Wednesday, July 7, 2021

🦠 World is under attack.


ကမ္ဘာ့ လူသားတွေ Covid တိုက်ခိုက်မှုကို ကောင်းကောင်း
ခံနေကြရပြီ၊  Covid ဟာ....

 * နိုင်ငံတွေရဲ့ စီးပွားရေးကို အပြောင်းအလဲဖြစ်မေယ်
 * နိုင်ငံအဆင့်တွေကို အပြောင်းအလဲဖြစ်စေမယ်
 * အားနည်းတဲ့အစိုးရတွေကို ဆွဲချသွားလိမ့်မယ်လို့

2020 Jan မှာသတိပေးရေးသားခဲ့ပါတယ်၊

ကမ္ဘာမှာ Covid ကူးစက်သူ (၁၈၅) သန်းဖြစ်သွားပြီ
အမေရိကန် အိန္ဒိယ ကူးစက်မှုအများဆုံး၊
အာဆီယံထဲမှာ အင်ဒိုနီးရှား ကူးစက်မှုက
ရုတ်တရက် မြင့်မားလာပြီး၊ ထိမ်းသိမ်းနိုင်မှု
ပေါက်ထွကိမဲ့သဘော တွေ့နေရတယ်၊

မြန်မာမှာလည်း
ထုတ်ပြန်ချက်တွေအရ နေ့စဉ်မြင့်မားလာတာ
မနေ့ကဆို စစ်ဆေးသူရဲ့ ၂၇% လောက်ဖြစ်သွားတယ်
အိန္ဒိယထက် ပိုဆိုးသွားနိုင်တယ်လို့ သတိပေးမှုတွေလဲ
ရှိထားတာ တွေ့ရလို့ အလွန်သတိထားရမဲ့
အခြေအနေလို့ဆိုချင်ပါတယ်၊

ဘတ်ဂျက်၊ ကုသဆေးဝါး၊ ဆရာဝန်၊ အထောက်အကူပြု
ပစ္စည်း ချို့ငဲ့တဲ့ မြန်မာ့လက်ရှိ အခြေအနေဟာ
ပြည်သူတွေအနေနဲ့ပါ ကျန်းမာရေးအသိရှိပြီး
လိုက်နာမှ တော်ရုံကျပါလိမ့်မယ်၊

ဘတ်စ်ကားစီး ဝန်ထမ်းအားလုံးကို
လုပ်ငန်းခွင် မလာကြဖို့နဲ့ စီမံခန့်ခွဲအဆင့်မှာတောင်
လိုအပ်သူပဲ လာဖို့၊ ကျန်တာအားလုံး
work from home လုပ်ကြဖို့ ညွှန်ကြားလိုက်ရပါပြီ။

အားလုံး Covid ကို​ ကျော်လွှားပြီး
ကျန်းမာချမ်းသာကြပါစေ။

#နေဇင်လတ်  (6.7.21 ) 🦠

Related Posts: