရေးကြေငြာစာတ… Read More
  • #ဒေါသကင်းသောနိုင်ငံရေး!(၅)🇲🇲#နိုင်ငံ့အရေးသည်နိုင်ငံသားတိုင်းနှင့်ဆိုင်သည်။#နိုင်ငံရေး မှာမူအဓိကအားဖြင့် နိုင်ငံရေးသမားတို့၏  အလုပ်ဟုဆိုရမည်။မိမိတို့ ကျန်ပရိတ်သတ်မှာ ဟို မရောက်ဒီမရောက် ငါးပါးမှောက်မည့်အဆင့်ဖြစ်သည်။#"ဒေါသကင်းသောနိုင်ငံရေး"ကသာ တိုင်းပြည်တည… Read More
  • #ဒေါသကင်းသောနိုင်ငံရေး!(၆)🇲🇲#ထမင်းစားဖို့အလုပ်လုပ်သည်။အလုပ်လုပ်ရင်းထမင်း  ငတ်နေသည်။ ဤသဘောတွင် လွဲချော်မှုတစ်ခုခုရှိနေ  ပြီ။#တိုင်းပြည်အေးချမ်းတည်ငြိမ်ဖွံ့ဖြိုးတိုးတက်ဖို့လည်း  ကောင်း၊ပြည်သူများ ချမ်းမြေ့သာယာ ဘေးကင်းကျန်း  မာ အသက်ရှင်ရပ်တည်နိုင်ရန်လည်းကေ… Read More