Friday, July 9, 2021

၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ပြန်လည်စစ်ဆေးခြင်းများပြီးစီးခဲ့ပြီထင်ပါတယ် ။


ရွေးကောက်ပွဲလုပ်ခဲ့တဲ့မြို့နယ် ၃၁၅ မြို့နယ်ကို ၅ လလောက်အချိန်ယူစစ်ဆေးပြီးတဲ့အခါမှာတော့ မဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ၂၉ . ၅၄% ( ၁၁၃၀၅၃၉၀ မဲ ) ဟာ မသမာမဲတွေဖြစ်တယ်လို့ရွေးကော်က တရားဝင်ထုတ်ပြန်လိုက်ပါပြီ ။

ဒါက ဥပဒေ လုပ်ထုံးတွေနဲ့မညီတဲ့မဲ အရေအတွက်ပဲရှိပါသေးတယ် ။

ရွေးကောက်ပွဲမတိုင်မီ ၅ နှစ်အလိုလောက်ကစခဲ့တဲ့ ဥပဒေနဲ့မညီတဲ့ ညှွန်ကြားချက် ၊ဆောင်ရွက်ချက် ၊ လွှမ်းမိုးစွက်ဖက်မှုတွေ လဲ သက်သေတွေ အထောက်အထားတွေနဲ့လာဦးမှာပါ ။
ငြင်းမယ်ဆိုရင်လဲ ငြင်းဆိုမှုအတွက်အထောက်အထားရှိရပါမယ် ။ 

------- 

လွန်ခဲ့တဲ့ ၅ နှစ်တာအတွင်း
ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေ စည်းကမ်းကလနားတွေဘေးချိတ်ပြီး တိုင်းပြည်ကိုဒီမိုကရေစီတည်ဆောက်မယ့်လုပ်ရပ်တွေကို ပြည်ခိုင်ဖြိုးကသတိနဲ့စောင့်ကြည့်ခဲ့သလို -
စည်းဖေါက်ရင်လဲ မှတ်တမ်းတင်ပါတယ် ၊ထောက်ပြပါတယ် ၊ကန့်ကွက်ရှုတ်ချသင့်ရင် ရှုတ်ချပါတယ် ။

ဥပဒေအရနိုင်ငံတော်မှာအထွတ်အထိပ်ဆိုတဲ့ပုဂ္ဂိုလ်ထိအောင် စာပို့ အသိပေး တွေ့ခွင့်တောင်းခဲ့ပါတယ်၊ သူကြိုက်သလိုတုန့်ပြန်ဖို့ ဆုံးဖြတ်ဖို့ကသူ့အပိုင်း ။
အားလုံး မှတ်တမ်းဝင် Recorded, စာအုပ်ထုတ်ထားပြီး ။

-------

ရွေးကောက်ပွဲကာလ 
ထင်ထားတာထက်ပိုမို လွန်ကဲတဲ့ ထီမထင်တဲ့လုပ်ရပ်များစွာကြောင့်
ရလဒ်ဟာမျှတမှုမရှိ၊အမှန်တရားပေါ်ပေါက်တဲ့ထိကြိုးပမ်းဖို့ပါတီဝင်တွေ ဝန်းရံသူတွေကိုတိုက်တွန်း အားပေးရင်း၊

မိထ္ထိလာမဲဆန္ဒနယ်က ဆရာDrမောင်သင်းတို့ရဲ့စဉ်းစားတွေးခေါ်မှု နည်းပညာအကူအညီနဲ့ကြိုးပမ်းအားထုတ်မှုတွေကစပြီး မသမာမှုတွေကိုဆက်တိုက်ဖေါ်ထုတ် ၊တွေ့ရှိချက်တွေကို ရှင်းလင်းတင်ပြခဲ့ပါတယ်။

--------

ဖြစ်ပွားပေါ်ပေါက်သမျှဥပဒေမဲ့လုပ်ရပ်အားလုံးကို
ဥပဒေနဲ့အညီပဲ

ရဲအရေးပိုင်တာကို ရဲစခန်း ၊ ကော်မရှင်နဲ့ဆိုင်ရင်ကော်မရှင်ကိုတိုင်ကြားပါတယ်။

တရားလွှတ်တော်ချုပ်ကိုစာချွန်တော်လျှောက်ထားပါတယ် ။
စုစုပေါင်း ရဲစခန်းတိုင် ၁၁၇ မှု ၊ကော်မရှင်တိုင်  ၁၁၀၉ မှု ၊စာချွန်တော် ၆၅ စောင် ။

တရားမဲ့လုပ်ရပ်များဆောင်ရွက်ခဲ့ခြင်းရှိ မရှိလွှတ်တော်မှာအပြန်အလှန်ပွင့်ပွင့်လင်းလင်းဆွေးနွေးရအောင် လွှတ်တော်ခေါ်ပေးဖို့ သမ္မတနဲ့လွှတ်တော်နာယကဆီ အိတ်ဖွင့်စာပို့ပါတယ် ။

နောက်နှစ်ရက်အကြာမှာတော့ လွှတ်တော်ကိုယ်စားလှယ် ၂၀၃ ယောက်စုပေါင်းလက်မှတ်ထိုးပြီး လွှတ်တော်ခေါ်ယူရေးကိစ္စ နာယကဆီ စာပို့တောင်းဆိုကြပါတယ်။

--------

ဘောလုံး ၊ဘော်လီဘော ၊ကြက်တောင် ဘာပဲကစားကစား သတ်မှတ်စည်းကိုကျော်ဖို့မပြောနဲ့ ထိလို့တောင်မရ ထိရင်ပြစ်ဒဏ် foul .
ထုပ်ဆီးတိုးတဲ့အခါသတ်မှတ်စည်းကျော်ရင် foul မြန်မာလိုတော့ ထမင်းရည်ပူလောင်ပါသတဲ့ ။

--------

စိတ်ခံစားမှုတွေ ၊ဖြစ်စေချင်တာတွေ ၊ အားမရတာတွေ ၊ ကိုယ့်သဘောနဲ့မညီတာတွေဟာ ကျနော်တို့လူ့အသိုင်းအဝန်းမှာ ဒုနဲ့ဒေးပါ ။

--------

ဥပဒေတွေ ၊စည်းမျဉ်းစည်းကမ်းတွေ ၊ထုံးတမ်းစဉ်လာတွေကိုတန်ဖိုးထားတတ်မှ အဆင့်မီတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ကို ထူထောင်နိုင်ကြလိမ့်မယ် ထင်ပါတယ်ခင်ဗျာ ။

#ဦးသန်းဌေး (USDP)