Wednesday, July 7, 2021

🟣 အမေရိကန် ရန်လိုတာမဆန်းဘူး


ရေနံရဲ့အခန်းကဏ္ဏက နောက် (၁၀) နှစ်အထိ
ကွယ်ပျောက်မဲ့ပုံမရှိသေးဘူး၊
ကမ္ဘာ့ရေနံ ပိုင်ဆိုင်မှုကိုလေ့လာရင်
ဗီနီဇွဲလားက 300.1 billion barrel  နဲ့အများဆုံး
ဒုတိယက ဆော်ဒီဖြစ်ပြီး 266.5 bb ရှိတယ်၊

စီးပွားရေးတိုးတက်မှုမှာ ရေနံဟာလဲ
အချိုးအစားတခုအဖြစ်ပါဝင်နေတယ်၊
ကမ္ဘာ့ စီးပွားရေး နံပါတ် (၁) ကို အပြိုင်ဖြစ်နေတဲ့
အမေရိကန်နဲ့ တရုတ်တို့ဟာ (36.6) vs (25.6) bb
ဖြစ်နေကြလို့ နှစ်နိုင်ငံလုံး ပြည်ပက ရေနံကို
တင်ပို့နေကြရပါတယ်၊

အမေရိကန်က တိုးတက်မှုမှာ First mover advantage 
ရထားလေတော့... သူ့စစ်ရေးလက်လှမ်းမှီမှုကို
တရုတ်ဝန်းကျင်အထိဖြန့်ကျက်ထားနိုင်လို့
တရုတ်ကို အနှောက်အယှက်ပေးနေနိုင်တာ
ဖြစ်ပါတယ်၊

...............

နောက်တခါ Alliance တွေကိုကြည့်ရင်
Venezuela.            300
Iran.                         158
Russia.                      80
China.                        25
…………………………………………
Total.                     #563. Bb.

US.                              36
Saudi.                      266
Iraq.                          142
Libya.                         48
……………………………………………
Total.                      #492.  Bb.

ရေနံကို များများထုတ်ရောင်းနိုင်တာ
ဗီနီဇွဲလား၊ ဆော်ဒီ၊ အီရန်၊
အရေးပါတာတချက်က ထုတ်လုပ်မှုကုန်ကျစရိတ်
ဆော်ဒီထုတ်လုပ်မှုကအနည်းဆုံးဖြစ်နေတယ်၊

ကမ္ဘာကြီးတည်ငြိမ်မှုမရှိခြင်းမှာ
ထဲ့တွက်ရတဲ့ Key factors တွေထဲက
တခုဆိုတာကို ပြောချင်တာပါ၊

အမေရိကန်-တရုတ် ထိတ်တိုက်ပွဲမှာ
ဘယ်တော့ အရှိန်ကျသွားမလဲဆိုတာကို
တွက်ချက်ရတာ စိတ်ဝင်စားစရာ 
အလွန်ကောင်းလှပါတယ်၊ ရှုပ်လဲရှုပ်ထွေးပါတယ်။
တွက်နည်းတော့မရေးတော့ပါဘူး
ကျွန်တော့တွက်ချက်မှု့အရဆိုရင် (၃-၄) နှစ်မှာ
အရှိန်လျော့သွားပါလိမ့်မယ်၊

#မြန်မာတွေကတော့အိပ်မက်ကောင်းဆဲပါ။

#နေဇင်လတ်  ( 5.7.21 ) 🪀

Related Posts: