Monday, July 5, 2021

မင်းတို့ထက် အတွေ့အကြုံရှိ


မင်းတို့ထက် လက်နက်လူသူအင်အားတောင့်တင်းတယ်။ 

မင်းတို့ထက် တောကျွမ်းပြီး
အဲ့ဒီဒေသမှာ ထာဝရ နေထိုင်တဲ့
တိုင်းရင်းသား လက်နက်ကိုင်တွေတောင်

တပ်မတော် စစ်ကြောင်းနဲ့ ထိပ်တိုက်ရင်
ဆိုင်ပြီး မတိုက်ရဲပါဘူး။ 

ဒီလိုမတိုက်ရဲတာဟာ ကြောက်လို့တော့
မထင်နဲ့ဗျ။ 

စစ်ဗျူဟာအရ လည်းကောင်း 
တပ်ဖွဲ့များ၏ ဖွဲ့စည်းပုံ အရလည်းကောင်း
လက်နက်တတ်ဆင်ပုံ အရလည်းကောင်း
မတူညီသောအချက်အလတ် တွေကြောင့်
ဖြစ်ပါတယ်။ 

နားလည်အောင် ဆက်ရှင်းပြရရင်
တပ်မတော်ရဲ့ စစ်ကြောင်း တွေဟာ
နယ်မြေထိန်း သမရိုးကျ တပ်အမျိုးအစားတွေ
ဖြစ်ပါတယ်။ 

သူ့မှာ အဖွဲ့စနစ် ကနေ တပ်စိတ် တပ်စု တပ်ခွဲ
ဒီလိုဖွဲ့စည်းထားပြီး လက်နက်တတ်ဆင်တဲ့
နေရာမှာလည်း အဖွဲ့တစ်ဖွဲ့မှာ ဘာလက်နက်
တွေပါရမယ် တပ်စိတ်တစ်စိတ်မှာ 
ဘာလက်နက် တွေပါရမယ်။ 

အဖွဲ့စနစ်ကနေ တပ်စိတ် တပ်စု တပ်ခွဲ စစ်ကြောင်း
အဆင့်အထိ တာဝန်ခံခေါင်းဆောင်ရသော
အဖွဲ့မှူး တပ်စိတ်မှူးတွေ ရှိပါတယ်။ 

တပ်စု အဆင့်ဆိုရင် ၆၀မမ စိန်ပြောင်းလို
တပ်ခွဲအဆင့်မှာ Ma-7 လို တာဝေးဗုံးသီးတွေ
စက်လတ် တွေ RPG လို လက်နက် တွေ ပါလာပါပြီ

စစ်ကြောင်းအဆင့် ဆိုရင် ၈၁ မမလို စိန်ပြောင်းကြီးတွေ
ပွိုင့် ၅ လို စက်သေနတ်ကြီးတွေ ပါလာတာပါ။ 

လက်နက်ငယ် ကျည် တွေကိုကြည့်လိုက်အုံး
၅ဒ၅၆ နဲ့ ၇ဒ၆၂ ၂မျိုးကိုသာ သုံးစွဲသော လက်နက်တွေပါ။ 

လိုအပ်ရင်တိုက်ပွဲကြာလာရင် လေကြောင်းပစ်ကူကိုပါ
တောင်းခံလို့ရသေ သမရိုးကျ တပ်အမျိုးအစားတွေ
ဖြစ်ပါတယ်။ 

ဟုတ်ပြီ လက်နက်ကိုင်တွေကိုကြည့်လိုက်ပါ။ 

လက်နက်ငယ်မှာတင် m16 Ak47 m22 ကာဘိုင်
အစဉ်ပြေသလို ကိုင်ကြသော ဒေသတွင်းပျောက်ကျား
အဆင့်ကိုသာဖွဲ့စည်းထားသော တပ်အမျိုးအစား
ဖြစ်ပါတယ်။ 

လက်နက်ကြီးဆိုရင်လည်း လှုပ်ရှားမှာ ဆို
Rpj လောက်ပဲ ပါတာပါ။ စိန်ပြောင်းဆိုတာ အတော်
ရှားရှားပါးပါးကိုင်ကြပြီး ခံစစ်အတွက်သာ
အသုံးပြုတာများလှပါတယ်။ 

ရင်ဆိုင် တိုက်ခိုက်ပြီး အချိန်တစ်ခုထက်
ပိုကြာတဲ့ တိုက်ပွဲမှာ တပ်မတော်စစ်ကြောင်းကို
အနိုင်တိုက်ဖို့ဆိုတာ ဘယ်လို မှ မဖြစ်နိုင်တာပါ။ 
ကြာလေ ဆုံးရှုံးမှု ပိုများလေ ဖြစ်နိုင်လို့ပါပဲ။ 

ဒါ့ကြောင့် လက်နက်ကိုင်တွေဟာမိုင်ထောင် မိုင်းဆွဲ ခြုံခိုတိုက်ပြီး
ချက်ခြင်း တိုက် ချက်ခြင်းဆုတ်ခွါရတဲ့ ဗျူဟာမျိုးကို
သာ သုံးကြတာ ဖြစ်ပါတယ်။ 

 လက်ရှိအခြေအနေ မှာ PDF. အဖွဲ့တွေ မြေပြင်
တိုက်ပွဲတွေမှာ ထိကွဲ ဖြစ်နေတာ 
အထက်ပါဖော်ပြထားတဲ့အဓိက
အချက်တွေကြောင့်ပါပဲ။ 

စစ်သင်တန်း ၂ပတ် လောက်တတ်ဖူးတယ်
တိုက်ကွက်ဖော်ဖို့ လောက်သာစဉ်းစားပြီး 
နိုင်ရင်ဘယ်လို ရွေ့မယ် ရှုံးရင် ဘယ်လို ဆုတ်မယ်ဆိုတဲ့
စီမံချက် မရှိခြင်း။ 

စနစ်တကျစုဖွဲ့ထားခြင်း မဟုတ်ပဲ ခေါင်းဆောင်အတည်
တကျ မရှိခြင်း စိတ်ခံစားချက်ကြောင့်သာ
တိုက်နေသော်လည်း အတွေ့အကြုံ အလွန်နည်းပါးခြင်း
ခက်နက်/ခဲယမ်း ဖွဲ့စည်းပုံ ကို မသိခြင်း
သေနတ်ရှိသည်နှင့် စစ်တိုက်လို့ရပြီဟု ထင်နေခြင်း
ကြောင့် ဖြစ်ပါတယ်။  

တကယ်တော့ pdfကို နိုင်ငံရေးလမ်းညွှန်ချက်ပေးတဲ့
Nldက NUG ခေါင်းဆောင်တွေကိုယ်တိုင်ဟာ
စစ်တိုက်ဖူးသူတွေ မဟုတ်ပါဘူး။ သူတို့ကိုယ်တိုင်လည်း
စစ်မတိုက်ဖူးပါဘူး။ 

စစ်တပ် တစ်ခု ကို ဥပဒေ ခိုင်ခိုင်မာမာ ပြဌာန်းချက်
မရှိပဲ ဖွဲ့စည်းတဲ့ အခါ လူ အတွက် ဥပဒေ မရှိ
လက်နက်အတွက် ဥပဒေ မရှိ ဖြစ်လာပြီး
သူတို့ကိုယ်တိုင် pdfကို မထိန်းချုပ်နိုင်တော့ပဲ
အရူးခွေးမွေး သလို ဖြစ်နေတာပါ။ 

မကြာခင် စောင့်ကြည့်ပါလူ အတွက်လည်းကောင်း
လက်နက် အတွက် ဥပဒေ မရှိတဲ့အတွက်
ဒီသေနတ် တွေဟာ NUG ဘက်ကိုလည်း ပြန်လှည့်
လာမယ်ဆိုတာ သေခြာပါတယ်။ 

လက်နက်ကိုင်ထားတဲ့ အတွက် လက်နက်မရှိသူတွေကို
အလစ်ချောင်းမြောင်းပြီး ပစ်နိုင်တယ် 
ဗုံးထောင်နိုင်တယ် မှန်ပါတယ် ဒီလို သာမန်ရာဇဝတ်မှု
တွေကို လက်နက်ရှိသူတိုင်းလုပ်နိုင်ပါတယ်။ 

သို့သော် တပ်မတော် နဲ့ ရင်ဆိုင်တိုက်ခိုက်ဖို့ 
ဆိုတာကတော့ ဒီလောက်အဆင့် နဲ့ မရ နိုင်ပါဘူး။ 

ဒါ့ကြောင့်လည်း ဒီမောဆိုး ဒီပဲယင်း ကနီ မင်းတပ် ဂန့်ဂေါ
ဘယ်မှာ ဖြစ်ဖြစ် ရေရှည်မခံပဲ pdfတွေ
အကျအဆုံးများရတာပါ။ 

လျော့တွက်တာ မဟုတ်ပါဘူး။  သမိုင်းအစဉ်အလာအားဖြင့်
လည်းကောင်း လက်နက် လူသူ အားဖြင့်
လည်းကောင်း တိုက်ပွဲကြီး တိုက်ပွဲငယ် အတွေ့အကြုံ
အားဖြင့်လည်းကောင်း

ဘယ်လိုမှ မယှဉ်သာ လို့သာ pdfအဖွဲ့ တွေ ရင်ဆိုင်
တိုက်ပွဲတိုင်း ထိကွဲ ဖြစ်ပြီး အကျအဆုံး ကိန်းဂဏန်းတွေ
မထင်မှတ်လောက်အောင် များနေတာ ဖြစ်ပါတယ်။ 

တပ်ဖွဲ့တစ်ခု ဖွဲ့စည်းမယ် ဆိုရင် လူအတွက်
တိကျသော ဥပဒေ တွေရှိရသလို လက်နက် တစ်ခု
ခြင်းစီ အတွက် လိုက်နာရမည့် တိကျသော
စည်းကမ်းဥပဒေ တွေ ရှိရပါတယ်။ 

ဥပဒေ မရှိပဲ လက်နက်ကိုင်အဖွဲ့အစည်း ဖွဲ့ထားရင်
တော့ အကြမ်းဖက်အဖွဲ့အစည်းသာ 
ဖြစ်မှာ ဖြစ်ပြီ တပ်ဖွဲ့တစ်ခု တော့ ဘယ်တော့မှ
ဖြစ်လာမှာ မဟုတ်ပါဘူး။ 

ရဲစခန်း တစ်ခု လောက်ကို လူအုပ်စုကြီးနဲ့ ဝင်တိုက်ပြီး
Fbကနေ ချကွချကွ လုပ်ရတာလွယ်ပါတယ်။ 

သို့သော် စစ်မြေပြင်ရောက်ရင်တော့ မင်းတို့ရင်ဆိုင်
ရမှာ အဲ့ဒီလို အခြေအနေ မျိုးမဟုတ်ပါဘူး။ 

မင်းတို့ရင်ဆိုင်ရမှာက စစ်တိုက်ဖို့ သက်သက်
ဖွဲ့စည်းထားတဲ့ တိုက်ခိုက်ရေးတပ်မ တွေနဲ့
ရင်ဆိုင်ရမှာပါ။ 

အားလုံးက အတွေ့အကြုံရှိလက်မြန် ခြေမြန်
သူတို့ဘဝ တစ်လျှောက်လုံး စစ် တိုက်တဲ့ အလုပ်
ကိုပဲ လုပ်လာ တဲ့ သူတွေကို မင်းတို့ရင်ဆိုင်ရမှာ
ဖြစ်ပါတယ်။ 

အကောင်းဆုံးက တော့ အရမ်းတိုက်ချင်ခိုက်ချင်
စိတ်ပျင်းပြနေရင် ကို့အိမ်ပြန်ပြီး PUBG မှာသာ
သွားပြန် တိုက်ကြပါ။ 

မြေပြင်မှာ လူ့အသတ် တွေ အပိုမပါ ပါဘူး။ 

ဒီတစ်ပွဲ ပြီးလို့ နောက်တစ်ပွဲ ပြန်တိုက်လို့လည်း
မရပါဘူး။ လက်နက်ခဲယမ်းဆိုတာလည်း 
လိုက်ကောက်ယုံနဲ့ရတာမဟုတ်ပါဘူး။ 

ကျုပ်တို့က ကျုပ်တို့အတွေ့အကြုံနဲ့ယှဉ်ပြီး
ရေးသားပေးတာပါ။ မိုက်ချင်သပ ဆိုလည်းဆက်မိုက်
နိုင်ပါတယ်။  

Kyaw Swar