Sunday, July 11, 2021

အခြေအနေအချိန်အခါ လုပ်သင့်မလုပ်သင့်


      ကျနော်ရေးနေသမျှထဲမှာ ဥပဒေဖောက်ဖျက်တဲ့ သူတွေကို အားပေး ကာကွယ် ရေးသားနေတာ တခါမျှ မရှိခဲ့ပါဖူး ။ ဒါပေမယ့် ဒီနေ့ အကူအညီတောင်းလာတဲ့ ပြဿနာကိုတော့ ရေးသင့်တယ် ထင်လို့ ရေးလိုက်ပါတယ် ။ 

        လှိုင်သာယာအဝေးပြေး နယ်မြေမှာ ကျူး ရာဂဏန်း နီးပါးရှိပါတယ် ။ ဖြိုးမင်းသိန်းလက်ထက်မှာ ကျူးပါမစ် စလစ် ရပြီးသားမိသားစုတွေ ဖြစ်ပါတယ် ။ 

      ဟိုတလောတုန်းက ကုမ္ပဏီ နဲ့ လှိုင်သာယာလူမိုက်တွေ ပေါင်းပြီးတော့ အိမ်တွေဖျက်ပေးဖို့ ခြိမ်းခြောက်ကြတယ် ။ နေစရာ မရှိတဲ့ သူတွေက အစားပေးမှာလား မေးတော့လည်း မပေးဘူး တဲ့ ။ 

    စမတ်ကဒ် ရထားတော့ သူတို့ကလည်း အစားမရရင် မဖျက်နဲ့ ဖယ်မပေးဖူးနိုင်ဖူး ဆိုတော့ ပြီးသွားခဲ့တယ် ။ 

    အဲဒါ အခု ထပ်လာတယ် ။ ရပ်ကွက်ရုံးကို ခေါ်ပြီး လက်မှတ်ထိုးခိုင်းတယ် ။ ငါးသိန်းပေးမယ်လို့ ညှိကြတယ် ။ ဖျက်မပေးရင် ဘူဒိုဇာ နဲ့ ထိုးမယ်ဆိုပြီး လုပ်ဆောင်နေကြတယ် ။

       ဒီတခါ ထူးခြားတာက ရက့ကွက်ရုံးမှာ လူမိုက်တွေတင် မကဖူး တပ်မတော်သား ၅ ယောက်ပါ ရှိနေတယ် ။ ဒီတော့ ကျူးမိသားစုတွေ စစ်တပ်ကို ကြောက်လို့ ဘာလုပ်မှန်း မသိ ဖြစ်နေပြီး တငိုငို တရီရီ ဖြစ်နေကြပြီ ။ 

      ကောင်းပြီ ကျူးကို ရှင်းတာ ဥပဒေ အရ မှန်ပါတယ် ။ သို့သော် အခြေအနေ အချိန်အခါ ဆိုတာကို တွက်ဆကြည့်ရပါ့မယ် ။ 

      နစက အနေနဲ့ တိုင်းပြည် တည်ငြိမ်အောင် မလုပ်နိုင်သေးဘူး ။ ဒါက အရှိတရားပဲ ငြင်းမနေကြပါနဲ့ ။ အဲဒါကို အခု စည်ပင် နဲ့ တပ်က ဖျက်ရမယ်ဆိုပြီး ဇွတ်ပြောနေတဲ့ လှိုင်သာယာ ကျူးကိစ္စ က အကျိုးဆက် ဘာတွေ ရနိုင်မလဲ ။ 

       လုပ်ရမယ့် လုပ်ငန်းစဉ်တွေ အသာထားအုံး ၊ သပိတ်ပေါင်းစုံ ဗုံးပေါင်းစုံ သေနတ်ပေါင်းစုံ တွေ နဲ့ ရှုတ်ရှက်ခတ်နေတဲ့ ကြားထဲက ကြောက်စရာ COVID က တကြော့ပြန်လာနေတဲ့ အချိန်....

      ဒီမိသားစုတွေ ဘယ်မှာ ခိုကပ်နေလို့ ရနိုင်မလဲ ။ ဖြစ်နေတာက မြန်မာပြည်မှာ သူ့ကိုယ်မယုံ ကိုယ့်သူမယုံ ဖြစ်နေတာလေ ။ 

       သူတို့ဘာသာ နီ နီ  စိမ်း စိမ်း ဒီအချိန်မှာ ဒီလို ဟာတွေ မလုပ်ထိုက်ပါဖူး ။ မြေနိမ့်ရာ လှံစိုက်လုပ်နေကြတာ အောက်ခြေ စည်ပင် နဲ့ နယ်ခံ တပ်မှူးက လုပ်နေကြတာလား ။ 

       ဒီအချိန်မှာ နစက အဆင့်ကတော့ ဒါတွေ လုပ်လောက်အောင် မိုက်မဲမယ် မထင်ပါဘူး ။ သူတို့တောင် မကြာမကြာ သွားပြီး လှူဒါန်းနေကြတာလေ ။ 

       နောက်ပြီး စစ်သား နဲ့ စည်ပင်က ရပ်ကွက်ရုံးထဲမှာ ကုမ္ပဏီက မွေးထားတဲ့ လူမိုက်တွေ နဲ့ ဘာကြောင့် အတူရှိနေကြတာလဲ... ?

       တပ်မှူးနဲ့ စည်ပင် ငွေစားပြီး ပူးပေါင်း လုပ်နေပြတာလား မေးစရာဖြစ်နေပါပြီ ။ 

       နစက အနေနဲ့ ကိုယ့်တိုင်းရင်းသား ဆင်းရဲသားတွေ အပေါ် ဒီအချိန်မျိုးမှာ ကာကွယ်ပေးရမှာပါ ။ နစက ကို နာမည်ဖျက်ချင်တဲ့ ဝန်ထမ်းတွေ အများကြီး ရှိနေပါတယ် ။ အထက်လူကြီးများ ဒီကိစ္စကို စီစစ်ပြီး ဆောင်ရွက်ပေးဖို့ အရေးတကြီး လိုအပ်နေပါပြီ ။ 

        ကျူးကိစ္စအား ကျနော်အားမပေးပါဖူး ။ သို့သော် ယခုလို ကပ်ပေါင်းစုံ သင့်နေချိန်မှာ နိုင်ငံတော် လူကြီးမင်းများ မှန်ကန်စွာ ဆုံးဖြတ်စေချင်လို့ တင်ပြလိုက်ရပါတယ် ။ နိုင်ငံတော် က လမ်းညွှန်မှု မပေးပဲ အောက်ခြေမှ လုပ်ချင်တိုင်း လုပ်နေတာဆိုရင်လည်း အချိန်မှီ ထိမ်းထိမ်းသိမ်းသိမ်း ဆောင်ရွက်စေချင်ပါတယ် ။ 

        မျိုးဝင်း

(မိုးလရာသီ ကပ်ရောဂါ ဘေး နဲ့ ဒီလူတွေ ဘယ်မှာ ခိုလှုံကြရပါ့မလဲ)






Crd. ....

Related Posts:

  • အန်တီ ကို ပြန်လွတ်မှ ဒီမိုကရေစီရမယ်ဆိုရင်       ''စစ်တပ် လက်အောက်မှာပဲနေတော့မယ်....။               ဘာလို့လဲဆိုတော့......      *ကိုယ်နဲ့ အမြင်မတူရင်'ရန်သူလိုသတ်မှတ်တတ်တဲ့             ဒီမိုကရေစီမျိုးကို မလိုချင်လို့!"....။   *ကိုယ်နဲ့ အယူအဆမတူရင် 'ဒလံ'လို့ စွပ်စွဲ သတ်… Read More
  • အရွှေ့ စလာပြီ     စစ်ကိုင်းတိုင်းက ငပဲ့တွေ စထုတ်ပယ်လာပြီ ။ နောက်ထပ် ငပဲ့တွေ အရှိန်မပျက် လဲတော့မယ့် အနေအထား တွေ့ရပြီ ။      ပြိုင်တူတွန်း၍ ရွှေ့ပေပြီ ။ ပြည်သူ့အသံကို အလေးထားလာသော နစက အား လှိုက်လှဲစွာ ကျေးဇူးတင်ပါတယ် ။      မျိုးဝင်း… Read More
  • ထိုးဖောက်ထွက်ကာ၊ရှင်သန်ပါ * ဘဝမှာ အခက်အခဲ တွေက၊မလွဲဘူး တွေ့ရမှာ။* ရင်ဆိုင်ကာ အားမာန်ပွါး လို့၊ကျော်လွှားကြပါ။* အတုယူစေ ဆိုပြော ချင်ရဲ့၊မာကြောတဲ့ မြေအလွှာ၊တွန်းဖယ်လာ သစ်ပင်လေး။* မကြောက်မရွံ့ဖြင့်၊နောက်မတွန့် နှင့် ခက်ခဲမှုအပေါ် လွှား၍ကျော် အောင်ပန်းပွင… Read More
  • @ ထိုးဖောက်ထွက်ကာ၊ရှင်သန်ပါ @* ဘဝမှာ အခက်အခဲ တွေက၊မလွဲဘူး တွေ့ရမှာ။* ရင်ဆိုင်ကာ အားမာန်ပွါး လို့၊ကျော်လွှားကြပါ။* အတုယူစေ ဆိုပြော ချင်ရဲ့၊မာကြောတဲ့ မြေအလွှာ၊တွန်းဖယ်လာ သစ်ပင်လေး။* မကြောက်မရွံ့ဖြင့်၊နောက်မတွန့် နှင့် ခက်ခဲမှုအပေါ် လွှား၍ကျော် အောင်ပန်းပွင… Read More
  • တော်တော်ရွဲ့ တဲ့ လူကြီးးးးးးးးအာဏာ သိမ်းရဲ သိမ်းကြည့်ပါလားပြောတော့ကောက်သိမ်းလိုက်တာ မိုးလင်းမှပဲ သိတယ်အာဏာ စသိမ်းတော့ US က လာနေပြီးလို့ ပြောလို့၉၉ ကျွန်းသွားပြီး ပြောင်ပြတယ်အင်တာပိုက ဖမ်းမယ်ပြောတော့ အာစီယံ အစည်းဝေးသွားတတ်ပြီးရီ ပြတယ်UN က လက်နတ်တွေ မရောင်း… Read More