Monday, July 12, 2021

ရက်စက်လှသည် NLD


NLD လွှတ်တော်အမတ်ဟောင်းများ ဦးဆောင်ဖွဲ့စည်းထားတဲ့ CRPH, NUG, PDF အစရှိတဲ့ အမည်မျိုးစုံနဲ့ဖွဲ့စည်းထားတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေက တပ်မတော်အာဏာထိန်းပြီးချိန်ကစပြီး ယနေ့အချိန်အထိ ဆူပူအကြမ်းဖက်မှုတွေကို တစ်နေ့တစ်မျိုး မရိုးရလေအောင် ဖန်တီးလုပ်ဆောင်နေကြပါတယ်။ အစောပိုင်းကာလမှာ မင်းကိုနိုင်၊ မျိုးရန်နောင်သိန်း၊ ပန်ဆယ်လို အစရှိတဲ့ နိုင်ငံရေးသမားအမည်ခံ အကြမ်းဖက်လှုံ့ဆော်သူတွေက facebook လူမှုကွန်ရက်ပေါ်ကနေ အကြမ်းဖက်လှုံ့ဆော်စာတွေ ရေးတယ်။ ဒီကောင်တွေရဲ့ ရေးသားဖော်ပြမှုတွေကို အနုပညာရှင်တွေက ကူးယူဖြန့်ဝေပေးတယ်။ ကူးယူဖြန့်ဝေပေးခြင်းမရှိတဲ့ အနုပညာရှင်တွေဆိုရင် Social Punishment လုပ်တယ်။ SP အလုပ်ခံရမှာကို ကြောက်တဲ့ အနုပညာရှင်တိုင်းက NLDလွှတ်တော်အမတ်ဟောင်းတွေ လှုံ့ဆော်သမျှ အကြမ်းဖက်လှုံ့ဆော်စာတွေကို တာဝန်ကျေ ကူးယူဖော်ပြကြရာကနေ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ follower လုပ်ထားကြတဲ့ လူငယ်တွေဟာ လမ်းပေါ်ရောက်ခဲ့ကြရတယ်။

အမည်ပေးကင်ပွန်းတပ် သိပ်ကို ကျွမ်းကျင်တဲ့ မင်းကိုနိုင်တို့က လမ်းပေါ်ရောက်လာတဲ့ လူငယ်ထုကို GZ လို့ အမည်တပ်ပေးလိုက်ကြတယ်။ နိုင်ငံရေးဆိုတာကို ဘာမှန်းမသိဘဲ သူများလှုံ့ဆော်တိုင်း အဟုတ်ထင်တဲ့ လူငယ်တွေကလည်း GZ အဖြစ်ပါဝင်ရတာကို မြောက်ကြွားမြောက်ကြွားဖြစ်လို့ပေါ့။ လူသတ်၊ အကြမ်းဖက်မှုတွေ မတိုင်ခင် လမ်းပေါ်ထွက်ဆန္ဒပြနေတဲ့ လူငယ်တွေဆီကို မင်းကိုနိုင် အပြေးအလွှားလာပြီး သွေးထိုးမြှောက်ပင့်စကားပြောတာမျိုးတွေ တွေ့ရတယ်။ မင်းကိုနိုင်၊ မျိုးရန်နောင်သိန်း၊ ဂျင်မီ၊ လင်းလင်း၊ ပန်ဆယ်လို၊ အင်းစိန်အောင်စိုး (၆)ဦးကို ၅၀၅(က)နဲ့ ဝရမ်းထုတ်လိုက်ကတည်းက ရုပ်ထွက်မပြတော့ဘူး။ အွန်လိုင်းပေါ်က ဗွီဒီယိုရုပ်သံတွေ ထုတ်လွှင့်ပြီး လှုံ့ဆော်တယ်။

GZ လူငယ်တွေလည်း ဆန္ဒပြချင်တိုင်းပြလို့ရတယ်။ ဖမ်းဆီးမယ့်သူမရှိ၊ အရေးယူမယ့်သူမရှိတော့ ပိုပြီးသွေးကြွလာတယ်။ ဖမ်းဆီးအရေးယူမှုတွေ မရှိတဲ့အခါကြတော့ လှုံ့ဆော်သူတွေက အတွေးမှား အမြင်မှားဖြစ်အောင် လှုံ့ဆော်မှုတွေ ပိုပြီးလုပ်လာတယ်။ မဖမ်းရဲဘူး၊ UNလာတော့မှာ၊ USလာတော့မှာ၊ R2P ဝင်မှာ ဆိုတာမျိုးတွေ လှုံ့ဆော်ခဲ့ကြတယ်။ အဲဒီလိုပြောဆိုလှုံ့ဆော်သမျှကို GZတွေရော၊ ဂျီအို (အိုနာကျိုးကန်း)တွေရော အကုန်လုံးက ယုံကြည်ကြတယ်။ သူတို့လူငယ်တွေကို ဂျင်းထည့်ပြီး လှုံ့ဆော်ခဲ့တာ ၃လကျော်လောက်ဖြစ်သွားပြီ။ ဘယ်ကမှလည်း ရောက်မလာဘူး။ ဒီလူငယ်တွေကလည်း ဘယ်လောက်အထိ ပိန်းသလဲဆိုရင် ၈၈ကတည်းက လာနေတဲ့ UN, US အခုထိ ရောက်မလာဘူးလို့ ပြောရင် ဆဲကြဆိုကြတယ်။ သူတို့တွေက မင်းကိုနိုင်ပြောသလို တကယ်လာမယ်ပဲ ထင်နေကြတာကိုး။ မဟုတ်မမှန် လုပ်ကြံလှုံ့ဆော်တာတွေကို သိနေတဲ့ သူတွေက ပြောပြရင် လက်မခံနိုင်ကြဘူးလေ။

ဒီလိုနဲ့ ဆန္ဒပြပွဲတွေက ပြင်းထန်လာတယ်။ ဆန္ဒပြပွဲတွေကို လိုက်လံတားဆီးတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပြန်လည်ပစ်ခတ် တိုက်ခိုက်တာတွေ လုပ်ရာကနေ သေဆုံးရတဲ့ အဖြစ်တွေ မြင်တွေ့လာရတယ်။ နီပိန်းစိတ်ဓာတ်က ဘယ်လောက်အထိ အတင့်ရဲလာသလဲဆိုရင် ရဲဆီက လက်နက်လုတာမျိုးအထိ အရဲစွန့် အကြမ်းဖက်မှုတွေ လုပ်လာရာကနေ ပွဲကကြမ်းလာတယ်။

ကျည်လွတ်မြေကနေ လှုံ့ဆော်နေတဲ့ ဆာဆာ၊ ဇော်ဝေစိုး၊ မင်းကိုနိုင်၊ မျိုးရန်နောင်သိန်း၊ ပန်ဆယ်လိုတို့ကို အရှိန်မြှင့်လုပ်ဆောင်ဖို့ တိုက်တွန်းလှုံ့ဆော်မှုတွေ ထပ်မံလုပ်ဆောင်လာတယ်။ တပ်က အကြမ်းဖက်ဖြိုခွဲမှုတွေ၊ ပြည်သူတွေကို နှိပ်စက်နေပါတယ်လို့ သူတို့ရဲ့ လက်ကိုင်တုတ်မီဒီယာတွေ ဖြစ်ဒီယာတွေဖြစ်တဲ့ RFA, BBC, VOA, DVB, Mizzima, Irrawaddy, Khit Thit, Myanmar အစရှိတဲ့ သတင်းဌာနတွေကနေ များများဖြန့်ပြီး နိုင်ငံတကာရဲ့ အကူအညီကို ရမယ်ပေါ့။ နိုင်ငံတကာရဲ့ အကူအညီအထောက်အပံ့က အစောကြီးကတည်းက ရထားပြီးသားပါ။ ဒေါ်လာတွေ သန်းနဲ့ချီရထားပြီးသားပါ။ ငွေတွေကိုလည်း သူတို့အသုံးချလို့ ရမယ့် အနုပညာရှင်တွေဆီ ဖြန့်ဝေပေးထားပါတယ်။ ကျော်သူ၊ ဇီးကွက်မ၊ နီနီခင်ဇော်တို့ရဲ့ ဘဏ်အကောင့်တွေထဲကို သိန်းပေါင်း ထောင်ချီ၊ သောင်းချီ ဖြန့်ဝေပေးထားတယ်။ ဒီငွေတွေကို အများပြည်သူအကျိုးပြုလုပ်ငန်းတွေမှာ အသုံးချရင် ပြည်သူတွေအတွက် ဘယ်လောက်အထောက်အကူဖြစ်လိမ့်မလဲလို့ တွေးမိတယ်။ 

သူတောင်းစားတွေက ပြည်သူ့အကျိုးပြုလုပ်ငန်းတွေမှာ အသုံးချတာမဟုတ်ဘဲနဲ့ တိုင်းဖျက်ပြည်ဖျက်လုပ်ငန်းအတွက် အသုံးချကြတယ်။ ဆူပူအကြမ်းဖက်မှုတွေမှာ ပါဝင်တဲ့ လူငယ်တွေကို ထမင်းဗူးထဲ ငွေ ၁၀၀၀၀၊ ၅၀၀၀ ထည့်ပေးပြီး စွဲဆောင်တယ်။ အာဏာရူးတွေအကြောင်း ဘာမှ မသိတဲ့ အပိန်းလေးတွေကလည်း လက်သီးလက်မောင်းတန်းပြီး အယုတ္တ၊ အနတ္တဆဲဆိုနေရတာကို အရသာတွေ့လာကြတယ်။ မြန်မာ့သမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ဘူးတဲ့ ရိုင်းစိုင်းမှုတွေ လုပ်လာကြတယ်။ ဘာသာခြားတွေရဲ့ စနက်နဲ့ သံဃာတော်ပုံတွေကို ထမီမှာ ကပ်ပြီး ဆန္ဒပြတာမျိုးတွေ လုပ်ပြလာကြတယ်။ အပြန်အလှန်ပစ်ခတ်ကြရင်း သေဆုံးမှုတွေဖြစ်လာတဲ့အခါ ဆန္ဒပြလူငယ်တွေက UN, R2P ရဲ့ အကူအညီ ရဖို့ Dead Body ဘယ်လောက်လိုသေးလဲ ဆိုတဲ့ ဆိုင်းဘုတ်တွေ ထောင်လာတာကို တွေ့ရတယ်။

ဆန္ဒပြနေရင်းကနေ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို စတင်ဖို့ လှုံ့ဆော်လာတယ်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့လို့ အမည်ပေးကင်ပွန်းတပ်ထပ်လုပ်ပြီး PDF ဆိုတာတွေ ပေါ်ပေါက်လာပြန်တယ်။ လမ်းတွေပိတ်၊ ရပ်ကွက်ရုံးတွေကို အပိုင်စီးတဲ့ လုပ်ရပ်တွေ လုပ်လာကြတယ်။ အရမ်းကို စိတ်လွတ်ကိုယ်လွတ် ဖြစ်လာတဲ့ လူငယ်တွေကို စည်းရုံးပြီး တောတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆီမှာ အကြမ်းဖက်သင်တန်းတက်ဖို့ စည်းရုံးခေါ်ဆောင်မှုတွေ လုပ်ဆောင်လာကြတယ်။ သူတို့ရရှိထားတဲ့ နိုင်ငံတကာက အထောက်အပံ့တွေ၊ တိုင်းပြည်ဘဏ္ဍာထဲက ခိုးဝှက်ရယူထားတဲ့ ငွေတွေနဲ့ လက်နက်တွေ၊ ဖောက်ခွဲရေးပစ္စည်းတွေ ဝယ်ယူအသုံးပြုလာကြတယ်။
မင်းကိုနိုင်၊ ဇော်ဝေစိုး၊ ဆာဆာ၊ မျိုးရန်နောင်သိန်း၊ ပန်ဆယ်လိုတို့ရဲ့ လှုံ့ဆော်မှုတွေနဲ့ NLD လွှတ်တော်အမတ်ဟောင်းများရဲ့ ဦးဆောင်စီစဉ်မှုနဲ့ တောတွင်းလက်နက်ကိုင်အဖွဲ့တွေထံ ရောက်ရှိသွားသူတွေမှာ အသက် ၁၈၊ ၁၉ အရွယ် လူငယ် ယောက်ျားလေး၊ မိန်းခလေးတွေ ပါသွားကြတယ်။ တောတွင်းလက်နက်ကိုင်အဖွဲ့တွေဆီမှာ တစ်ပတ်၊ နှစ်ပတ်လောက် သင်တန်းတက်လာတဲ့ ကလေးတွေက သူတို့ကိုယ်သူတို့တော့ စစ်ပညာတတ်ပြီလို့ ထင်နေကြတယ်။ NLD အမတ်တွေ ထုတ်ပေးတဲ့ လူစာရင်းကို ယူပြီး လိုက်လံသတ်ဖြတ်မှုတွေ လုပ်ဆောင်လာကြတယ်။ စာသင်ကျောင်းတွေကို ဗုံးခွဲတိုက်ခိုက်မှုတွေ လုပ်လာကြတယ်။

လူသတ်အကြမ်းဖက်၊ စာသင်ကျောင်းတွေကို မီးရှို့၊ ဗုံးခွဲ နေတဲ့ သူတွေ ဖမ်းမိလို့ သတင်းထုတ်ပြန်ချက်တွေမှာ ကြည့်လိုက်ရင် အသက် (၃၀)ကျော် လူကြီးပိုင်းနည်းပါတယ်။ ဆယ်ကျော်သက်အရွယ် လူငယ်တွေချည်းဖြစ်နေတယ်။ အဖိုးတန်လူငယ်တွေကို ခင်ဗျားတို့ ရာထူးအာဏာရဖို့ အတွက် အသုံးချရက်တယ်နော်။ ကောင်းတဲ့ဘက်မှာ အသုံးချရင် ကျုပ်မပြောလိုပါဘူး။ ခင်ဗျားတို့မှာလည်း ဆယ်ကျော်သက်အရွယ် သားတွေ၊ သမီးတွေ ရှိပါတယ်။ ကိုယ့်သား၊ ကိုယ့်သမီးကြတော့ ဆန္ဒပြပွဲထဲတောင် မပါခိုင်းဘူး။ သူများသားသမီးတွေကိုတော့ သေပွဲဝင်ခိုင်းတယ်ဗျာ။ 

ခင်ဗျားတို့တွေဟာ သူတစ်ပါးကိုသာ အပြစ်တွေ တစ်ပုံကြီးဖို့ပြီး ခင်ဗျားတို့ကြတော့ လူသူတော်ကောင်းကြီးတွေလို ဟန်ဆောင်နေကြတယ်။ ခင်ဗျားတို့ ပါတီရဲ့ ဥပဒေမဲ့ လုပ်ရပ်တွေကို ဘာလို့ ဖုံးကွယ်ပြီး လူငယ်တွေကို မဟုတ်မမှန်လုပ်ကြံဇာတ်ခင်းပြီး ဘာကြောင့်လှုံ့ဆော်ခဲ့ကြတာလဲ။ ခင်ဗျားတို့ ပါတီဟာ ပြည်သူလူထုရဲ့ ထောက်ခံမှု အပြည့်အဝရထားပါလျက်နဲ့ မဲလိမ် မဲခိုး လုပ်ရပ်တွေ ဘာလို့လုပ်ခဲ့တာလဲ။ ခင်ဗျားတို့ဟာ အမှန်တရားကို တစ်လုံးတစ်ပါဒမျှ မဟဘဲ ဘယ်သူသေသေ ငတွေမာရင်ပြီးရော (ဘယ်သူ့သားသမီးသေသေ ငါတို့အာဏာရရင်ပြီးရော) အချိုးမျိုးနဲ့ ဖြူစင်ရိုးသားတဲ့ လူငယ်တွေကို အကြမ်းဖက်သမားတွေဖြစ်အောင် လုပ်သွားကြတယ်။ အပြစ်မဲ့ လူငယ်တွေကို ထောင်ထဲထိုးထည့်သွားကြတယ်။ 

ခင်ဗျားတို့ရဲ့ငြိမ်းချမ်းရေးမိခင်ဆိုသူကြီးကိုလည်း အံ့သြမိတယ်။ လူငယ်တွေကို အသုံးချပြီး အကြမ်းဖက်လုပ်ရပ်တွေလုပ်နေတဲ့ ခင်ဗျားတို့ရဲ့ လုပ်ရပ်ဆိုးတွေကို ဟန့်တားခြင်း မရှိဘူး။ လူငယ်တွေကို အသိမှန် အမြင်မှန်ရအောင် တစ်လုံးတစ်ပါဒမျှ မဟဘူး။ ခင်ဗျားတို့ဟာ တိုင်းရင်းသားပြည်သူ လူငယ်တွေကို ရည်ရွယ်ချက်ရှိရှိ သေပွဲဝင်ခိုင်းနေသူပဲဖြစ်တယ်။ ခင်ဗျားတို့ရဲ့ ရက်စက်ယုတ်မာမှုတွေကို ဖုံးကွယ်ပြီး တပ်ကိုဖောင်းထုတယ်။ လူငယ်တွေကို အသုံးချတာက ခင်ဗျားတို့၊ လူငယ်တွေကို သေလမ်းပို့တာက ခင်ဗျားတို့၊ လူငယ်တွေကို ထောင်ထဲပို့တာ ခင်ဗျားတို့။ ခင်ဗျားတို့တွေကို ခွေးထက်မိုက်သူများအဖြစ် သမိုင်းမှတ်တမ်းတင်ထားပါ့မယ်ဗျာ။

ဒေါင်းနင်း
#MyanmarNationalPost