Monday, July 12, 2021

🟣 " ကံ " (သို့) သိရန်ခက်သောအရာ


ဆန်းကြယ်သော
သိရန်ခက်သော အရာများထဲမှာ
"ကံ" တရားဟာ
တဦးချင်းနဲ့သက်ဆိုင်ပြီး
အနားမှာ ရှိနေတဲ့အရာပါ၊

...........

မက်ဂရေဂါနဲ့ ပိုရီရေးထိုးကြတယ်
မက် ရဲ့ထိုးပေါက်ပိုကြိုက်တယ်
ဒါပေမဲ့ သူ့အပြုအမူကိုမကြိုက်ဘူး
နိုင်ခြေ သူကပိုများတယ်

ပထမအချီမှာပဲ
ဘယ်ခြေ သွင်သွင်ကျိုးလို့ ရှုံးသွားတယ်
ဘာပြောမလဲ ?
ဖြစ်တောင့် ဖြစ်ခဲကိစ္စ
ကံတရားက သူ့ကိုမထိုးရပဲ ရှုံးစေလိုက်တာ။

..................

မြန်မာ့အခြေအနေကိုကြည့်
မထင်ပဲ ဒေါ်စု အစိုးရဖြစ်လာတယ်
ဒါပေမဲ့ သူမအနေနဲ့ ကံ မမွေးတတ်ဘူး
ကံ ကိုသုံးပဲ၊ သုံးတတ်သွားတယ်
မဆင်မခြင် ဘယ်လောက်တောင်
ကံ ကို ပစ္စလက္ခာသုံး ပစ်လိုက်သလဲဆိုရင်
ပြန်ပြုတ်ကျသွားတဲ့အထိကို ရူးမိုက်စွာ
သုံးသွားခဲ့တာ၊

ဖြစ်သင့်တာက
ကံ ပေးသလောက်လုပ်ကြ
ကံ ကုန်ရင် အေးအေးဆေးဆေး
အပြင်ကနေ အများအတွက် ပြန်ကူညီ
ဘာမှ လောဘတက်နေစရာမလိုဘူး၊
ဆိုးကံတွေ ထပ်ဖြစ်ဖို့ ဘာမှထပ်ကြိုးစား
နေဖို့မသင့်ဘူးလို့ပဲ မြင်တယ်။

လူဆိုတာ
တဘဝထဲပြီးမဲ့ကိစ္စမှမဟုတ်တာ
ဒါကိုသိထားဖို့လိုတယ်
နောက်တခုက
ကိုယ့်ကြောင့် အများ ဒုက္ခရောက်မဲ့ကိစ္စမျိုးကို
ရှောင်ရှားသင့်တယ်လေ ၊

....................

မြန်မာဟာ
Low trust 
Ego centric  community လို့နာမယ်ကြီးတယ်
ယုံကြည်မှု နိမ့်ပါးပြီး၊ အတ္တများတဲ့
လူ့အဖွဲ့အစည်းပေါ့၊ သုံးသပ်ချက်ကို ဖတ်ရတဲ့အခါ
ဒေါသ အနည်းငယ်ထွက်ပေမဲ့ သူတို့တွေ့ရှိချက်ကလဲ
မှန်နေပါလားလို့ လက်ခံလိုက်ပါတယ်၊
ဒါကြောင့်လဲ
အခုလိုဖြစ်စဉ်တွေကို တွေ့နေရတာ၊

မြန်မာဟာ
ဖြစ်ချိန်တန်လို့ ဖြစ်လာရတဲ့ ကြမ္မာအတိုင်း
မရှုမလှဖြစ်နေတာတွေ့ရတယ်၊
ရှေ့အစိုးရရဲ့ မဆင်မခြင်လုပ်မှု
နိုင်ငံတော်သစ္စာဖေါက်မှုတွေကြောင့်
အပြောင်းအလဲ ဖြစ်ခဲ့ရပြီး
လူမှု စီးပွား၊ နိုင်ငံရေး ဘက်စုံ ယိုယွင်းသွားချိန်မှာ
Covid ကထပ်ဖိစီးသွားတာ ခံလိုက်ရတယ်
နဲတဲ့ အကုသိုလ်တော့ မဟုတ်ဘူး
ဆေးစစ် : Positive အချိုးအရ
မနေ့က ၃၄% ၊ ပြီးတော့ Trend ကအတက်ဖက်
တော်တော်ခံရဦးမယ်နဲ့တူတယ်၊

.......................

တတ်သိ ပညာရှင်ဆိုပြီး
သုံးလေ့ရှိတယ်၊ အတတ်က အရင်လာတယ်
ပြီးမှ အသိဖက်ကို ကူးပြောင်းတဲ့သဘော။
CDM လုပ်သူတွေဟာ အတတ်ပညာရှင်တွေပါ
အသိပိုင်း လွဲမှားသွားလေတော့
အားလုံးနစ်နာကြရတော့တယ်၊

သင်ထားတဲ့ပညာတွေဟာ
နိုင်ငံအတွက်၊ လူ့အဖွဲ့အစည်းအတွက်၊ 
မိသားစုအတွက် ပဲဖြစ်သင့်တယ်
မှားယွင်းတဲ့ အသိကြောင့် မလိုလားအပ်တဲ့
ဆိုးကျိုးတွေ ဖြစ်လာရတော့တယ်၊

................

ဘာသာရေးရှုဒေါင့်က ချုပ်ရရင်
ဖြစ်ချိန်တန် လွှဲရှောင်မရဘူး
အသိနည်းကြရင် ပျက်စီးမှုပိုတယ်၊

လောလောဆယ်
Covid ကိုရင်ဆိုင်နေကြရပြီ
ပေးထားချက်က .... " မပြည့်စုံမှု "

ဒီတော့
အသိနဲ့ယှဉ်ပြီး တဦးချင်းပဲ
သက်သာအောင် နေကြရလိမ့်မယ်။

#နေဇင်လတ်  ( 12.7.21 ) 🪀

Related Posts:

  • ဆေးရုံတက်တဲ့လူတိုင်းကို ဆေးရုံက ဆရာဝန်တွေက ဆီးအဖြေ သွေးအဖြေ ဘာဖြစ်ဖြစ်အပြင်ကို သွားစစ်ခိုင်းတယ်။ဆေးရုံက စစ်ရမယ့်ဟာကို အပြင်ဓါတ်ခွဲခန်းက စာရွက်နဲ့ ဆရာဝန်နာမည်ပါထည့်ပြီး ရေးပေးလိုက်တာ ဘာသဘောလဲ..?အပြင်က ဓါတ်ခွဲခန်းတွေနဲ့ ဆေးရုံကတာဝန်ကျ ဆရာဝန်တွေနဲ့ ဘယ်လိုပါတ်သက်ဆက်နွယ်နေတာလဲ ...?ဆေးရုံကဆရာဝန်တွေဆီကို အပြင်ဓါတ်ခွဲခန်းက စာရွ… Read More
  • မွှေစုရဲ့ အရည်အချင်း (၁၀)ခုအကြောင်း တစေ့တစောင်း~~~~~~~~~~~~~~~~~~~၁။စကားပြောလျှင် ကျွန်မရဲ့ဖေဖေကလေ ၊ ဖေဖေကလေဆိုပြီး တစ်ဖေထဲဖေအောင် ပြောဆိုတတ်ခြင်း။၂။ဒေါက်ဖိနပ်လေးကို ခွက်ကနဲ ခွက်ကနဲ စီးပြီးမျက်နှာလေးကို မခိုးတရို့ ဟန်ပန်အမူအရာနဲ့ ပဲပေးတတ်ခြင်း။၃။သူမ၏နောက်လိုက် မိစ္ဆာများက… Read More
  • #ဆူးကြားမှဘူးခါးမြန်မာ    kလားမနိုင်..ရခိုင်မေး ဟု စကားပုံရှိခဲ့ဖူးသည်။ရခိုင်သည် k လားကိုငယ်နိုင်ဖြစ်၍ ကုလားနိုင်သည့်နည်းရှိသည်ဟု တင်စားထားခြင်းဖြစ်သည်။ ယခုထိုသိုမဟုပ်တော့။ k လားမနိုင်၍ ရခိုင်ပြေးနေရသည်။     #ပြေးစရာမြေမရှိသောဘင်္ဂလားဒေရှ့်-------… Read More
  • နောင်လာမည့် မျိုးဆက်တွေအတွက်     á€Ąá€á€Żá€œá€­á€Żá€á€ąá€á€şá€€á€Źá€œá€€á€źá€Žá€¸á€™á€žá€Ź NLD တွေရဲ့ လူသတ်၊ ဘုန်းကြီးသတ်၊ လသားခလေးပါသတ်၊ ဗုံးခွဲ၊ မီးရှို့ အကြမ်းဖက်မှုပေါင်းစုံ နဲ့ ကုန်စျေးနှုံးကြီးမှု၊ အလုပ်အကိုင်ရှားပါးမှုတွေကို ပြည်သူတွေခံနေကြရပါတယ်။ အခုလိုအဖြစ်တွေ မဖြစ်ဖို့ နောက်ထပ် N… Read More
  • KNLAတပ်မဟာ5/6/3/4/2/1/7 တပ်မဟာမှူးတွေဘယ်လိုရကျသလည်းတူရကီဘက်က...မြေနေရာခတစ်ရက်တာGZတစ်ယောက်...နေထိုင်စရိတ်14ဒေါ်လာသင်တန်းကြေး..ဒေါ်လာ30စားစရိတ်...12ဒေါ်လာ...စောင့်ရှောင့်ခ.14ဒေါ်လာ..အထွေထွေ..စရိတ်....14ဒေါ်.လာဒါကတစ်ဦးအတွက်တွက်ကြည့်ရအောင်...94ဒေါ်လာမြန်မာငွေ.1500နဲ့တွက်ရင်141000… Read More