Wednesday, July 7, 2021

" တိုင်းပြည်ကို ဒုက္ခပေးမှုပိုမိုပြင်းထန်လာသော NLDရဲ့ လုပ်ဆောင်ချက်အချို့ "


•NLD အာဏာရလာပြီး 
   တိုင်းပြည်ကို အုပ်ချုပ်လာ တာဟာ
  ၂၀၁၆ ခုနှစ် ကထဲကဖြစ်ပါတယ်။

•၂၀၁၆/၂၀၁၇/၂၀၁၈ တို့ထက် 
   ၂၀၁၉ ဟာ တိုင်းပြည်နဲ့ 
    မြန်မာလူမျိုးအပေါ် 
    ဒုက္ခပေး အဖျက်သဘော 
    ဆောင်လာတာ ထင်ထင်ရှားရှား
    တွေ့လာရပါတယ်။

•၂၀၁၈ နှစ်ကုန်ခါနီးတွင် 
    လွှတ်တော်မှာ 
    Global Migration Pact ကို
    လက်မှတ်ထိုးဖို့ အတည်ပြုခဲ့သလို
    မော်ရိုကိုနိုင်ငံမှာ ၂၀၁၈ ဒီဇင်ဘာလက
    လုပ်တဲ့ပွဲမှာလည်း 
    တရားဝင် သဘောတူညီလက်ခံခဲ့ပါတယ်။

•အစိုးရေကတာ့ 
   ဘယ်သူ့အတွက် အဓိကစဉ်းစားပြီး 
   ဒီစာချုပ်ကိုလက်မှတ်ထိုးဖို့
   စဉ်းစားသလဲတော့ မသိပါဘူး။

•သေခြာတာကတော့
   မြန်မာတွေအတွက်မဟုတ်ဘူး
   ဆိုတာပါဘဲ။

•၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ
   စစ်တိုင်း (၅) ခုကို အပစ်အခတ်ရပ်စဲဖို့
   ကြေညာခဲ့ပါတယ်။

၂၀၁၉ခြေလှမ်းများ
=============
. နံပါတ်၁

•ပထမဆုံးကိစ္စကတော့ 
   တပ်မတော်က ရခိုင်ဒေသ
   ထိုးစစ်နဲ့ပက်သက်လို့့
   သတင်းစာ ရှင်းလင်းပွဲပြု လုပ်ခဲ့ပါတယ်။

(အဲဒီသတင်းစာရှင်းလင်းပွဲအပြီးနောက်ပိုင်း 
အောက်ပါ ခြေလှမ်းတွေဟာ ခပ်စိပ်စိပ်
လှမ်းလာတာတွေ့ရပါတယ်)

• နံပါတ်၂

•၂၀၁၉ ခုနှစ်ဇန်နဝါရီလ (၂၉)ရက်မှာ
   NLD ပါတီမှ ဦးအောင်ကြည်ညွှန့်က 
   ဥပဒေနဲ့ မညီဘဲ အရေးကြီးအဆိုအဖြစ်နဲ့
   ခြေဥပြင်ဖို့ကော်မတီဖွဲ့ရန်
   လွှတ်တော်ကိုတင်ပြလာခဲ့ပြီး 
   လွတ်တော်ကလည်း အရေးကြီးအဆို 
   အင်္ဂါရပ်နဲ့့  မညီတဲ့အဆိုကို  
   လက်ခံခဲ့ပါတယ်။

•ထူးခြားတာကတော့ 
   ဦးအောင်ကြည်ညွှန့်အရေးကြီးအဆို
   တင်ခဲ့တဲ့ရက်ဟာ ၂၀၁၇ ခုနှစ် 
   ဇန်နဝါရီလ(၂၉) ရက်နေ့နဲ့
   ကွက်တိဖြစ်နေတာပါ။

• နံပါတ်၃

•NLD အစိုးရက လွှတ်တော်မှာ
   ထပ်မံတင်ပြလာခဲ့တဲ့ 
   ကလေးသူငယ်မွေးစားခွင့်
   ဥပဒေဘဲဖြစ်ပါတယ်။

• နံပါတ်၄

•သာသနာရေးဝန်ကြီးက
   သေခိယသိက္ခာပုဒ်ကို ချိုးဖောက်လျှင်ပင် 
   သံဃာဟု သတ်မှတ်ရန် မသင့်ဘူး
   ဆိုပြီး ကြေညာခဲ့ပါတယ်။

• နံပါတ်၅

•ဆရာတော်ဦးဝီရသူကို 
   မဟနက ခေါ်ယူ သြဝါဒ
   ပေးမယ့်အစီအစဉ်ကိုဖျက်ပြီး 
   ဖမ်းဝရမ်းထုတ်ခဲ့တာဖြစ်ပါတယ်

• နံပါတ်၆

•အင်းစိန်ရွာမ ဆရာတော်ကြီး
   မဟန သွဝါဒစရိယ ကို
   ဆရာတော်ထက် အဆင့်နိမ့်တဲ့ 
   မဟနထံ သြဝါဒ ခံယူခိုင်းခဲ့တာ
   ဖြစ်ပါတယ်။

္တ• နံပါတ်၇

•ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း
   ဆိုင်းဘုတ်ကို အပြီးတိုင်ဖြုတ်ချခိုင်း
   ခဲ့တာဖြစ်ပါတယ်။

• နံပါတ်၈

•NLD လွှတ်တော်ကိုယ်စားလှယ်တွေ
   ဖြေရှင်းပေးနေတဲ့ မကွေးတိုင်း 
   ရေနံချောင်းမြို့နယ် ဖရဲကျွန်းကျေးရွာက 
   လူတွေအစုလိုက် အပြုံလိုက် 
   အသတ်ခံရတာဖြစ်ပါတယ်။

• နံပါတ်၉

•ဖရဲကျွန်းရွာသားတွေ ကိစ္စ 
   တစ်နိုင်ငံလုံး စိတ်ဝင်းစားနေချိန်မှာ
   နေပြည်တော်က ဗစ်တိုးရီးယားကိစ္စ
   ပေါ်ပေါက်လာခဲ့ပါတယ်။

• နံပါတ်၁၀

•မြန်မာဘင်္ဂလားနယ်စပ်ခြံစည်းရိုးခတ်ဖို့
   လှူဒါန်းတဲ့သူတွေကို စီးပွားရေးအရ
   အရေးယူဖို့ အမေရိကန်က 
   လုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင်ချက်
   ဖြစ်ပါတယ်။

• နံပါတ်၁၁

•ပြည်ထောင်စုဝန်ကြီးတစ်ဦး
   ရခိုင်ကိုသွားတဲ့ ကိစ္စက
   ရွှေ့ပြောင်းတိုင်းရင်းသားများဆိုပြီး
   တိုင်းရင်းသား တစ်မျိုးထပ်တိုးဖို့
   သွေးတိုးစမ်းခဲ့တဲ့ ကိစ္စဘဲဖြစ်ပါတယ်။

• နံပါတ်၁၂

•အခြေခံဥပဒေနဲ့ မညီတဲ့ (၄၅)ဦး
   ကော်မတီအဖွဲ့ရဲ့အစီရင်ခံစာကို 
   လွှတ်တော်က လက်ခံခဲ့တာဖြစ်ပါတယ်။

• နံပါတ်၁၃

   ပြင်ဦးလွင်က DSTA နဲ့ နောင်ချို
   မူးယစ်ဂိတ်တွေကို တိုက်ခိုက်တဲ့
   ဖြစ်စဉ်မှာ NLDပြောရေးဆိုခွင့်ရှိသူ
   မျိုးညွှန့်နဲ့ နောင်ချို NLD အမတ်ရဲ့
   ပြောစကားတွေဖြစ်ပါတယ်။
(ဒီလုပ်ရပ်ဟာ NLD နဲ့တစ်သားထဲ
ဖြစ်တယ်ဆိုတာကိုမြောက်ပိုင်းအဖွဲ့တွေ
ကလည်းပြောဆိုထားပါတယ်)

• နံပါတ်၁၄

•လူသတ် တံတားဖျက် ကားတွေမီးရှို့
   အကြမ်းဖက်တဲ့ အဖွဲ့ကို 
   အကြမ်းဖက်အဖွဲ့အဖြစ် မကြေညာဘဲ
   ငြိမ်းချမ်းရေးဆွေးနွေးခဲ့တာဖြစ်ပါတယ်။

• နံပါတ်၁၅

•မီတာခတွေ ပြည်သူ့ထံကနေ
   အဆမတန် တိုးမြှင့်ကောက်ခံ
   ခဲ့တာဘဲဖြစ်ပါတယ်။

• နံပါတ်၁၆

•NLD အစိုးရအနေနဲ့(၃)ကြိမ်ပြိုင် 
   (၃)ခါ မဲရှုံးတဲ့ ဆိပ်ကမ်းမြို့နယ်ကို
   ဖျက်သိမ်းဖို့လုပ်ဆောင်လာတာ
   ဖြစ်ပါတယ်။

• နံပါတ်၁၇

•လွှတ်တော်မှာ မြန်မာနိုင်ငံသား
   အကျိုးစီးပွားထက် တိုင်းတစ်ပါး
   ရွှေ့ပြောင်းကလေးတွေကို 
   နိုင်ငံသားဖြစ်ခွင့် မဖြစ်မနေပေးရမည့်
   ICCPR လက်မှတ်ထိုးဖို့ ကိစ္စဖြစ်ပါတယ်။

•ဒီအချက်တွေဟာ (၂၀၁၉) မှာ
   ခပ်စိပ်စိပ် ဖြစ်လာနေတာပါ။

• အထက်ပါအချက်တွေကို
    ခေါင်းစဉ်ဖြင့်ခွဲလျှင်-
1.ဘာသာရေးကိစ္စ …  (၄ ) ချက်
       နံပါတ် (၄။၅။ ၆။ ၇)

2.လူမှုရေး ကိစ္စ ………( ၄ ) ချက်
     နံပါတ် (၈ ။ ၉ ။ ၁၁။ ၁၅)

3.အကြမ်းဖက်ကိစ္စ……( ၄) ချက်
     နံပါတ် (၁။ ၁၀ ။ ၁၃ ။ ၁၄ )

4.ခြေဥနှင့်တိုင်းတစ်ပါးသားကိစ္စ 
                    …………(၅ ) ချက်
     နံပါတ်( ၂။ ၃ ။ ၁၂ ။ ၁၆ ။ ၁၇)

•စုစုပေါင်း (၁၇) ချက်
   အကျဉ်းချုပ်အနေနဲ့
   မှတ်မိ ထားပါတယ်။

{ဒီအချက်တွေဟာ ပြည်သူတွေအတွက်
 အကျိုးရှိ/မရှိ လေ့လာလို့ရပါတယ်။}

• ဘာကြောင့်၂၀၁၉မှာ
   ဒီလောက်ဖြစ်လာသလဲ?

•ဖြစ်နိုင်တာကတော့…

• ၂၀၂၀ရွေးကောက်ပွဲမှာအနိုင်ရဖို့
   ပြည်သူတွေထံက သန့်ရှင်းတဲ့မဲထက် 
   ငွေကြေးအထောက်အပံ့ ရလိုလို့ 
   လုပ်နေတာဖြစ်တယ်လို့
  သုံးသပ်နေသူတွေ ရှိပါတယ်။
  (ဘယ်အဖွဲ့လဲတော့မသိပါ)

• နောက်တစ်ခုကတော့…

•၂၀၁၉ ဇန်နဝါရီလမှာ 
   တပ်မတော်သတင်းမှန်ပြန်ကြားရေးက
   အမှန်ကိုထုတ်ပြောလိုက်တဲ့စကားကို
   မကြိုက်လို့နံပါတ် (၂) ကိစ္စကို
   တပ်မတော်အားတုန့်ပြန်တိုက်ခိုက်တာ 
   လို့လည်းယူဆကြပါတယ်။

• ဘာကြောင့်ဒီလိုယူဆကြသလဲ?

•၂၀၁၆ ကနေ ၂၀၁၈ အထိ 
   NLD အစိုးရရဲ့ခြေလှမ်းတွေဟာ-
     -ဘင်္ဂါးလော ဖျက်သိမ်းခြင်း 
     -ဧည့်စားရင်းဥပဒေဖျက်သိမ်းခြင်း
     -နိုင်ငံတော်အားနှောက်ယှက်ဖျက်ဆီး
      လိုသူများ၏အန္တရာယ်မှ ကာကွယ်ခြင်း
      ဥပဒေဖျက်သိမ်းခြင်း
     -နောက်ယောင်ခံဥပဒေကိုဖျက်သိမ်းခြင်း
     -မူးယစ်ဥပဒေပြင်ဆင်ခြင်း
•စသည်တို့ကိုလည်း 
   အာဏာရပြီး ခပ်စိပ်စိပ်
   ပြင်ဆင်ခဲ့ပေမယ့် ပြည်တွင်း
   ပြည်ပအကျိုး ရောယှက်နေလို့
   ပြည်သူအများစုက မကြိုက်လို့
   ထူးထူးခြားခြား ကန့်ကွက်ခဲ့ကြပေမယ့်
   အတည်ပြုပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။

• အထူးခြားဆုံးကတော့-

•တပ်မတော်သတင်းမှန် 
   ပြန်ကြားရေးအဖွဲ့က 
  ၂၀၁၉ခု ဇန်နဝါရီလမှာ 
  သတင်းစာရှင်းလင်းပွဲလုပ်တော့
  "အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်က
   ဒီကိစ္စကိုညွှန်ကြားတာဖြစ်ပါတယ်"လို့
  ပြောဆိုအပြီး သမတရုံးက
  သတင်းစာရှင်းလင်း ပွဲလုပ်ရာမှာ 
 "ဒါဟာ Previlege message ဖြစ်ပါတယ်"
  ဆိုပြီးတုန့်ပြန်ခဲ့ပါတယ်။

•တပ်မတော်အနေနဲ့
  ၂၀၁၇ က ရခိုင်ပြည်နယ်အတွင်း
  သောင်းကျန်းလာသူတွေကို 
  နိုင်ငံသားများအတွက် ကာကွယ်ရင်း 
  အစိုးရရဲ့ ရပ်တည်မှုပေါ်အခြေခံ၍ 
  ICC အထိ အတင်ခံခဲ့ရတဲ့
  အတွေ့အကြုံရှိခဲ့တော့ ဒုတိယအကြိမ်မှာ 
  အဖြစ်မှန်အတိုင်း
  ပြောကိုပြောရမှာဖြစ်ပါတယ်။
(ဒါလည်းသတင်းသမားကမေးလာလို့
 ဖြေရတာ ဖြစ်ပါတယ်)

• ဘာကြောင့်လဲ?

•တစ်ဖက်မှာ NLD အစိုးရဟာ 
  ကာကွယ်ရေးဦးချုပ်ကို အမိန့်ပေးလို့
  မရပါဘူးလို့ လော်ဘီတွေကလည်း
  အော်ကြသလို ကိုဖီအာနန်ကိုလည်း 
  ဒီအတိုင်းပြောခဲ့ကြတယ်လို့ ဆိုပါတယ်။

•ဒီစကားအတိုင်းဘဲ 
   မြန်မာနိုင်ငံကို အစိုးရ(၂) ရပ်ဆိုပြီး 
   တပ်မတော်ကို သီးသန့် 
   ဖိအားပေး နေကြတာဖြစ်ပါတယ်။

• အဖြစ်မှန်က-

•နိုင်ငံတော်ကာကွယ်ရေးကို
   လုပ်ဆောင်ရာမှာ တပ်မတော်ကသာ
   လုပ်ဆောင်ရတာဖြစ်ပေမယ့် 
   တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
   ဟာလည်း ကာကွယ်ရေးဝန်ကြီးက
   တစ်ဆင့် နိုင်ငံတော်သမ္မတဆီကို 
   လုပ်ဆောင်သမျှ အစီရင်ခံရပါတယ်။

•သမ္မတက သဘောမတူလျှင် 
   သဘောထားမှတ်ချက် သို့မဟုတ် 
   အမိန့်ထုတ်၍ ကန့်ကွက်တားဆီးလို့
   ရပါတယ်။

•သမ္မတအမိန့်ကို 
   ကာကွယ်ရေးဦးစီးချုပ်က 
   မလိုက်နာမှသာ တပ်မတော်ရဲ့
   လုပ်ဆောင်ချက်က အစိုးရရဲ့
   လုပ်ဆောင်ချက်မဟုတ်ဘူးလို့
   ငြင်းလို့ ရမှာပါ။

•ဒီလိုတရားဝင်အမိန့်
   မထုတ်ပြန်ခဲ့တော့ သမ္မတက
   သဘောတူသည်ဖြစ်စေ 
   မတူသည်ဖြစ်စေ သမ္မတက
   နိုင်ငံတော်ရဲ့အကြီးအကဲဖြစ်လို့
   တာဝန်ရှိပါတယ်လို့ မိမိအနေနဲ့
   ယူဆပါတယ်။

• တပ်မတော်ရဲ့ရပ်တည်ချက်-

•မူလစတင်ဖွဲ့စည်းကထဲက
   ရည်ရွယ်ချက်အရ၄င်း
  ၂၀၀၈ အခြေခံဥပဒေအရ၄င်း 
   တပ်မတော်သည်
   ပြည်တွင်းပြည်ပရန်စွယ်ဟူသမျှကို
   ချေမှုန်းရမည်ဟု ခံယူထားသည်။

•အခြေခံဥပဒေအရ 
   သမ္မတသည်သာ နိုင်ငံတော်ရဲ့
   အကြီးအကဲဖြစ်သောကြောင့် 
   တပ်မတော်ရဲ့လုပ်ဆောင်ချက်သည်
   နိုင်ငံတော်အစိုးရ၏ လုပ်ဆောင်ချက်အဖြစ်
   မှတ်ယူသည်ဟု(မိမိ)ထင်မြင်သည်။

•အကယ်၍ 
   တပ်မတော်ရဲ့လုပ်ဆောင်ချက်ကို
   အစိုးရေကသဘာမတူပါက 
   နိုင်ငံတော် သမ္မတအနေဖြင့် 
   အမိန့် ပေးပိုင်ခွင့်ရှိသည်။

(လိုက်နာခြင်း မလိုက်နာခြင်းက 
 တပ်မတော်ရဲ့ တာဝန်သာဖြစ်သည်။)

• ၂၀၁၇ရခိုင်ပြဿနာနဲ့အစိုးရရဲ့
    ရပ်တည်ချက်-

•၂၀၁၇ သြဂုတ်လ(၂၉)ရက်မှာ 
   တဖက်နိုင်ငံက အကြမ်းဖက်သမားတွေက 
   လုံခြုံရေးစခန်း (၃၀)ကျော်နဲ့ 
   ရခိုင် မြို ဒိုင်းနက် ဟိန္ဒူ ရွာတွေကို 
   ဝင်ရောက်တိုက်ခိုက် ခဲ့တော့
   ရခိုင်ပါတီ ဒေါက်တာအေးမောင်နဲ့အဖွဲ့ဟာ
   အစိုးရကို ဒေသခံများအတွက်
   ထိရောက်တဲ့လုံခြုံရေးအစီအစဉ်တွေ
   လုပ်ပေးဖို့ တောင်းဆိုခဲ့သလို
   လွှတ်တော်မှာလည်း လွှတ်တော်ဥက္ကဋ္ဌ
   ဦးဝင်းမြင့်(ယခုသမ္မတကြီး)က 
   ရခိုင်ဒေသမှာ အကြမ်းဖက်အဖွဲ့ မရှိဘူးလို့
   လွှတ်တော်မှာ ငြင်းဆိုခဲ့ပါတယ်။

•ဒေသခံ မိမိလူမျိုးတွေရဲ့ 
   အသက်ကို ကာကွယ်ဖို့
   လက်ရှိအာဏာရအစိုးရကို 
   အားကိုးလို့ မရေတာ့တဲ့အခါ 
   ဒေါက်တာအေးမောင် 
   ဦးဆောင်တဲ့အဖွဲ့ဟာ ကာကွယ်ရေး
   ဦးစီးချုပ်ထံ တိုက်ရိုက်အကူအညီ
   တောင်းခံခဲ့တာဖြစ်ပါတယ်။

• မတူအခက်တူအခက်နဲ့လူလဲ

•အစိုးရအဖွဲ့က မကူညီလို့
   တပ်မတော်ကို တိုက်ရိုက်အကူအညီ
   တောင်းခံမှုကို အစိုးရအနေနဲ့
   လူသိရှင်ကြားလည်း မထောက်ခံရဲသလို 
   လူသိရှင်ကြားလည်း မကန့်ကွက်ရဲဘဲ
   ရေငုံနှုတ်ပိတ်နေခဲ့ သည်ဟုယူဆပါတယ်။

•ထိုအချိန်က
   နိုင်ငံတော်သမ္မတမှာ ဦးထင်ကျော်
   ဖြစ်ပါတယ်။

•ထိုသို့ ရေငုံနှုတ်ပိတ်နေမှုကြောင့် 
   တိုင်းရင်းသားတွေအပေါ် 
   မရက်စက်တတ်သော ဦးထင်ကျော်အား 
   သမ္မတ ရာထူးမှဖြုတ်ချ၍ 
   လက်ရဲဇက်ရဲရှိသော ဦးဝင်းမြင့်အား 
   သမ္မတ ရာထူးပေးတာ ဖြစ်နိုင်သည်ဟု 
   အမေရိကန်နိုင်ငံ တောင်ကယ်ရိုလိုင်းနား
   ပြည်နယ်မှ မြန်မာနိုင်ငံတွင် 
   နိုင်ငံရေးသင်တန်းများပို့ချခဲ့သူ တစ်ဦးက
   ဆိုပါတယ်။

• စတက်ကထဲကယဉ်သကို…

•ဦးဝင်းမြင့်သမ္မတဖြစ်လာပြီးနောက် 
   တစ်ပါတ်လောက် အကြာမှာ 
   ပထမဆုံး ဖျက်သိမ်းခဲ့သော ဥပဒေမှာ
   ဘင်္ဂါးလောဟုခေါ်သော
   အမျိုးပျက်ယွင်းခြင်းဥပဒေကို 
   လက်သွက်ခြေသွက်
   ဖျက်သိမ်းခဲ့ခြင်းဖြစ်ပါတယ်။

•ဒီအချက်တွေကို လေ့လာကြည့်လျှင် 
   ဘယ်သူက
   တိုက်းပြည်ရဲ့အကျိုးကို 
   ဘယ်လိုထိထိရောက်ရောက် လုပ်နေပြီး 
   ဘယ်သူက တိုင်းပြည်နဲ့
   ပြည်သူတွေအပေါ် 
   ဒုက္ခမျိုးစုံကြုံရအောင်
   ကစားကွက်အမျိုးမျိုး ပုံဖော်နေ
   သလဲဆိုတာသိနိုင်ပါတယ်။

• ကမ္ဘာမီးမလောင်ခင်က -

•လူပုဂ္ဂိုလ်ဖြစ်စေ 
   အစိုးရအဖွဲ့ဖြစ်စေ 
   ဘာလုပ်လုပ်
   နိုင်ငံသူနိုင်ငံသားများ အကျိုးကို
   ရှေ့ရှု၍ လုပ်ကိုင်သင့်ကြပြီး 
   နိုင်ငံသားအကျိုးထက် 
   တိုင်းတစစ်ပါးသားအကျိုးစီးပွားကို 
   ဦးစားပေးသူများကို
   နိုင်ငံရဲ့ထိပ်တန်းနေရာများမှာ 
   မရွေးချယ်သင့်ပါ။

•တစ်ချို့က 
   မိမိပါတီအာဏာရရေးအတွက်
   ပြည်သူလူထုကို ဒုက္ခတွေပေး 
   ထိုးကျွေးပြီး နိုင်ငံရေးကစား
   ကြရင်တော့ဖြင့် ကမ္ဘာမီးမလောင်ခင်က
   သားသမီးကိုတောင် ချနင်းနေကြသည်ကို
   သတိပြုသင့်လှပါတယ်။

ဤအချက်များသည် 
ယနေ့ (11-9-2019) နေ့အထိ 
မိမိမှတ်မိသော အရေးကြီးခြေလှမ်းများ
ဖြစ်ပါတယ်။

နောက်ထပ်ဘာခြေလှမ်းတွေ
လှမ်းကြဦးမလဲဆိုတာ ခြေလှမ်းနဲ့
အကွက်ကို ဆင်သူတွေကသာ 
သိပါလိမ့်မည်။

မြန်မာနိုင်ငံသူ နိုင်ငံသားများ 
ယုတ်မာစုတ်ပဲ့သူများရဲ့ 
ကစားကွက်ဘေးမှ 
ကင်းဝေးကြပါစေဟု ဆန္ဒပြုရင်း………

ပြည်စောင့်သူရဲကောင်း
                     
KG