Sunday, July 4, 2021

ကျနော်လည်း ဘာမှ မဟုတ်ပါ


          ကျနော့် ACC အမည်ဟာ fb မှာ အလွန်ပေါများလှတဲ့ အမည်ဖြစ်ပါတယ် ။ 

        အမည်တူ များလွန်းတော့ လိုက်ရှာလို့လည်း တွေ့ဖို့ ခက်ခဲလှပါတယ် ။ 

      ကျနော် ကိုမျိုးဝင်း ဆိုတဲ့ အမည် နဲ့ ကျနော့်ရဲ့ ပရိုဖိုင် တွဲပြီး page တခု ရှိပါတယ် ၊ page ကလည်း ခဏခဏ ပျက်ပါတယ် ။ အသစ်ပြန်ဖွင့်ပြီး တင်နေပါတယ် ။ လောလောဆယ် အပိတ်ခံထားရလို့ မတင်ဖြစ်တာပါ ။

       နောက်ပြီး ကျနော့် ပရိုဖိုင် နဲ့ ပဲ APK တခု ဖွင့်ထားပါတယ် ။ အခုရေးနေတဲ့ ငယ်ဘဝ အကြောင်း ထပ်တင်ပေးပါမယ် ။ 

     ကျနော်နဲ့ အမည်တူတွေ ရှိပါတယ် ။ သူတို့လည်း မျိုးချစ် မိတ်ဆွေတွေ ဆိုတော့ ကျနော့် ပို့စ် အချို့ နဲ့ အခြား ပို့စ်တွေ ပြန်တင်တော့ လူမှားတတ်တာ ပြဿနာ မရှိပါဘူး ။ 

         အခု ပြောချင်တာက ကိုမျိုးဝင်း စာပေ လူ့မိတ်ဆွေ ဆိုတဲ့ ဂရု တခု တွေ့နေရပါတယ် ။ နာမည်က ပြဿနာမရှိပါဘူး ၊ ပြဿနာက ကျနော့် ပရိုဖိုင်ကို တွဲတင်ထားတာ ပြဿနာဖြစ်နေပါတယ် ။ 

        အဲဒီဂရု က ဘယ်သူထောင်ထားသလဲ ကျနော်မသိပါဖူး ။ ကျနော့် ပို့စ် တွေ ကော်ပီတင်ထားတာလည်း တွေ့ရသလို အခြား အမျိုးသားရေး ပို့စ် တွေ လည်း တင်နေပါတယ် ။ 

        ဂရုတည်ထောင်သူ မိတ်ဆွေ အနေနဲ့ ပရိုဖိုင် ချိန်းပေးစေလိုပါတယ် ။ သူများရေးတဲ့ ပို့စ်  သူများတင်တဲ့ သတင်းတွေ နဲ့ ကျနော် ထောင်ကျ မခံနိုင်ပါဘူး ။ 

          ကျနော် ၅ နှစ်လုံး ဒေါ်စုကြည် ၊ ဦးထင်ကျော် ၊ ဦးဝင်းမြင့် ၊ ဗန်ထီးယူ ၊ ဇော်မြင့်မောင် ၊ ဖြိုးမင်းသိန်း ၊ ဦးဇော်ဌေး အားလုံးကို နာမည်တပ်ပြီး ပြောင်ပြောင်တင်းတင်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ် ။ 

       မိမိရဲ့ ရရှိထားတဲ့ သတင်းအချက်ကို မိမိယုံကြည်လို့ ပေါ်တင်ရေးသားခဲ့ပါတယ် ။ ယုံကြည်တဲ့ အတိုင်း ၅ နှစ်လုံး တခါမှ တရားစွဲ မခံခဲ့ရပါဖူး ။ 

        ကျနော် အသင်းအဖွဲ့ ဝါသနာ မပါဖူးလို့ ပြောဖူးပါတယ် ။ မိမိရဲ့ ထင်ရာမြင်ရာ တွေးတောကြံဆ ရေးမိသမျှကြောင့် အစုအဖွဲ့ ထိမှာ မလိုလားသလို အစုအဖွဲ့ ထဲက ပေါက်ကရလူအချို့ကြောင့်လည်း ကျနော် အထိခိုက် မခံနိုင်ပါဘူး ။ 

       ကိုမျိုးဝင်း စာပေ လူ့မိတ်ဆွေ ဆိုတဲ့ ဂရုဖွဲ့ထားတဲ့ မိတ်ဆွေများ ကျနော့် ပရိုဖိုင်ကို ဖြုတ်ပြီး အခြား ပရိုဖိုင် သုံးစေချင်ပါတယ် ဗျာ ။ အဲဒါလေး ဆောင်ရွက်ပေးပါလို့ မေတ္တာရပ်ခံပါတယ် ။ 

        မျိုးဝင်း

Myowchitnotblog သည်ဦးမျိုးဝင်း နှင့်မဆိုင်ပါ blog ထဲရှိတဲ့စာများသည် online ပေါ်မှကောင်း မယ်ထင်တဲ့စားများကို copy တင်သည့် blogspot တခုမျှတာဖြစ်သည်